- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 800–400 BC
The Hebrew Prophets
God speaks through Isaiah, Jeremiah, and the minor prophets—calling Israel to repentance and foretelling the coming Messiah.
ဤကာလမှ အခန်းငယ်များ
- ဟေရှာယအနာဂတ္တိကျမ်း 41:29ခရစ်တော် မပေါ်မီ 712 ခန့်
သူတို့သည် အကြွင်းမဲ့အနတ္တဖြစ်ကြ၏။ သူတို့ အမှုများလည်း၊ အဘယ်မျှမဟုတ်။ သူတို့သွန်းသော ရုပ်တု တို့လည်း အတ္တမရှိ၊ လေသက်သက်ဖြစ်ကြ၏။
- ဟေရှာယအနာဂတ္တိကျမ်း 42:1ခရစ်တော် မပေါ်မီ 712 ခန့်
ငါထောက်မသော ငါ့ကျွန်ရင်း၊ ငါနှစ်သက် မြတ်နိုးရာ ငါရွေးချယ်သော သူကို ကြည့်ရှုလော့။ ထိုသူ ၏အပေါ်၌ ငါ့ဝိညာဉ်ကို ငါတည်စေမည်။ သူသည် လူ အမျိုးမျိုးတို့ကို တရားပေးလိမ့်မည်။
- ဟေရှာယအနာဂတ္တိကျမ်း 42:2ခရစ်တော် မပေါ်မီ 712 ခန့်
အော်ဟစ်ခြင်း၊ ကြွေးကြော်ခြင်းကို မပြုမူ၍၊ လမ်းခရီး၌သူ၏အသံကို အဘယ်သူမျှမကြားစေရ။
- ဟေရှာယအနာဂတ္တိကျမ်း 42:3ခရစ်တော် မပေါ်မီ 712 ခန့်
နင်းနယ်လျက်ရှိသော ကျူပင်ကို မချိုး။ အတောက်သေးသော မီးစာကို မသတ်။ တရားသည် မြဲမြံ ခြင်းသို့ ရောက်မည်အကြောင်း စီရင်လိမ့်မည်။
- ဟေရှာယအနာဂတ္တိကျမ်း 42:4ခရစ်တော် မပေါ်မီ 712 ခန့်
မြေကြီးပေါ်မှာ တရားတော်ကို မတည်စေမှီတွင် အားမလျော့၊ စိတ်လည်းမပျက်ရ။ သူ၏တရားကိုလည်း၊ တကျွန်းတနိုင်ငံသားတို့သည် မြော်လင့်ကြလိမ့်မည်။
- ဟေရှာယအနာဂတ္တိကျမ်း 42:5ခရစ်တော် မပေါ်မီ 712 ခန့်
မိုဃ်းကောင်းကင်ကို ဖန်ဆင်း၍ ကြက်တော်မူ ထသော၊ မြေကြီးနှင့် မြေကြီးထဲက ဖြစ်သမျှတို့ကို ခင်းကျင်းတော်မူထသော၊ မြေကြီးပေါ်မှာ ရှိသောသူတို့ အား အသက်ကို၎င်း၊ မြေကြီးကို ကျော်နင်းသော သူတို့ အား ဝိညာဉ်ကို၎င်း ပေးတော်မူသော ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊
- ဟေရှာယအနာဂတ္တိကျမ်း 42:6ခရစ်တော် မပေါ်မီ 712 ခန့်
ငါ ထာဝရဘုရားသည် သင့်ကို တရားသဖြင့် ခေါ်ထားသည်ဖြစ်၍၊
- ဟေရှာယအနာဂတ္တိကျမ်း 42:7ခရစ်တော် မပေါ်မီ 712 ခန့်
လက်ဆွဲလျက် ထောက်မမည်။ သင်သည် ကန်း သော မျက်စိတို့ကို ဖွင့်စိမ့်သောငှါ၎င်း၊ ချုပ်ထားသော သူတို့ကို လွှတ်စိမ့်သောငှါ၎င်း၊ မှောင်မိုက်၌နေသော သူတို့ကို အမိုက်ထောင်ထဲက နှုတ်ယူစိမ့်သောငှါ၎င်း၊ သင့်ကို လူများနှင့် ပဋိညာဉ်ဖွဲ့စရာဘို့၊ လူအမျိုးမျိုး လင်းစရာဘို့ ခန့်ထားမည်။
