အကြောင်းအရာသို့ ကျော်သွားရန်

circa 6 BC – AD 30

The Life of Jesus

The eternal Son of God enters history: born in Bethlehem, baptized in the Jordan, crucified at Golgotha, raised on the third day.

3,779 အခန်းငယ် · 4 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ရှင်မဿဲခရစ်ဝင် 15:12ခရစ်နှစ် 32 ခန့်

    တပည့်တော်တို့သည်ချဉ်းကပ်၍၊ ယခုမိန့်တော်မူသောစကားကို ဖာရိရှဲတို့သည်ကြားသောအခါ စေတနာစိတ်ပျက်ကြသည်ကို သိတော်မူသလောဟုလျှောက်ကြ၏။

  2. ရှင်မဿဲခရစ်ဝင် 15:13ခရစ်နှစ် 32 ခန့်

    ကိုယ်တော်ကလည်း၊ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ၏ခမည်းတော်စိုက်တော်မမူသော အပင်ရှိ သမျှတို့ကို နှုတ်ရလိမ့်မည်။

  3. ရှင်မဿဲခရစ်ဝင် 15:14ခရစ်နှစ် 32 ခန့်

    ထိုသူတို့ကိုရှိပါလေစေ။ သူတို့သည်လူကန်းတို့အား လမ်းပြသောလူကန်းဖြစ်၏။ လူကန်းချင်းတဦးကို တဦးလမ်းပြလျှင်၊ နှစ်ဦးတို့သည် တွင်းထဲသို့ကျကြလိမ့်မည်ဟု မိန့်တော်မူ၏။

  4. ရှင်မဿဲခရစ်ဝင် 15:15ခရစ်နှစ် 32 ခန့်

    ပေတရုကလည်း၊ ထိုဥပမာကို အကျွန်ုပ်တို့အား ဖွင့်ပြတော်မူပါဟုလျှောက်လျှင်၊

  5. ရှင်မဿဲခရစ်ဝင် 15:16ခရစ်နှစ် 32 ခန့်

    ယေရှုက၊ သင်တို့သည် ယခုတိုင်အောင် ပညာမဲ့လျက်နေသေးသလော။

  6. ရှင်မဿဲခရစ်ဝင် 15:17ခရစ်နှစ် 32 ခန့်

    ခံတွင်းသို့ဝင်သမျှသည် ဝမ်းထဲသို့ဆင်း၍ ရေအိမ်တွင် စွန့်ပစ်သည်ကိုနားမလည်ကြသေးသလော။

  7. ရှင်မဿဲခရစ်ဝင် 15:18ခရစ်နှစ် 32 ခန့်

    ခံတွင်းမှထွက်သောအရာမူကား၊ နှလုံးထဲက ထွက်လာ၍ လူကိုညစ်ညူးစေသောအရာဖြစ်၏။

  8. ရှင်မဿဲခရစ်ဝင် 15:19ခရစ်နှစ် 32 ခန့်

    မကောင်းသောကြံစည်ခြင်း၊ လူအသက်ကိုသတ်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်း၊ မိန်းမလွတ်နှင့် မှား ယွင်းခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ မမှန်သောသက်သေကိုခံခြင်း၊ သူ့အသရေကိုဖျက်ခြင်းအရာတို့သည် နှလုံးထဲက ထွက်လာ၍၊

  9. ရှင်မဿဲခရစ်ဝင် 15:20ခရစ်နှစ် 32 ခန့်

    လူကို ညစ်ညူးစေသောအရာဖြစ်ကြ၏။ လက်မဆေးဘဲလျက် အစာကိုစားခြင်းမူကား၊ လူကိုညစ်ညူး စေသည်မဟုတ်ဟု မိန့်တော်မူ၏။

  10. ရှင်မဿဲခရစ်ဝင် 15:21ခရစ်နှစ် 32 ခန့်

    ယေရှုသည် ထိုအရပ်မှထွက်၍ တုရုမြို့နှင့် ဇိဒုန်မြို့၏ ကျေးလက်သို့ကြွတော်မူလျှင်၊

  11. ရှင်မဿဲခရစ်ဝင် 15:22ခရစ်နှစ် 32 ခန့်

    ခါနာန်အမျိုးဖြစ်သောမိန်းမတယောက်သည် ထိုနယ်စပ်မှထွက်လာ၍၊ ဒါဝိဒ်၏သားတော်ရှင်၊ ကျွန်မ ကို သနားတော်မူပါ။ ကျွန်မ၏သမီးသည် နတ်ဆိုးနှိပ်စက်ခြင်းကို ပြင်းစွာခံရပါသည်ဟု ဟစ်ကြော်သော်လည်း စကားတခွန်းမျှ ပြန်တော်မမူ။

  12. ရှင်မဿဲခရစ်ဝင် 15:23ခရစ်နှစ် 32 ခန့်

    တပည့်တော်တို့သည်ချဉ်းကပ်၍၊ ထိုမိန်းမပြန်သွားရသောအခွင့်ကို ပေးတော်မူပါ။ ငါတို့နောက်သို့ လိုက်၍ ဟစ်ကြော်လျက်နေပါသည်ဟု တောင်းလျှောက်ကြ၏။

  13. ရှင်မဿဲခရစ်ဝင် 15:24ခရစ်နှစ် 32 ခန့်

    ကိုယ်တော်ကလည်း၊ ဣသရေလအမျိုးအဝင် ပျောက်လွင့်သောသိုးများမှတပါး အခြားသောအမျိုးရှိ ရာသို့ ငါ့ကိုမစေလွှတ်ဟု မိန့်တော်မူ၏။

