အကြောင်းအရာသို့ ကျော်သွားရန်

circa 6 BC – AD 30

The Life of Jesus

The eternal Son of God enters history: born in Bethlehem, baptized in the Jordan, crucified at Golgotha, raised on the third day.

3,779 အခန်းငယ် · 4 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ရှင်မဿဲခရစ်ဝင် 13:56ခရစ်နှစ် 31 ခန့်

    သူ့နှမများတို့သည်လည်း ငါတို့နှင့်အနီးအပါးနေကြသည်မဟုတ်လော။ သို့ဖြစ်လျှင် ဤသူသည် ဤ အရာများကို အဘယ်မှာရသနည်းဟု ပြောဆိုလျက်၊

  2. ရှင်မဿဲခရစ်ဝင် 13:57ခရစ်နှစ် 31 ခန့်

    စေတနာစိတ်ပျက်ကြ၏။ ယေရှုကလည်း၊ ပရောဖတ်သည် မိမိမြို့၊ မိမိအိမ်မှတပါး အခြားသောအရပ် ၌ အသရေရှိသည်ဟု ထိုသူတို့အား မိန့်တော်မူ၏။

  3. ရှင်မဿဲခရစ်ဝင် 13:58ခရစ်နှစ် 31 ခန့်

    မြို့သားများတို့သည် မယုံကြည်ကြသောကြောင့်၊ ထိုအရပ်၌ များစွာသောတန်ခိုးကို ပြတော်မမူ။

  4. ရှင်မဿဲခရစ်ဝင် 14:1ခရစ်နှစ် 32 ခန့်

    ထိုအခါ စော်ဘွားဟေရုဒ်သည် ယေရှု၏သိတင်းတော်ကိုကြားလျှင်၊

  5. ရှင်မဿဲခရစ်ဝင် 14:2ခရစ်နှစ် 32 ခန့်

    ဤသူကား ဗတ္တိဇံဆရာယောဟန်ဖြစ်သည်။ သေခြင်းမှထမြောက်လေပြီ။ ထို့ကြောင့် တန်ခိုးများကို ပြ နိုင်သည်ဟု မိမိငယ်သားတို့အားဆို၏။

  6. ရှင်မဿဲခရစ်ဝင် 14:3ခရစ်နှစ် 32 ခန့်

    အထက်က ဟေရုဒ်သည်မိမိညီဖိလိပ္ပု၏ခင်ပွန်း ဟေရောဒိအကြောင်းကြောင့်၊ ယောဟန်ကိုဘမ်းဆီး ချည်နှောင်၍ ထောင်ထဲမှာလှောင်ထား၏။

  7. ရှင်မဿဲခရစ်ဝင် 14:4ခရစ်နှစ် 32 ခန့်

    အကြောင်းမူကား၊ ယောဟန်က၊ အရှင်မင်းကြီးသည် ထိုမိန်းမကိုမသိမ်းအပ်ဟု ဟေရုဒ်အားဆိုလေပြီ။

  8. ရှင်မဿဲခရစ်ဝင် 14:5ခရစ်နှစ် 32 ခန့်

    ယောဟန်ကိုသတ်ခြင်းငှာ အလိုရှိသော်လည်း၊ လူအပေါင်းတို့၏မျက်နှာကိုထောက်၍ မသတ်ဝံ့ဘဲနေ ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ယောဟန်ကို ပရောဖတ်ကဲ့သို့ထင်မှတ်ကြသတည်း။

  9. ရှင်မဿဲခရစ်ဝင် 14:6ခရစ်နှစ် 32 ခန့်

    ထိုနောက်မှ ဟေရုဒ်ကိုဘွားသောနေ့ရက်၌ နှစ်စဉ်ပွဲခံစဉ်တွင်၊ ဟေရောဒိ၏သမီးသည် ပွဲသဘင်၌ က သဖြင့် ဟေရုဒ်သည် နူးညွတ်သောစိတ်ရှိလျှင်၊

  10. ရှင်မဿဲခရစ်ဝင် 14:7ခရစ်နှစ် 32 ခန့်

    ငါသည် သင်တောင်းသမျှကို ပေးမည်ဟု ကျိန်ဆိုလေ၏။

  11. ရှင်မဿဲခရစ်ဝင် 14:8ခရစ်နှစ် 32 ခန့်

    ထိုမိန်းမငယ်သည် သူ၏အမိတိုက်တွန်းသည်အတိုင်း၊ ဗတ္တိဇံဆရာယောဟန်၏ ဦးခေါင်းကို ဤ လင်ပန်း၌ ပေးတော်မူပါဟု တောင်းလျှောက်၏။

  12. ရှင်မဿဲခရစ်ဝင် 14:9ခရစ်နှစ် 32 ခန့်

    မင်းကြီးသည် ဝမ်းနည်းသော်လည်းကျိန်ဆိုခြင်းကို၎င်း၊ အပေါင်းအဘော်တို့၏မျက်နှာကို၎င်း ထောက် သောကြောင့် ပေးစေဟုအမိန့်တော်ရှိလျက်၊