- ဟေရှာယအနာဂတ္တိကျမ်း 42:8ခရစ်တော် မပေါ်မီ 712 ခန့်
ငါသည် ထာဝရဘုရားဖြစ်၏။ ထိုနာမသည် ငါ့နာမဖြစ်၏။ ငါ့ဘုန်းကို အခြားသော သူအား၎င်း၊ ငါ့ အသရေကို ရုပ်တုဆင်းတုတို့အား၎င်း ငါမပေး။
- ဟေရှာယအနာဂတ္တိကျမ်း 42:9ခရစ်တော် မပေါ်မီ 712 ခန့်
အရင်ဟောသော အရာတို့သည် ဖြစ်ကြပြီ။ အသစ်သော အရာတို့ကို ယခု ငါဟော၏။ မပေါ်လာမှီ သင်တို့အား ငါပြနှင့်၏။
- ဟေရှာယအနာဂတ္တိကျမ်း 42:10ခရစ်တော် မပေါ်မီ 712 ခန့်
ပင်လယ်ကို ကူးသော သူမှစ၍၊ ပင်လယ်၌ ရှိသမျှတို့နှင့်တကွ၊ တကျွန်းတနိုင်ငံအရပ်များ၊ ထိုအရပ်၌ နေသော သူများတို့၊ ထာဝရဘုရားအား အသစ်သော သီချင်းကိုဆိုကြလော့။ မြေကြီးစွန်းတို့မှ ဂုဏ်တော်ကို ချီးမွမ်းကြလော့။
- ဟေရှာယအနာဂတ္တိကျမ်း 42:11ခရစ်တော် မပေါ်မီ 712 ခန့်
တောနှင့်တကွ တော၌ရှိသော မြို့ရွာ၊ ကေဒါ အရပ်သားတို့သည် ကြွေးကြော်ကြစေ။ ကျောက်၌ နေသော သူတို့သည် သီချင်းဆိုကြစေ။ တောင်ထိပ်ပေါ် က ကြွေးကြော်ကြစေ။
- ဟေရှာယအနာဂတ္တိကျမ်း 42:12ခရစ်တော် မပေါ်မီ 712 ခန့်
ထာဝရဘုရားကို ချီးမြှောက်၍၊ တကျွန်းတနိုင်ငံ အရပ်တို့၌ ဂုဏ်တော်ကို ထင်ရှားစွာ ချီးမွမ်းကြစေ။
- ဟေရှာယအနာဂတ္တိကျမ်း 42:13ခရစ်တော် မပေါ်မီ 712 ခန့်
ထာဝရဘုရားသည် သူရဲကဲ့သို့ ထွက်ကြွ၍၊ စစ်သူရဲကဲ့သို့ ကိုယ်စိတ်ကို ကိုယ်နှိုးဆော်တော်မူလိမ့်မည်။အော်ဟစ်ကြွေးကြော်၍ ရန်သူတို့တဘက်၌ အားထုတ် တော်မူလိမ့်မည်။
- ဟေရှာယအနာဂတ္တိကျမ်း 42:14ခရစ်တော် မပေါ်မီ 712 ခန့်
ငါသည် ကြာမြင့်စွာ တိတ်ဆိတ်လျက်နေပြီ။ ထိုသို့နေ၍ အောင့်ရဦးမည်လော။ သားဘွားခြင်းဝေဒနာ ကို ခံရသော မိန်းမကဲ့သို့ ငါအော်ဟစ်မည်။ ပင့်သက်ရှု၍ ချက်ခြင်း ဖျက်ဆီးမည်။
- ဟေရှာယအနာဂတ္တိကျမ်း 42:15ခရစ်တော် မပေါ်မီ 712 ခန့်
တောင်ကြီးတောင်ငယ်များကို သွေ့ခြောက်စေ မည်။ သူတို့အပင်ရှိသမျှတို့ကိုလည်း ညှိုးနွမ်းစေမည်။ မြစ်များကို ကုန်းဖြစ်စေမည်။ ရေကန်များကို ခန်းခြောက် စေမည်။
- ဟေရှာယအနာဂတ္တိကျမ်း 42:16ခရစ်တော် မပေါ်မီ 712 ခန့်
