အကြောင်းအရာသို့ ကျော်သွားရန်

circa 6 BC – AD 30

The Life of Jesus

The eternal Son of God enters history: born in Bethlehem, baptized in the Jordan, crucified at Golgotha, raised on the third day.

3,779 အခန်းငယ် · 4 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ရှင်မဿဲခရစ်ဝင် 17:20ခရစ်နှစ် 32 ခန့်

    သင်တို့သည် ယုံကြည်ခြင်းမရှိသောကြောင့် မနှင်ထုတ်နိုင်ကြ။ ငါအမှန်ဆိုသည်ကား၊ သင်တို့သည် မုန်ညင်းစေ့ခန့်မျှလောက်သော ယုံကြည်ခြင်းရှိလျှင်၊ ထိုတောင်ကို နေရာမှရွေ့လော့ဟုဆိုကြသော်၊ နေရာမှ ရွေ့လိမ့်မည်။ ယုံကြည်ခြင်းရှိလျှင် သင်တို့မတတ်နိုင်သောအမှုမရှိ။

  2. ရှင်မဿဲခရစ်ဝင် 17:21ခရစ်နှစ် 32 ခန့်

    သို့သော်လည်း ဆုတောင်ခြင်း၊ အစာရှောင်ခြင်းမှတပါး အဘယ်သို့သောအားဖြင့်၊ ထိုအမျိုးသည် မ ထွက်တတ်ဟု မိန့်တော်မူ၏။

  3. ရှင်မဿဲခရစ်ဝင် 17:22ခရစ်နှစ် 32 ခန့်

    ဂါလိလဲပြည်၌နေကြစဉ်တွင် ယေရှုက၊ လူသားကို လူတို့လက်သို့အပ်နှံရသောအချိန်နီးပြီ။

  4. ရှင်မဿဲခရစ်ဝင် 17:23ခရစ်နှစ် 32 ခန့်

    သူတို့သည် သတ်ကြလိမ့်မည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏။ သူတို့သည်လည်း အလွန်ဝမ်းနည်းခြင်းရှိကြ၏။

  5. ရှင်မဿဲခရစ်ဝင် 17:24ခရစ်နှစ် 32 ခန့်

    ကပေရနောင်မြို့သို့ရောက်သောအခါ၊ ဗိမာန်တော်အခွန်တည်းဟူသော ဒိဒြမ္မကိုခံသောသူတို့သည် ပေတရုဆီသို့လာ၍ သင်၏ဆရာသည်ဒိဒြမ္မကိုမပေးသလောဟု မေးမြန်းလျှင်၊ ပေးပါသည်ဟု ပေတရုဆို၏။

  6. ရှင်မဿဲခရစ်ဝင် 17:25ခရစ်နှစ် 32 ခန့်

    ပေတရုသည် အိမ်သို့ဝင်သောအခါ၊ ယေရှုသည် တင်ကူး၍၊ အချင်းရှိမုန်၊ သင်သည်အဘယ်သို့ထင်သ နည်း။ လောကီရှင်ဘုရင်တို့သည် အဘယ်သူမှာအခွန်ကိုခံကြသနည်း။ မိမိသားမှာခံကြသလော။ သူတပါးမှာ ခံကြသလော၊ ဟုမေးတော်မူလျှင်၊

  7. ရှင်မဿဲခရစ်ဝင် 17:26ခရစ်နှစ် 32 ခန့်

    ပေတရုက၊ သူတပါးမှာခံကြပါသည်ဟုလျှောက်သော်၊ ယေရှုကလည်းသို့ဖြစ်လျှင် သားမူကား လွတ်ရ ၏။ သို့သော်လည်း ထိုသူတို့သည် ငါတို့ကြောင့်မမှားယွင်းမည်အကြောင်း၊ အိုင်သို့သွား၍ ငါးမျှားကိုချလော့။

