- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
Abraham အကြောင်း ကျမ်းစာအခန်းငယ်များ
အဓိက ကျမ်းစာအခန်းငယ်များ
သွားကြစဉ်တွင်၊ ဣဇာက်သည် အဘအာဗြဟံကို အဘဟုခေါ်လျှင်၊ ငါ့သား၊ ငါရှိ၏ဟု ထူးလေ၏။ ဣဇာက်ကလည်း မီးပါ၏၊ ထင်းလည်းပါ၏။ ယဇ်ရှို့စရာတို့သိုးသငယ်သည် အဘယ်မှာ ရှိသနည်းဟု မေးလျှင်၊
အာဗြဟံက ငါ့သား၊ ယဇ်ရှို့စရာဘို့ သိုးသငယ်ကို ဘုရားသခင်သည် မိမိအဘို့ ပြင်ဆင်တော်မူလိမ့်မည်ဟု ဆိုလေ၏။
ထိုသို့နှစ်ယောက်အတူသွား၍၊ ဘုရားသခင် မိန့်တော်မူသော အရပ်သို့ ရောက်ကြသောအခါ၊ အာဗြဟံ သည် ယဇ်ပလ္လင်ကိုတည်၍ ထင်းကိုခင်းပြီးလျှင်၊ သား ဣဇာက်ကိုချည်နှောင်၍၊ ယဇ်ပလ္လင်၌ ထင်းပေါ်မှာ တင်ထား၏။
မိမိလက်ကို ဆန့်၍ သားကိုသတ်ခြင်းငှါ၊ ထားကို ကိုင်ယူလေ၏။
ထိုအခါ၊ ထာဝဘုရား၏ ကောင်းကင်တမန်က၊ အာဗြဟံ၊ အာဗြဟံဟု ကောင်းကင်ပေါ်က ခေါ်လေ၏။ အာဗြဟံက၊ အကျွန်ုပ်ရှိပါ၏ဟု လျှောက်လျှင်၊
ထိုလုလင်ကို မထိမခိုက်နှင့်။ အလျှင်းမပြုနှင့်။ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သည်ဟု ယခု ငါသိ ၏။ အကြောင်းမူကား၊ သင်၏သား သင်၌တယောက် တည်းသောသားကိုငါတောင်း၍ သင်သည် ငါ့ကိုမငြင်းဟု မိန့်တော်မူ၏။
ထိုအခါ အာဗြဟံသည် မြော်ကြည့်၍ မိမိ နောက်မှ ချုံဖုတ်၌ ချိုညိလျက် ရှိသောသိုးကိုမြင်လေ၏။ ထိုသိုးကိုသွား၍ ယူပြီးလျှင် မိမိသားကိုယ်စား မီးရှို့ယဇ် ပြု၍ ပူဇော်လေ၏။
ထိုအရပ်ကို ယေဟောဝါယိရဟု အာဗြဟံ သမုတ်လေ၏။ ထိုသို့နှင့်အညီ တောင်ပေါ်မှာ ထာဝရ ဘုရားပြင်ဆင်တော်မူမည်ဟု ယနေ့တိုင်အောင် ဆိုလေ့ ရှိသတည်း။
တဖန် ထာဝရဘုရား၏ ကောင်းကင်းတမန် သည် ကောင်းကင်ပေါ်က အာဗြဟံကို ခေါ်လျက်၊
သင်သည် ဤအမှုကိုပြု၍၊ သင်၏သားသင်၌ တယောက်တည်းသောသားကို၊ ငါ့အား မငြင်း သောကြောင့်၊
ငါသည် သင့်အား အစဉ်အမြဲကောင်းကြီး ပေးမည်။ သင်၏အမျိုးအနွှယ်ကိုလည်း ကောင်းကင် ကြယ်ကဲ့သို့၎င်း၊ သမုဒ္ဒရာသဲလုံးကဲ့သို့၎င်း၊ အစဉ်အမြဲ ပွားများစေမည်။ သင်၏အမျိုးအနွယ်သည် ရန်သူတို့၏ မြို့တံခါးများကို အစိုးရလိမ့်မည်။
သင်၏အမျိုးအနွယ်အားဖြင့်၊ လူမျိုးပေါင်း တို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်ဟု ငါ၏ စကားကို သင်နားထောင်သောကြောင့်၊ ငါသည်ကိုယ်ကို ကိုယ်တိုင်တည်၍ ကျိန်ဆို၏ဟု ထာဝရဘုရား၏ အမိန့် တော်ကို ဆင့်ဆိုလေ၏။