မျက်စိကန်းသော သူတို့ကို မိမိတို့မသိသော လမ်းဖြင့် ငါဆောင်မည်။ မိမိတို့ မကျွမ်းသော ခရီး၌ သွားစေမည်။ သူတို့ရှေ့မှာ မှောင်မိုက်ကို လင်းစေမည်။ ကောက်သော လမ်းကိုလည်း ဖြောင့်စေမည်။ ထိုသို့သော ကျေးဇူးကို ပြုမည်။ သူတို့ကို မစွန့်ပစ်။
- ဟေရှာယအနာဂတ္တိကျမ်း 42:17ခရစ်တော် မပေါ်မီ 712 ခန့်
ရုပ်တုဆင်းတုကို ခိုလှုံ၍၊ ကိုယ်တော်သည် အကျွန်ုပ်တို့၏ ဘုရားဖြစ်တော်မူ၏ဟု သွန်းသော ရုပ်တု တို့အား ဆိုသော သူတို့သည် လှန်ခြင်းကို ခံရ၍၊ အလွန် အရှက်ကွဲခြင်းသို့ ရောက်ကြလိမ့်မည်။
- ဟေရှာယအနာဂတ္တိကျမ်း 42:18ခရစ်တော် မပေါ်မီ 712 ခန့်
နားပင်းသော သူတို့၊ ကြားကြလော့။ မျက်စိ ကန်းသောသူတို့၊ သင်တို့သည် မြင်ရအံ့သောငှါ ကြည့်ရှု ကြလော့။
- ဟေရှာယအနာဂတ္တိကျမ်း 42:19ခရစ်တော် မပေါ်မီ 712 ခန့်
ငါ့ကျွန်မှတပါး အဘယ်သူ ကန်းသနည်း။ ငါစေလွှတ်သော တမန်ကဲ့သို့ အဘယ်သူသည် နားပင်း သနည်း။ ငါ့မိတ်ဆွေကဲ့သို့ အဘယ်သူကန်းသနည်း။ ထာဝရဘုရား၏ ကျွန်ကဲ့သို့ အဘယ်သူ ကန်းသနည်း။
- ဟေရှာယအနာဂတ္တိကျမ်း 42:20ခရစ်တော် မပေါ်မီ 712 ခန့်
သင်သည် များစွာမြင်သော်လည်း အာရုံမပြု တတ်။ နားပွင့်လျက်ရှိသော်လည်း မကြားတတ်။
- ဟေရှာယအနာဂတ္တိကျမ်း 42:21ခရစ်တော် မပေါ်မီ 712 ခန့်
ထာဝရဘုရားသည် မိမိဖြောင့်မတ်ခြင်းကြောင့် အားရနှစ်သက်သဖြင့်၊ တရားတော်ကို ချီးမြှောက်၍ ဂုဏ်အသရေနှင့် ပြည့်စုံစေတော်မူမည်။
- ဟေရှာယအနာဂတ္တိကျမ်း 42:22ခရစ်တော် မပေါ်မီ 712 ခန့်
ဤလူမျိုးသည် လုယူဖျက်ဆီးခြင်းကို ခံရသော အမျိုးဖြစ်၏။ ရှိသမျှတို့သည် တွင်း၌ အချုပ်ခံရ၍၊ ထောင် ထဲမှာ ပုန်းကွယ်လျက်နေကြ၏။ ဖျက်ဆီးရာဖြစ်သော အခါ၊ အဘယ်သူမျှ မနှုတ်မယူ။ လုယူရာဖြစ်သောအခါ၊ ပြန်ပေးလော့ဟု အဘယ်သူမျှမဆို။
- ဟေရှာယအနာဂတ္တိကျမ်း 42:23ခရစ်တော် မပေါ်မီ 712 ခန့်
သင်တို့တွင် အဘယ်သူသည် ဤစကားကို နားထောင်မည်နည်း။ နောင်ကာလဘို့ အဘယ်သူကြား၍ မှတ်မည်နည်း။
- ဟေရှာယအနာဂတ္တိကျမ်း 42:24ခရစ်တော် မပေါ်မီ 712 ခန့်
လုယူရာဖြစ်စေခြင်းငှါ ယာကုပ်ကို၎င်း၊ ထားပြ တို့ လက်သို့ ဣသရေလကို၎င်း အဘယ်သူ အပ်သနည်း။ ငါတို့ ပြစ်မှားသော အရှင်ထာဝရဘုရား အပ်တော်မူ သည်မဟုတ်လော။ သူတို့သည် နောက်တော်သို့ မလိုက်၊ တရားတော်ကို မကျင့်ဘဲ နေကြ၏။