Abraham အကြောင်း ကျမ်းစာအခန်းငယ်များ: Dwells in Canaan
Dwells in Canaan အကြောင်း အခန်းငယ်များ
ထိုသို့ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ အာဗြံထွက်သွား၍ လောတလည်းလိုက်လေ၏။ အာဗြံ သည် ခါရန်မြို့မှ ထွက်သွားသောအခါ အသက်ခုနစ်ဆယ်ငါးနှစ်ရှိ၏။
အာဗြံသည် မယားစာရဲ၊ အစ်ကိုသားလောတနှင့်၊ ဥစ္စာရတတ်သမျှကို၎င်း၊ ခါရန်မြို့၌ရသော လူတို့ကို ၎င်း၊ ယူပြီးလျှင် ခါနာန်ပြည်သို့ ရောက်ခြင်းငှါ၊ ထွက်သွား၍၊ ထိုပြည်သို့ ရောက်ကြ၏။
အာဗြံသည် ထိုပြည်ကို ရှောင်သွား၍ ရှိခင်အရပ်၊ မောရသပိတ်ပင်သို့ ရောက်လေ၏။ ထိုအခါ၊ ခါနာန်အမျိုးသားတို့သည် ထိုပြည်၌ ရှိကြရ၏။
ထိုအခါ အာဗြဟံ သည် ခါလဒဲပြည်မှထွက်၍ ခါရန်မြို့၌နေ၏။ သူ၏ အဘ သေလွန်သည်ရှိသော်၊ ယခုသင်တို့နေသော ဤပြည်သို့ ထိုမြို့မှ ပြောင်းစေတော်မူ၏။