အကြောင်းအရာသို့ ကျော်သွားရန်

circa 6 BC – AD 30

The Life of Jesus

The eternal Son of God enters history: born in Bethlehem, baptized in the Jordan, crucified at Golgotha, raised on the third day.

3,779 အခန်းငယ် · 4 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ရှင်မဿဲခရစ်ဝင် 2:1ခရစ်တော် မပေါ်မီ 4 ခန့်

    ယုဒပြည်ဗက်လင်မြို့၌ ဟေရုဒ်မင်းကြီးလက်ထက်၊ ယေရှုသည် ဘွားမြင်ခြင်းကိုခံတော်မူပြီးမှ၊ မာဂု ပညာရှိတို့သည် အရှေ့ပြည်က ယေရုရှလင်မြို့သို့ ရောက်လာကြလျှင်။

  2. ရှင်မဿဲခရစ်ဝင် 2:2ခရစ်တော် မပေါ်မီ 4 ခန့်

    ယခု ဘွားမြင်သောယုဒရှင်ဘုရင်သည်၊ အဘယ်မှာရှိတော်မူသနည်း။ အရှေ့ပြည်၌ သူ၏ကြယ်ကို ငါ တို့မြင်ရသည်ဖြစ်၍ ဖူးတွေ့ပူဇော်ခြင်းငှါ ရောက်လာပြီဟု မေးမြန်းပြောဆိုကြ၏။

  3. ရှင်မဿဲခရစ်ဝင် 2:3ခရစ်တော် မပေါ်မီ 4 ခန့်

    ထိုစကားကိုကြားလျှင် ဟေရုဒ်မင်းကြီးသည် ယေရုရှလင်မြို့သူမြို့သားအပေါင်းတို့နှင့်တကွ စိတ်ပူပန် ခြင်းသို့ ရောက်သဖြင့်၊

  4. ရှင်မဿဲခရစ်ဝင် 2:4ခရစ်တော် မပေါ်မီ 4 ခန့်

    ယဇ်ပုရောဟိတ်အကြီးတို့နှင့်လူတို့တွင် ကျမ်းပြုဆရာရှိသမျှတို့ကို စုဝေးစေ၍ ခရစ်တော်ကို အဘယ် အရပ်မှာ ဘွားမြင်လိမ့်မည်နည်းဟု မေးမြန်းတော်မူ၏။

  5. ရှင်မဿဲခရစ်ဝင် 2:5ခရစ်တော် မပေါ်မီ 4 ခန့်

    ထိုဆရာတို့ကလည်း၊ ပရောဖက်တဦး ရေးထားသောအချက်ဟူမူကား၊

  6. ရှင်မဿဲခရစ်ဝင် 2:6ခရစ်တော် မပေါ်မီ 4 ခန့်

    အိုယုဒပြည်ဗက်လင်မြို့၊ အစိုးရသောယုဒမြို့တို့တွင်သင်သည် မြို့ငယ်မြို့ယုတ်မဟုတ်။ အကြောင်း မူကား၊ ငါ၏လူစုဣသရေလအမျိုးကို အုပ်စိုးရသောသခင်သည် သင်၏အထဲမှာပေါ်ထွန်းလတံ့ဟု ကျမ်းလာ ရှိပါ၏။ ထို့ကြောင့် ယုဒပြည်ဗက်လင်မြို့၌ ခရစ်တော်ကိုဘွားမြင်ရပါမည်ဟု မင်းကြီးအား ပြန်ကြားလျှောက် ထားကြ၏။

  7. ရှင်မဿဲခရစ်ဝင် 2:7ခရစ်တော် မပေါ်မီ 4 ခန့်

    ထိုအခါ ဟေရုဒ်မင်းကြီးသည်၊ မာဂုပညာရှိတို့ကိုမထင်မရှားခေါ်၍ ကြယ်ပေါ်ထွန်းသောအချိန် ကာလကို စေ့စေ့မေးမြန်းပြီးမှ၊

  8. ရှင်မဿဲခရစ်ဝင် 2:8ခရစ်တော် မပေါ်မီ 4 ခန့်

    သင်တို့သွား၍ ထိုသူငယ်ကိုကြိုးစားရှာကြပါ။ တွေ့လျှင် ငါ့ထံသို့ပြန်လာ၍ ငါလည်း ထိုသူငယ်ကို ဖူးတွေ့ပူဇော်ရအောင် ကြားပြောကြပါဟု မှာထားတော်မူလျက်၊ ဗက်လျင်မြို့သို့ စေလွှတ်လေ၏။

