circa 6 BC – AD 30
The Life of Jesus
The eternal Son of God enters history: born in Bethlehem, baptized in the Jordan, crucified at Golgotha, raised on the third day.
ဤကာလမှ အခန်းငယ်များ
- ရှင်မဿဲခရစ်ဝင် 14:23ခရစ်နှစ် 32 ခန့်
စည်းဝေးသောသူတို့ကိုလွှတ်ပြီးမှ ဆုတောင်းပဌာနပြုအံ့သောငှာ တောင်ပေါ်၌ ဆိတ်ကွယ်ရာအရပ်သို့ တက်ကြွသဖြင့်၊ ညအချိန်ရောက်သောအခါ၊ တယောက်တည်းရှိနေတော်မူ၏။
- ရှင်မဿဲခရစ်ဝင် 14:24ခရစ်နှစ် 32 ခန့်
လှေမူကား အိုင်အလယ်၌ရှိ၍ လေမသင့်သောကြောင့် လှိုင်းတံပိုးလှုပ်ရှားခြင်းကို ပြင်းစွာရ၏။
- ရှင်မဿဲခရစ်ဝင် 14:25ခရစ်နှစ် 32 ခန့်
ညသုံးချက်တီးကျော်အချိန်၌ ယေရှုသည် အိုင်ပေါ်မှာ စက်တော်ဖြန့်လျက်တပည့်တော်တို့ရှိရာသို့ ကြွ တော်မူ၏။
- ရှင်မဿဲခရစ်ဝင် 14:26ခရစ်နှစ် 32 ခန့်
ထိုသို့အိုင်ပေါ်မှာစက်တော်ဖြန့်၍ ကြွတော်မူသည်ကို သူတို့သည်မြင်လျှင်ထိတ်လန့်၍၊ ဖုတ်တစ္ဆေဖြစ် သည်ဟု ကြောက်သောစိတ်နှင့် အော်ဟစ်ကြ၏။
- ရှင်မဿဲခရစ်ဝင် 14:27ခရစ်နှစ် 32 ခန့်
ယေရှုသည် ချက်ခြင်းနှုတ်ဆက်၍ တည်ကြည်သောစိတ်ရှိကြလော့။ ငါပင်ဖြစ်သည်။ မကြောက်လန့် ကြနှင့်ဟု မိန့်တော်မူ၏။
- ရှင်မဿဲခရစ်ဝင် 14:28ခရစ်နှစ် 32 ခန့်
ပေတရုကလည်း၊ သခင်ကိုယ်တော်မှန်လျှင် အကျွန်ုပ်သည်ကိုယ်တော်ထံသို့ ရေပေါ်မှာလာရမည်အ ကြောင်း မိန့်တော်မူပါဟုလျှောက်လျှင်၊
- ရှင်မဿဲခရစ်ဝင် 14:29ခရစ်နှစ် 32 ခန့်
လာခဲ့လော့ဟု မိန့်တော်မူ၏။ ပေတရုသည်လှေပေါ်ကဆင်း၍ ယေရှုထံသို့ရောက်အံ့သောငှာ ရေ ပေါ်မှာလှမ်းသွား၏။
- ရှင်မဿဲခရစ်ဝင် 14:30ခရစ်နှစ် 32 ခန့်
လေပြင်းသည်ကိုမြင်လျှင် ကြောက်လန့်၍ နစ်မွန်းလုသည်ရှိသော်၊ ကယ်မတော်မူပါသခင်ဟု ဟစ် ကြော်လေ၏။
- ရှင်မဿဲခရစ်ဝင် 14:31ခရစ်နှစ် 32 ခန့်
ယေရှုသည် လက်တော်ကိုချက်ခြင်းဆန့်၍ ပေတရုကိုကိုင်တော်မူလျက်၊ ယုံကြည်အားနည်းသောသူ၊ အဘယ်ကြောင့် ယုံမှားသောစိတ်ဝင်သနည်းဟု မေးတော်မူ၏။
- ရှင်မဿဲခရစ်ဝင် 14:32ခရစ်နှစ် 32 ခန့်
လှေပေါ်သို့ရောက်ကြလျှင် လေသည်ငြိမ်းလေ၏။
- ရှင်မဿဲခရစ်ဝင် 14:33ခရစ်နှစ် 32 ခန့်
လှေသားတို့သည်ချဉ်းကပ်၍၊ စင်စစ်ကိုယ်တော်သည် ဘုရားသခင်၏သားတော်မှန်ပါသည်ဟု ညွတ် ပြပ်၍ လျှောက်ကြ၏။
- ရှင်မဿဲခရစ်ဝင် 14:34ခရစ်နှစ် 32 ခန့်
ကမ်းတဘက်သို့ကူးလျှင် ဂင်္နေသရက်နယ်သို့ ရောက်ကြ၏။
- ရှင်မဿဲခရစ်ဝင် 14:35ခရစ်နှစ် 32 ခန့်
