circa 6 BC – AD 30
The Life of Jesus
The eternal Son of God enters history: born in Bethlehem, baptized in the Jordan, crucified at Golgotha, raised on the third day.
ဤကာလမှ အခန်းငယ်များ
- ရှင်မဿဲခရစ်ဝင် 16:23ခရစ်နှစ် 32 ခန့်
ကိုယ်တော်သည် မျက်နှာတော်ကိုလှည့်၍ အချင်းရန်သူ၊ ငါ့နောက်သို့ဆုတ်လော့။ သင်သည် ငါတိုက် မိ၍ လဲစရာအကြောင်းဖြစ်၏။ သင်သည် ဘုရားသခင်၏အရာကို စိတ်မစွဲလမ်း၊ လူတို့၏အရာကိုသာ စွဲလမ်း သည်ဟု မိန့်တော်မူ၏။
- ရှင်မဿဲခရစ်ဝင် 16:24ခရစ်နှစ် 32 ခန့်
ထိုအခါ ယေရှုက၊ ငါ၌ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ်ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ် တိုင်ကိုထမ်း၍ ငါ့နောက်သို့လိုက်ရမည်။
- ရှင်မဿဲခရစ်ဝင် 16:25ခရစ်နှစ် 32 ခန့်
အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှာအလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့်အသက်ရှုံး၏၊ ထိုသူသည် အသက်ကို တွေ့လိမ့်မည်။
- ရှင်မဿဲခရစ်ဝင် 16:26ခရစ်နှစ် 32 ခန့်
လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့်ရွေးနိုင်သနည်း။
- ရှင်မဿဲခရစ်ဝင် 16:27ခရစ်နှစ် 32 ခန့်
လူသားသည် မိမိအဘခမည်းတော်၏ ဘုန်းအာနုဘော်ကိုဆောင်လျက်၊ ကောင်းကင်တမန် အခြံအရံ တို့နှင့် ကြွလာတော်မူလတံ့။ ထိုအခါ သူအသီးသီးကျင့်သောအကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ဆပ်ပေး တော်မူလတံ့။
- ရှင်မဿဲခရစ်ဝင် 16:28ခရစ်နှစ် 32 ခန့်
ငါအမှန်ဆိုသည်ကား၊ လူသားသည် နိုင်ငံတော်တည်လျက်ကြွလာတော်မူသည်ကို၊ ဤအရပ်၌ရှိသော သူအချို့တို့သည် မမြင်မှီသေခြင်းသို့မရောက်ရကြဟု တပည့်တော်တို့အား မိန့်တော်မူ၏။
- ရှင်မဿဲခရစ်ဝင် 17:1ခရစ်နှစ် 32 ခန့်
ခြောက်ရက်လွန်သောအခါ ယေရှုသည် ပေတရု၊ ယာကုပ်၊ ယာကုပ်ညီ ယောဟန်တို့ကိုခေါ်၍၊ မြင့်လှ စွာသော တောင်ပေါ်တွင် ဆိတ်ကွယ်ရာအရပ်သို့ ဆောင်ကြွတော်မူ၏။
- ရှင်မဿဲခရစ်ဝင် 17:2ခရစ်နှစ် 32 ခန့်
သူတို့ရှေ့၌ ထူးခြားသောအဆင်းအရောင်နှင့် ပြည့်စုံသည်ဖြစ်၍၊ မျက်နှာတော်သည် နေကဲ့သို့ထွန်း တောက်လျက်၊ အဝတ်တော်သည် အလင်းကဲ့သို့ဖြူလျက်ရှိ၏။
- ရှင်မဿဲခရစ်ဝင် 17:3ခရစ်နှစ် 32 ခန့်
မောရှေနှင့်ဧလိယသည် ထင်ရှား၍ ကိုယ်တော်နှင့်အတူစကားပြောလျက်နေကြ၏။
- ရှင်မဿဲခရစ်ဝင် 17:4ခရစ်နှစ် 32 ခန့်
ထိုအခါ ပေတရုက၊ သခင်၊ ဤအရပ်၌နေဘွယ်ကောင်းပါ၏။ ကိုယ်တော်ဘို့တဲတဆောင်၊ မောရှေဘို့ တဆောင်၊ ဧလိယဘို့တဆောင်၊ တဲသုံးဆောင်ကို အလိုတော်ရှိလျှင် အကျွန်ုပ်တို့သည် ဆောက်လုပ်ပါမည်ဟု လျှောက်လေ၏။
- ရှင်မဿဲခရစ်ဝင် 17:5ခရစ်နှစ် 32 ခန့်