  8. ရှင်မဿဲခရစ်ဝင် 17:27ခရစ်နှစ် 32 ခန့်

    ရှေ့ဦးစွာရသောငါးကိုယူ၍ ပစပ်ကိုဖွင့်လျှင်၊ သတာတဲတပြားကိုတွေ့လိမ့်မည်။ ထိုငွေကိုယူ၍ ငါ့အဘို့ နှင့် သင့်အဘို့ ထိုသူတို့အားပေးလော့ဟု မိန့်တော်မူ၏။

  9. ရှင်မဿဲခရစ်ဝင် 18:1ခရစ်နှစ် 32 ခန့်

    ထိုအခါ တပည့်တော်တို့သည် ချဉ်းကပ်၍ ကောင်းကင်နိုင်ငံတော်၌ အဘယ်သူသည်သာ၍ကြီးမြတ် ပါအံ့နည်းဟု မေးလျှောက်ကြသော်၊

  10. ရှင်မဿဲခရစ်ဝင် 18:2ခရစ်နှစ် 32 ခန့်

    သူငယ်တယောက်ကိုခေါ်တော်မူ၍၊ တပည့်တော်တို့အလယ်၌ထားပြီးမှ၊

  11. ရှင်မဿဲခရစ်ဝင် 18:3ခရစ်နှစ် 32 ခန့်

    ငါအမှန်ဆိုသည်ကား၊ သင်တို့သည်ပြောင်းလဲ၍ သူငယ်ကဲ့သို့မဖြစ်လျှင် ကောင်းကင်နိုင်ငံတော်သို့ မ ရောက်ရကြ။

  12. ရှင်မဿဲခရစ်ဝင် 18:4ခရစ်နှစ် 32 ခန့်

    ထို့ကြောင့် အကြင်သူသည် ဤသူငယ်ကဲ့သို့ မိမိကိုမိမိနှိမ့်ချအံ့၊ ထိုသူသည် ကောင်းကင်နိုင်ငံတော်၌ သာ၍ကြီးမြတ်လိမ့်မည်။

  13. ရှင်မဿဲခရစ်ဝင် 18:5ခရစ်နှစ် 32 ခန့်

    အကြင်သူသည် ငါ့မျက်နှာကိုထောက်၍ ဤကဲ့သို့သောသူငယ်တစုံတယောက်ကို လက်ခံ၏၊ ထိုသူ သည် ငါ့ကိုပင်လက်ခံ၏။

  14. ရှင်မဿဲခရစ်ဝင် 18:6ခရစ်နှစ် 32 ခန့်

    ငါ့ကိုယုံကြည်သော ဤသူငယ်တစုံတယောက်ကို အကြင်သူသည်မှားယွင်းစေ၏၊ ထိုသူသည် လည် ပင်း၌ ကြိတ်ဆုံကျောက်ကိုဆွဲ၍ နက်နဲသောပင်လယ်၌ နှစ်မြှုပ်ခြင်းကို ခံရလျှင်အနေသာ၍ကောင်း၏။

  15. ရှင်မဿဲခရစ်ဝင် 18:7ခရစ်နှစ် 32 ခန့်

    မှားယွင်းစရာအကြောင်းများရှိသောကြောင့် လောကီသားတို့သည် အမင်္ဂလာရှိကြ၏။ မှားယွင်းစရာ အကြောင်းရှိရမည်။ သို့သော်လည်း မှားယွင်းစရာအကြောင်းကို ဖြစ်စေသောသူသည် အမင်္ဂလာရှိ၏။

  16. ရှင်မဿဲခရစ်ဝင် 18:8ခရစ်နှစ် 32 ခန့်

    သင်၏လက်ခြေသည် သင့်ကို မှားယွင်းစေလျှင် လက်ခြေကိုဖြတ်ပစ်လော့။ လက်ခြေအစုံနှင့် ထာဝရ မီးထဲသို့ချခြင်းကို ခံရသည်ထက် အင်္ဂါချို့တဲ့၍ အသက်ရှင်ခြင်းသို့ ဝင်စားသော်သာ၍ကောင်း၏။