  9. ရှင်မဿဲခရစ်ဝင် 2:9ခရစ်တော် မပေါ်မီ 4 ခန့်

    ထိုသူတို့သည် မင်းကြီးစကားကိုနာခံပြီးလျှင်ထွက်သွားကြ၍ အရှေ့ပြည်၌မြင်ရသောကြယ်သည် သူတို့ ရှေ့ကသွားသဖြင့် သူငယ်တော်ရှိရာအရပ်အပေါ်သို့ရောက်၍ တည်လျက်နေ၏။

  10. ရှင်မဿဲခရစ်ဝင် 2:10ခရစ်တော် မပေါ်မီ 4 ခန့်

    ထိုကြယ်ကိုမြင်ပြန်သောအခါ အလွန်ဝမ်းမြောက်ဝမ်းသာခြင်းရှိ၍၊

  11. ရှင်မဿဲခရစ်ဝင် 2:11ခရစ်တော် မပေါ်မီ 4 ခန့်

    အိမ်သို့ဝင်လေသော်၊ မယ်တော်မာရိနှင့်တကွ သူငယ်တော်ကိုတွေ့မြင်လျှင် ပြပ်ဝပ်ကိုးကွယ်၍၊ မိမိတို့ ဘဏ္ဍာဥစ္စာတို့ကိုဖွင့်ပြီးမှ လောဗန်နှင့်မုရန် တည်းဟူသောနံ့သာမျိုးကို၎င်း၊ ရွှေကို၎င်း ဆက်ကပ်ပူဇော်ကြ၏။

  12. ရှင်မဿဲခရစ်ဝင် 2:12ခရစ်တော် မပေါ်မီ 4 ခန့်

    နောက်မှ ဟေရုဒ်မင်းကြီးထံသို့ မပြန်ရမည်အကြောင်းကိုအိပ်မက်တွင် ဗျာဒိတ်တော်ကိုရ၍ မိမိတို့ ပြည်သို့ အခြားသောလမ်းဖြင့်ပြန်သွားကြ၏။

  13. ရှင်မဿဲခရစ်ဝင် 2:13ခရစ်တော် မပေါ်မီ 4 ခန့်

    ထိုသူတို့ သွားကြသည်နောက်၊ ယောသပ်သည်အိပ်မက်ကိုမြင်သည်မှာ၊ ထာဝရဘုရား၏ ကောင်းကင် တမန်သည်ထင်ရှား၍၊ သင်ထလော့။ မယ်တော်နှင့် သူငယ်တော်ကိုဆောင်ယူပြီးလျှင်၊ အဲဂုတ္တုပြည်သို့ပြေး၍၊ တဖန် ငါပြောဆိုသည်တိုင်အောင် ထိုပြည်၌နေလော့။ ဟေရုဒ်မင်းကြီးသည် သူငယ်တော်ကို သတ်အံ့သောငှာ ရှာလိမ့်မည်ဟုဆိုလေ၏။

  14. ရှင်မဿဲခရစ်ဝင် 2:14ခရစ်တော် မပေါ်မီ 4 ခန့်

    ထိုအခါ ယောသပ်သည် ထ၍ မယ်တော်နှင့်သူငယ်တော်ကို ညဉ့်အချိန်၌ ဆောင်ယူပြီးလျှင် အဲဂုတ္တု ပြည်သို့ ထွက်သွား၍၊

  15. ရှင်မဿဲခရစ်ဝင် 2:15ခရစ်တော် မပေါ်မီ 4 ခန့်

    ဟေရုဒ်မင်းကြီး အနိစ္စရောက်သည်တိုင်အောင် ထိုပြည်၌နေလေ၏။ ဤအကြောင်းအရာကား၊ ငါ့သား ကို အဲဂုတ္တုပြည်မှငါခေါ်ခဲ့ပြီဟု ထာဝရဘုရားသည် ပရောဖက်ဖြင့်ထားတော်မူသောဗျာဒိတ်တော် ပြည့်စုံမည် အကြောင်းတည်း။