ထိုသို့လျှောက်စဉ်တွင်၊ ထွန်းလင်းသောမိုဃ်းတိမ်သည် ထိုသူတို့ကိုလွှမ်းမိုး၍၊ ဤသူသည် ငါနှစ်သက် မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်။ သူ၏စကားကို နားထောင်ကြလော့ဟု မိုဃ်းတိမ်ကအသံတော်ဖြစ်လေ၏။
- ရှင်မဿဲခရစ်ဝင် 17:6ခရစ်နှစ် 32 ခန့်
တပည့်တော်တို့သည် ကြားရလျှင်၊ ပြပ်ဝပ်၍ အလွန်ကြောက်လန့်ခြင်းရှိကြ၏။
- ရှင်မဿဲခရစ်ဝင် 17:7ခရစ်နှစ် 32 ခန့်
ယေရှုသည်လာ၍ သူတို့ကို လက်နှင့်တို့တော်မူလျက်၊ ထကြ၊ မကြောက်ကြနှင့်ဟု မိန့်တော်မူသော်၊
- ရှင်မဿဲခရစ်ဝင် 17:8ခရစ်နှစ် 32 ခန့်
သူတို့သည် ကြည့်မြော်သဖြင့်၊ ယေရှုတယောက်တည်းမှတပါး၊ အဘယ်သူကိုမျှ မမြင်ကြ။
- ရှင်မဿဲခရစ်ဝင် 17:9ခရစ်နှစ် 32 ခန့်
တောင်ပေါ်မှဆင်းကြသောအခါ ယေရှုက၊ လူသားသည်သေခြင်းမှ မထမြောက်မှီတိုင်အောင်၊ သင်တို့ ယခုမြင်သော ရူပါရုံကို အဘယ်သူအားမျှမပြောကြနှင့်ဟု တပည့်တော်တို့ကို ပညတ်တော်မူ၏။
- ရှင်မဿဲခရစ်ဝင် 17:10ခရစ်နှစ် 32 ခန့်
ထိုအခါ တပည့်တော်တို့က၊ ဧလိယသည် အရင်လာရမည်ဟု ကျမ်းပြုဆရာတို့သည် အဘယ်ကြောင့် ဆိုပါသနည်းဟု မေးလျှောက်ကြလျှင်၊
- ရှင်မဿဲခရစ်ဝင် 17:11ခရစ်နှစ် 32 ခန့်
ယေရှုက၊ ဧလိယသည်အရင်လာ၍ အလုံးစုံတို့ကို ပြုပြင်ရသည်မှန်ပေ၏။
- ရှင်မဿဲခရစ်ဝင် 17:12ခရစ်နှစ် 32 ခန့်
ငါဆိုသည်ကား၊ ဧလိယရောက်လာပြီ။ လူများသည်သူ့ကိုမသိသဖြင့် သူ့အားပြုချင်သမျှကိုပြုကြပြီ။ ထို နည်းတူ လူသားသည်လည်း ထိုလူများလက်၌ ခံရမည်ဟုမိန့်တော်မူသော်၊
- ရှင်မဿဲခရစ်ဝင် 17:13ခရစ်နှစ် 32 ခန့်
ဗတ္တိဇံဆရာယောဟန်ကို အမှတ်ပြု၍ မိန့်တော်မူကြောင်းကို တပည့်တော်တို့သည် နားလည်ကြ၏။
- ရှင်မဿဲခရစ်ဝင် 17:14ခရစ်နှစ် 32 ခန့်
လူအစုအဝေးရှိရာသို့ ရောက်ကြသောအခါ၊ လူတယောက်သည် အထံတော်သို့ချဉ်းကပ်၍ ဒူးထောက် လျက်၊ သခင်၊
- ရှင်မဿဲခရစ်ဝင် 17:15ခရစ်နှစ် 32 ခန့်
အကျွန်ုပ်၏သားကို ကယ်မသနားတော်မူပါ။ ဝက်ရူးနာစွဲ၍ ပြင်းစွာခံစားရပါ၏။ မီး၌၎င်း၊ ရေ၌၎င်း အကြိမ်ကြိမ်လဲတတ်ပါ၏။
- ရှင်မဿဲခရစ်ဝင် 17:16ခရစ်နှစ် 32 ခန့်
တပည့်တော်တို့ထံသို့ ဆောင်ခဲ့၍ သူတို့သည်ချမ်းသာမပေးနိုင်ကြပါဟု လျှောက်လျှင်၊
- ရှင်မဿဲခရစ်ဝင် 17:17ခရစ်နှစ် 32 ခန့်
ယေရှုက၊ ယုံကြည်ခြင်းမရှိ၊ ဖောက်ပြန်သောအမျိုး၊ ငါသည် သင်တို့နှင့်တကွ အဘယ်မျှကာလပတ်လုံး နေရမည်နည်း။ သင်တို့ကို အဘယ်မျှကာလပတ်လုံးသည်းခံရမည်နည်း။ သူငယ်ကို ငါ့ထံသို့ယူခဲ့ကြဟု မိန့်တော် မူ၏။
- ရှင်မဿဲခရစ်ဝင် 17:18ခရစ်နှစ် 32 ခန့်
ယေရှုသည် သူ့ကိုဆုံးမတော်မူလျှင်၊ နတ်ဆိုးသည် သူမှထွက်သွားသဖြင့်၊ ထိုခဏမှစ၍ သူငယ်သည် ကျန်းမာပကတိဖြစ်လေ၏။
- ရှင်မဿဲခရစ်ဝင် 17:19ခရစ်နှစ် 32 ခန့်
ထိုအခါ တပည့်တော်တို့သည် ဆိတ်ကွယ်ရာအရပ်၌ ယေရှုထံတော်သို့ချဉ်းကပ်၍၊ အကျွန်ုပ်တို့သည် ထိုနတ်ဆိုးကိုအဘယ်ကြောင့် မနှင်ထုတ်နိုင်ပါသနည်းဟု လျှောက်ကြသော်၊