  14. ရှင်မဿဲခရစ်ဝင် 15:25ခရစ်နှစ် 32 ခန့်

    ထိုမိန်းမသည် ချဉ်းကပ်၍ပြပ်ဝပ်လျက် ကျွန်မကို ကယ်တော်မူပါသခင်ဟု လျှောက်ပြန်လျှင်၊

  15. ရှင်မဿဲခရစ်ဝင် 15:26ခရစ်နှစ် 32 ခန့်

    ကိုယ်တော်က၊ သား၏အစာကိုယူ၍ ခွေးအားမပေးမချအပ်ဟု ပြန်ပြောတော်မူ၏။

  16. ရှင်မဿဲခရစ်ဝင် 15:27ခရစ်နှစ် 32 ခန့်

    မိန်းမကလည်းမှန်ပါ၏သခင်၊ ခွေးမည်သည်ကား မိမိသခင်၏စားပွဲမှကျသော စားနုပ်စားပေါက်ကို စားမြဲထုံးစံရှိပါ၏ဟု လျှောက်ပြန်လျှင်၊

  17. ရှင်မဿဲခရစ်ဝင် 15:28ခရစ်နှစ် 32 ခန့်

    အိုမိန်းမ၊ သင်သည်ယုံကြည်အားကြီးလှပြီ။ သင့်အလိုရှိသည်အတိုင်း သင်၌ဖြစ်စေဟုမိန့်တော်မူ၏။ ထိုအချိန်မှစ၍ ထိုမိန်းမ၏သမီးသည် ကျန်းမာပကတိဖြစ်လေ၏။

  18. ရှင်မဿဲခရစ်ဝင် 15:29ခရစ်နှစ် 32 ခန့်

    ယေရှုသည် ထိုအရပ်မှကြွ၍ ဂါလိလဲအိုင်နားသို့ရောက်တော်မူလျှင် တောင်ပေါ်သို့တက်၍ ထိုင်တော် မူ၏။

  19. ရှင်မဿဲခရစ်ဝင် 15:30ခရစ်နှစ် 32 ခန့်

    များစွာသောလူအပေါင်းတို့သည် ခြေမစွမ်း၊ မျက်စိကန်း၊ စကားအ၊ အင်္ဂါချို့တဲ့သောသူမှစ၍ အခြား သော အနာရောဂါစွဲသောသူများကို ဆောင်ခဲ့လျက် အထံတော်သို့ရောက်လာ၍ ခြေတော်ရင်း၌ချထားကြ၏။

  20. ရှင်မဿဲခရစ်ဝင် 15:31ခရစ်နှစ် 32 ခန့်

    အနာရောဂါများကို ငြိမ်းစေတော်မူသဖြင့်၊ အသောသူသည် စကားပြောသည်ကို၎င်း၊ ချို့တဲ့သောသူ သည် ပကတိဖြစ်သည်ကို၎င်း၊ ခြေမစွမ်းသောသူသည် လှမ်းသွားသည်ကို၎င်း၊ မျက်စိကန်းသောသူသည် မြင်ရ သည်ကို၎င်း၊ လူအစုအဝေးတို့သည်မြင်လျှင် အံ့ဩခြင်းသို့ရောက်၍ ဣသရေလအမျိုး၏ ဘုရားသခင်ဂုဏ် တော်ကို ချီးမွမ်းကြ၏။

  21. ရှင်မဿဲခရစ်ဝင် 15:32ခရစ်နှစ် 32 ခန့်

    ထိုအခါ ယေရှုသည် တပည့်တော်တို့ကိုခေါ်၍၊ ဤလူများကိုငါသနား၏။ သုံးရက်ပတ်လုံးငါနှင့်အတူရှိ ကြပြီ။ စားစရာအလျှင်းမရှိ။ လမ်းခရီး၌ မောမည်ကိုစိုးရိမ်သောကြောင့် အစာမစားမှီ သူတို့ကိုလွှတ်ခြင်းငှာ ငါအလိုမရှိဟု မိန့်တော်မူလျှင်၊

  22. ရှင်မဿဲခရစ်ဝင် 15:33ခရစ်နှစ် 32 ခန့်

    တပည့်တော်တို့က ဤမျှလောက်များသောလူစုတို့သည် ဝစွာစားလောက်သောအစာကို ဤတောအရပ် ၌ အကျွန်ုပ်တို့သည် အဘယ်သို့ရနိုင်ပါမည်နည်းဟု လျှောက်ကြသော်၊

  23. ရှင်မဿဲခရစ်ဝင် 15:34ခရစ်နှစ် 32 ခန့်

    ယေရှုက၊ သင်တို့တွင်မုန့်ဘယ်နှစ်လုံးရှိသနည်းဟု မေးတော်မူလျှင်၊ မုန့်ခုနှစ်လုံးနှင့် အနည်းငယ်မျှ သော ငါးကောင်ကလေးရှိပါသည်ဟု ပြန်လျှောက်ကြ၏။

  24. ရှင်မဿဲခရစ်ဝင် 15:35ခရစ်နှစ် 32 ခန့်

    ထိုအခါ လူအစုအဝေးတို့ကို မြေပေါ်မှာလျောင်းကြစေဟု အမိန့်တော်ရှိ၏။

  25. ရှင်မဿဲခရစ်ဝင် 15:36ခရစ်နှစ် 32 ခန့်

    မုန့်ခုနှစ်လုံးနှင့် ငါးတို့ကိုလည်းယူ၍ ကျေးဇူတော်ကိုချီးမွမ်းပြီးမှ၊ မုန့်နှင့်ငါးကိုဖဲ့၍ တပည့်တော်တို့အား ပေးတော်မူ၏။ တပည့်တော်တို့လည်း လူအပေါင်းတို့အား ပေးကြ၏။