ထိုအရပ်သားတို့သည် မျက်နှာတော်ကိုမှတ်မိလျှင်၊ ပတ်ဝန်းကျင်အရပ်ရှိသမျှသို့ စေလွှတ်သဖြင့် လူနာ ရှိသမျှတို့ကို ဆောင်ခဲ့၍၊
- ရှင်မဿဲခရစ်ဝင် 14:36ခရစ်နှစ် 32 ခန့်
အဝတ်တော်၏ပန်းပွားကိုမျှသာတို့ရပါမည်အကြောင်း အခွင့်တောင်းကြ၏။ တို့သမျှသောသူတို့သည် လည်း ချမ်းသာရကြ၏။
- ရှင်မဿဲခရစ်ဝင် 15:1ခရစ်နှစ် 32 ခန့်
ထိုအခါ ယေရုရှလင်မြို့သားဖာရိရှဲတို့နှင့် ကျမ်းပြုဆရာတို့သည် ချဉ်းကပ်ပြီးလျှင်၊
- ရှင်မဿဲခရစ်ဝင် 15:2ခရစ်နှစ် 32 ခန့်
ရှေးဟောင်းတို့မှဆက်ခံသော နည်းဥပဒေကို ကိုယ်တော်၏တပည့်တို့သည် အဘယ်ကြောင့်လွန်ကျူး ကြပါသနည်း။ သူတို့သည် လက်မဆေးဘဲ အစာစားကြပါသည်တကားဟု လျှောက်ကြလျှင်၊
- ရှင်မဿဲခရစ်ဝင် 15:3ခရစ်နှစ် 32 ခန့်
ကိုယ်တော်က၊ သင်တို့သည်အဆက်ဆက်ခံသော် နည်းဥပဒေကိုအမှီပြု၍ ဘုရားသခင်၏ပညတ်တော် ကို အဘယ်ကြောင့်လွန်ကျူးကြသနည်း။
- ရှင်မဿဲခရစ်ဝင် 15:4ခရစ်နှစ် 32 ခန့်
ဘုရားသခင်၏ပညတ်တော်ကား၊ မိဘကိုရိုသေစွာပြုလော့။ အကြင်သူသည် မိဘကိုနှုတ်ဖြင့်ပြစ်မှား ၏၊ ထိုသူသည် အသေသတ်ခြင်းကို ခံစေဟုလာသတည်း။
- ရှင်မဿဲခရစ်ဝင် 15:5ခရစ်နှစ် 32 ခန့်
သင်တို့မူကား၊ အကြင်သူသည် ကိုယ့်မိဘကို၊ သင်တို့အသုံးရနိုင်သမျှသော ငါ၏ဥစ္စာသည် အလှူဝတ္ထု ဖြစ်စေဟုဆို၏၊
- ရှင်မဿဲခရစ်ဝင် 15:6ခရစ်နှစ် 32 ခန့်
ထိုသူသည် ကိုယ်မိဘကိုပင် ရိုသေစွာမပြုရဟုဆို၏။ ထိုသို့သင်တို့သည် အဆက်ဆက်ခံသော နည်း ဥပဒေအားဖြင့် ဘုရားသခင်၏ပညတ်တော်ကို ပယ်ကြ၏။
- ရှင်မဿဲခရစ်ဝင် 15:7ခရစ်နှစ် 32 ခန့်
လျှို့ဝှက်သောသူတို့၊ ဟေရှာယသည် သင်တို့ကိုရည်မှတ်လျက် ဤလူမျိုးသည်နှုတ်နှင့်ငါ့ထံသို့ ချဉ်း ကပ်၍ နှုတ်ခမ်းနှင့်ငါ့ကို ရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။
- ရှင်မဿဲခရစ်ဝင် 15:8ခရစ်နှစ် 32 ခန့်
လူတို့စီရင်သောပညတ်တို့ကိုသွန်သင်၍ နည်းဥပဒေသပေးလျက်ပင်ငါ့ကို အချည်းနှီးကိုးကွယ်ကြ၏ဟု
- ရှင်မဿဲခရစ်ဝင် 15:9ခရစ်နှစ် 32 ခန့်
နောက်ဖြစ်လတံ့သောအရာကို လျောက်ပတ်စွာ ဟောခဲ့ပြီဟုပြန်၍မိန့်တော်မူ၏။
- ရှင်မဿဲခရစ်ဝင် 15:10ခရစ်နှစ် 32 ခန့်
ထိုအခါ လူအစုအဝေးကို အထံတော်သို့ခေါ်၍၊ သင်တို့နားထောင် နားလည်ကြလော့။
- ရှင်မဿဲခရစ်ဝင် 15:11ခရစ်နှစ် 32 ခန့်
ခံတွင်းသို့ဝင်သောအရာသည် လူကိုညစ်ညူးစေသည်မဟုတ်။ ခံတွင်းမှထွက်သောအရာသည် ညစ်ညူး စေသောအရာဖြစ်သည်ဟု မိန့်တော်မူ၏။