  16. ရှင်မဿဲခရစ်ဝင် 2:16ခရစ်တော် မပေါ်မီ 4 ခန့်

    ထိုအခါ ဟေရုဒ်မင်းကြီးသည် မာဂုပညာရှိတို့ လှည့်ဖြားသည်ကိုသိလျှင်၊ ပြင်းစွာအမျက်ထွက်၍ လူကို စေလွှတ်သဖြင့်၊ မာဂုပညာရှိတို့၌ စေ့စေ့မေးမြန်းပြီးသော ကြယ်၏အချိန်ကာလကိုထောက်၍၊ ဗက်လင်မြို့မှ စသော ကျေးလက်ရှိသမျှတို့၌ နှစ်နှစ်အရွယ်မှစ၍ ထိုအရွယ်အောက်ယုတ်သော သူငယ်ယောက်ျားအပေါင်း တို့ကို သတ်စေ၏။

  17. ရှင်မဿဲခရစ်ဝင် 2:17ခရစ်တော် မပေါ်မီ 4 ခန့်

    ပရောဖက်ယေရမိဟောဘူးသည်ကား၊

  18. ရှင်မဿဲခရစ်ဝင် 2:18ခရစ်တော် မပေါ်မီ 4 ခန့်

    ရာမအရပ်၌ သည်းစွာသောညည်းတွားငိုကြွေး၊ မြည်တမ်းခြင်းအသံကိုကြားရ၍၊ ရာခေလသည် မိမိ သားတို့ မရှိသောကြောင့်ငို၍ စိတ်မပြေနိုင်ဟူသောစကားသည် ထိုအခါ၌အမှန်ကျသတည်း။

  19. ရှင်မဿဲခရစ်ဝင် 2:19ခရစ်တော် မပေါ်မီ 4 ခန့်

    ဟေရုဒ်မင်းကြီး အနိစ္စရောက်သည်နောက်၊ ယောသပ်သည် အဲဂုတ္တုပြည်၌ အိပ်မက်ကိုမြင်ပြန်သည် မှာ၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည်ထင်ရှား၍၊

  20. ရှင်မဿဲခရစ်ဝင် 2:20ခရစ်တော် မပေါ်မီ 4 ခန့်

    သင်ထလော့။ မယ်တော်နှင့် သူငယ်တော်ကိုဆောင်ယူပြီးလျှင် ဣသရေလတိုင်းသို့သွားလော့။ သူငယ် တော်ကိုသတ်အံ့သောငှါ ရှာသောသူတို့သည် သေကြပြီဟုဆိုလေ၏။

  21. ရှင်မဿဲခရစ်ဝင် 2:21ခရစ်တော် မပေါ်မီ 4 ခန့်

    ထိုအခါ ယောသပ်သည် ထ၍ မယ်တော်နှင့်သူငယ်တော်ကို ဆောင်ယူပြီးလျှင် ဣသရေလတိုင်းသို့ သွား၍ ရောက်သည်ရှိသော်၊

  22. ရှင်မဿဲခရစ်ဝင် 2:22ခရစ်တော် မပေါ်မီ 4 ခန့်

    ဟေရုဒ်မင်းကြီး၏ အရာ၌ သားတော်အာခေလသည် ယုဒပြည်တွင်မင်းပြုကြောင်းကို ကြားရလျှင်၊ ထိုပြည်သို့ မသွားဝံ့၍ အိပ်မက်၌ ဗျာဒိတ်တော်ကိုရပြန်ပြီးမှ ဂါလိလဲပြည်သို့သွား၍၊

  23. ရှင်မဿဲခရစ်ဝင် 2:23ခရစ်တော် မပေါ်မီ 4 ခန့်

    ခရစ်တော်ကို နာဇရက်လူဟုခေါ်ဝေါ်ကြလတံ့ဟူသော ပရောဖက်တို့၏ နှုတ်ထွက်နှင့်အညီ၊ နာဇရက် အမည်ရှိသောမြို့သို့ရောက်၍ အမြဲနေလေ၏။

  24. ရှင်မဿဲခရစ်ဝင် 3:1ခရစ်နှစ် 26 ခန့်

    ထိုကာလအခါ ဗတ္တိဇံဆရာယောဟန်သည် ပေါ်ထွန်းလျှင်၊ ကောင်းကင်နိုင်ငံတော်သည် တည်လုနီး ပြီ။

  25. ရှင်မဿဲခရစ်ဝင် 3:2ခရစ်နှစ် 26 ခန့်

    ထို့ကြောင့် နောင်တရကြလော့ဟု ယုဒတော၌ဟောလေ၏။