  13. ရှင်မဿဲခရစ်ဝင် 14:10ခရစ်နှစ် 32 ခန့်

    လူကို စေလွှတ်၍ ယောဟန်၏လည်ပင်းကို ထောင်ထဲမှာဖြတ်စေ၏။

  14. ရှင်မဿဲခရစ်ဝင် 14:11ခရစ်နှစ် 32 ခန့်

    ဦးခေါင်းကို လင်ပန်း၌ဆောင်ခဲ့၍ ထိုမိန်းမငယ်အားပေးပြီးမှ၊ သူသည်လည်း မိမိအမိထံသို့ယူသွား၏။

  15. ရှင်မဿဲခရစ်ဝင် 14:12ခရစ်နှစ် 32 ခန့်

    ယောဟန်၏တပည့်တို့သည်လည်းလာ၍ အလောင်းကိုဆောင်သွားသဖြင့် သင်္ဂြိုဟ်ပြီးမှ၊ ယေရှုထံတော် သို့သွား၍ ကြားလျှောက်ကြ၏။

  16. ရှင်မဿဲခရစ်ဝင် 14:13ခရစ်နှစ် 32 ခန့်

    ယေရှုသည် ကြားတော်မူလျှင်၊ ထိုအရပ်မှထွက်၍လှေကိုစီးလျက် တော၌ဆိတ်ကွယ်ရာအရပ်သို့ ကြွ တော်မူ၏။ လူအစုအဝေးတို့သည် ကြားသိရလျှင်၊ မြို့ရွာမှထွက်၍ ကုန်းကြောင်းလိုက်ကြ၏။

  17. ရှင်မဿဲခရစ်ဝင် 14:14ခရစ်နှစ် 32 ခန့်

    ယေရှုသည် ထွက်ကြွ၍ လူများအပေါင်းတို့ကို တွေ့မြင်တော်မူလျှင်၊ သနားခြင်းစိတ်တော်ရှိ၍ လူနာရှိ သမျှတို့ကို ချမ်းသာပေးတော်မူ၏။

  18. ရှင်မဿဲခရစ်ဝင် 14:15ခရစ်နှစ် 32 ခန့်

    ညဦးယံ၌ တပည့်တော်တို့သည်ချဉ်းကပ်၍၊ ဤအရပ်သည် တောအရပ်ဖြစ်ပါ၏။ မိုးလည်းချုပ်ပါပြီ။ လူအစုအဝေးတို့သည် မြို့ရွာသို့သွား၍ စားစရာကိုဝယ်စေခြင်းငှာ အခွင့်ပေးတော်မူပါဟု လျှောက်ကြလျှင်၊

  19. ရှင်မဿဲခရစ်ဝင် 14:16ခရစ်နှစ် 32 ခန့်

    ယေရှုက၊ သွားရသောအကြောင်းမရှိ။ သူတို့စားစရာဘို့ သင်တို့ပေးကြလော့ဟု မိန့်တော်မူ၏။

  20. ရှင်မဿဲခရစ်ဝင် 14:17ခရစ်နှစ် 32 ခန့်

    တပည့်တော်တို့ကလည်း၊ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်မှတပါး အဘယ်စားစရာမျှ အကျွန်ုပ်တို့၌မရှိပါ ဟု လျှောက်ပြန်လျှင်၊ ထိုမုန့်နှင့်ငါးကို ယူခဲ့ကြဟုမိန့်တော်မူ၏။

  21. ရှင်မဿဲခရစ်ဝင် 14:18ခရစ်နှစ် 32 ခန့်

    ထိုအခါ လူအစုအဝေးတို့ကို မြက်ပင်ပေါ်မှာ လျောင်းကြစေဟုအမိန့်တော်ရှိ၏။

  22. ရှင်မဿဲခရစ်ဝင် 14:19ခရစ်နှစ် 32 ခန့်

    မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကိုလည်းယူ၍ ကောင်းကင်သို့ကြည့်မြော်လျက်၊ ကျေးဇူးတော်ကို ချီးမွမ်းပြီး မှ မုန့်နှင့်ငါးကိုဖဲ့၍ တပည့်တော်တို့အား ပေးတော်မူ၏။

  23. ရှင်မဿဲခရစ်ဝင် 14:20ခရစ်နှစ် 32 ခန့်

    တပည့်တော်တို့သည်လည်းလူအပေါင်းတို့အား ပေးကြ၏။ လူအပေါင်းတို့သည်စား၍ ဝကြပြီးမှ ကြွင်း ရစ်သောအကျိုးအပဲ့ကို ကောက်သိမ်း၍ တင်းနှစ်တောင်းအပြည့်ရကြ၏။

  24. ရှင်မဿဲခရစ်ဝင် 14:21ခရစ်နှစ် 32 ခန့်

    စားသောသူအရေအတွက်ကား၊ မိန်းမနှင့်သူငယ်တို့ကိုမဆိုဘဲ၊ ယောက်ျားငါးထောင်မျှလောက် ရှိ သတည်း။

  25. ရှင်မဿဲခရစ်ဝင် 14:22ခရစ်နှစ် 32 ခန့်

    ယေရှုသည် စည်းဝေးသောသူတို့ကိုလွှတ်တော်မူစဉ်တွင်၊ တပည့်တော်တို့ကိုလှေစီးစေ၍ ကမ်းတဘက် သို့ အရင်ကူးစေတော်မူ၏။