ထိုအခါအာဗြဟံသည် ငယ်သားတို့ ရှိရာသို့ ပြန်၏။ သူတို့သည် ထပြီးလျှင် ဗေရာရဗတအရပ်သို့ လိုက်သွားကြ၏။ ထိုအရပ်၌ အာဗြဟံနေလေ၏။
စာရာသည် အသက်တရာနှစ်ဆယ်ခုနစ်နှစ်ရှိ ၏။ ထိုမျှလောက် အသက်ကြီးသော်၊
ခါနာန်ပြည်၊ ဟေဗြုန်မြို့တည်းဟူသော၊ ကိရယ သာဘမြို့၌ သေလေ၏။ အာဗြဟံသည်လည်း စာရာ ကြောင့် ညည်းတွားငိုကြွေးခြင်းငှါ လာ၏။
အာဗြဟံသည် မိမိမယားအသေကောင်ရှေ့က ထ၍၊ ဟေသအမျိုးသားတို့အား၊
ငါသည် သင်တို့ထံမှာ ဧည့်သည်အာဂန္တုဖြစ်ပါ ၏။ ငါ၏မယားအသေကောင်ကို မျက်ကွယ်မြှုပ်မည် အကြောင်း၊ သင်တို့တွင် သင်္ချိုင်းကို ငါ့အားအခွင့်ပေးပါ လော့ဟု ဆို၏။
ဟေသအမျိုးသားတို့က၊ အကျွန်ုပ်တို့သခင်၊ နား ထောင်ပါ။
ကိုယ်တော်သည်၊ အကျွန်ုပ်တို့တွင်၊ ဘုရားသခင် နှင့်ဆိုင်သောမင်း ဖြစ်ပါ၏။ အကျွန်ုပ်တို့၏သင်္ချိုင်းများ တွင် ရွေး၍၊ ကိုယ်တော်၏မယား အသေကောင်ကို သင်္ဂြိုဟ်ပါလော့။ ကိုယ်တော်၏မယားအသေကောင်ကို မသင်္ဂြိုဟ်စေခြင်းငှါ၊ အကျွန်ုပ်တို့တွင် အဘယ်သူမျှ မိမိ သင်္ချိုင်းကို မပေးဘဲမနေပါဟု၊ အာဗြဟံအား ပြန်ပြောကြ ၏။
အာဗြဟံသည် ထ၍၊ ထိုပြည်သားတည်းဟူသော ဟေသအမျိုးသားများရှေ့မှာ ဦးညွှတ်ချလျက်၊
ငါသည် ငါ၏မယားအသေကောင်ကို မျက်ကွယ် မြှုပ်စေခြင်းငှါ သင်တို့ အလိုရှိလျှင်၊ ငါ့စကားကို နား ထောင်ကြပါလော့။
သင်တို့တွင် ငါပိုင်ထိုက်သောသင်္ချိုင်းရှိစေခြင်းငှါ၊ ဇောဟာသား ဧဖရုန်သည်၊ မိမိလယ်ပြင်အစွန်း၌ ရှိသော မပ္ပေလပြေတွင်းကို၊ အဘိုးထိုက်သမျှ ငွေနှင့်ငါ့အား ရောင်းစေခြင်းငှါ၊ ငါ့အတွက်သူ့ကို တောင်းပန်ကြပါလော့ ဟု နှုတ်ဆက်၍ ပြောဆို၏။
ထိုအခါ ဧဖရုန်သည်၊ ဟေသအမျိုးသားတို့တွင် ထိုင်လျက်ရှိ၏။ သို့ဖြစ်၍ မြို့တံခါးသို့ ဝင်သော သူ အပေါင်းတည်းဟူသော ဟေသအမျိုးသား ပရိတ်သတ်၌၊ ဟိတ္တိအမျိုးသားဧဖရုန်က၊ ထိုသို့မဟုတ်ပါ။
အကျွန်ုပ်သခင်၊ အကျွန်ုပ်စကားကို နားထောင် ပါ။ ထိုလယ်ပြင်ကို၎င်း၊ ကိုယ်တော်အား အကျွန်ုပ်ပေး ပါ၏။ အကျွန်ုပ်အမျိုးသားများ ရှေ့၌၊ ကိုယ်တော်အား အကျွန်ုပ်ပေးပါ၏။ ကိုယ်တော်၏ မယားအသေကောင်ကို သင်္ဂြိုဟ်ပါဟု၊ အာဗြဟံအား ပြန်ပြောလေ၏။
အာဗြဟံသည်လည်း၊ ထိုပြည်သားများ ရှေ့မှာ ဦးညွှတ်ချလျက်၊ အကယ်၍ ငါ့စကားကို နားထောင်ပါ။