  17. ရှင်မဿဲခရစ်ဝင် 18:9ခရစ်နှစ် 32 ခန့်

    သင်၏မျက်စိသည်လည်း သင့်ကိုမှားယွင်းစေလျှင်၊ မျက်စိကိုထုတ်ပစ်လော့။ မျက်စိနှစ်ဘက်စုံနှင့် ငရဲမီးထဲသို့ချခြင်းကို ခံရသည်ထက် မျက်စိတဘက်နှင့် အသက်ရှင်ခြင်းသို့ဝင်စားသော် သာ၍ကောင်း၏။

  18. ရှင်မဿဲခရစ်ဝင် 18:10ခရစ်နှစ် 32 ခန့်

    သင်တို့သည် ဤသူငယ်ကို တစုံတယောက်ကို မထီမဲ့မြင်မပြုမည်အကြောင်း သတိရှိကြလော့။ ငါဆို သည်ကား၊ သူတို့၏ကောင်းကင်တမန်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့အဘ၏မျက်နှာတော်ကိုအစဉ် မပြတ်ဖူးမြင်ကြ၏။

  19. ရှင်မဿဲခရစ်ဝင် 18:11ခရစ်နှစ် 32 ခန့်

    ထိုမှတပါး လူသားသည်ပျောက်သောသူတို့ကို ကယ်တင်အံ့သောငှာ ကြွလာသတည်း။

  20. ရှင်မဿဲခရစ်ဝင် 18:12ခရစ်နှစ် 32 ခန့်

    အဘယ်သို့ထင်ကြသနည်း။ သိုးတရာရှိသောသူ၌ သိုးတကောင်သည်လမ်းလွဲ၍ပျောက်လျှင်၊ ထိုသူ သည် ကိုးဆယ်ကိုးကောင်သောသိုးတို့ကို တောင်ပေါ်မှာထားခဲ့ပြီးမှ၊ လမ်းလွဲ၍ပျောက်သော သိုးတကောင်ကို သွား၍ရှာတတ်သည် မဟုတ်လော။

  21. ရှင်မဿဲခရစ်ဝင် 18:13ခရစ်နှစ် 32 ခန့်

    တွေ့ပြီးလျှင်၊ လမ်းမလွဲ၍ပျောက်သောသိုး ကိုးဆယ်ကိုးကောင်၌ ဝမ်းမြောက်ခြင်းရှိသည်ထက်၊ ထိုသိုး တကောင်၌ သာ၍ဝမ်းမြောက်ခြင်းရှိသည်ဟု ငါအမှန်ဆို၏။

  22. ရှင်မဿဲခရစ်ဝင် 18:14ခရစ်နှစ် 32 ခန့်

    ထိုနည်းတူ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် ဤသူငယ်တယောက်ကိုမျှ ပျက်စီးစေ ခြင်းငှာ အလိုတော်မရှိ။

  23. ရှင်မဿဲခရစ်ဝင် 18:15ခရစ်နှစ် 32 ခန့်

    ထို့ကြောင့် သင်၏ညီအစ်ကိုသည် သင့်ကိုပြစ်မှားလျှင်၊ သူ့ဆီသို့သွား၍ နှစ်ယောက်တည်းချင်း သူ၏ အပြစ်ကိုပြ၍ ဆုံးမလော့။ သူသည် သင်၏စကားကိုနားထောင်လျှင် ညီအစ်ကို ကိုရပြီ။

  24. ရှင်မဿဲခရစ်ဝင် 18:16ခရစ်နှစ် 32 ခန့်

    သို့မဟုတ် သင်၏စကားကိုနားမထောင်လျှင်။ လူနှစ်ဦးသုံးဦး သက်သေခံ၍စကားရှိသမျှတို့ကို တည် စေခြင်းငှာ ကိုယ်နှင့်အတူ လူတဦးနှစ်ဦးကိုခေါ်ဦးလော့။

  25. ရှင်မဿဲခရစ်ဝင် 18:17ခရစ်နှစ် 32 ခန့်

    ထိုသူတို့၏စကားကို နားမထောင်လျှင် အသင်းတော်အားကြားပြောလော့။ အသင်းတော်၏စကားကို နားမထောင်လျှင်၊ သာသနာပလူကဲ့သို့၎င်း၊ အခွန်ခံကဲ့သို့၎င်း ထိုသူကိုမှတ်လော့။