- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 800–400 BC
The Hebrew Prophets
God speaks through Isaiah, Jeremiah, and the minor prophets—calling Israel to repentance and foretelling the coming Messiah.
ဤကာလမှ အခန်းငယ်များ
- ဟေရှာယအနာဂတ္တိကျမ်း 41:4ခရစ်တော် မပေါ်မီ 712 ခန့်
ထိုအမှုများကို စီရင်ဖန်ဆင်းလျက်၊ ရှေ့ဦးစွာမှ စ၍ လူမျိုးအစဉ်အဆက်တို့ကို ခေါ်သောသူသည် အဘယ်သူနည်းဟူမူကား၊ အဦးဆုံးသော သူဖြစ်၍၊ နောက်ဆုံးသော သူတို့နှင့်ရှိသော ငါထာဝရဘုရား ပေတည်း။
- ဟေရှာယအနာဂတ္တိကျမ်း 41:5ခရစ်တော် မပေါ်မီ 712 ခန့်
တကျွန်းတနိုင်ငံအရပ်တို့သည် မြင်၍ ကြောက် ကြ၏။ မြေကြီးစွန်းသားတို့သည် ထိတ်လန့်သော စိတ်နှင့် ချဉ်းကပ်၍ စုဝေးကြ၏။
- ဟေရှာယအနာဂတ္တိကျမ်း 41:6ခရစ်တော် မပေါ်မီ 712 ခန့်
အိမ်နီးချင်းတယောက်ကို တယောက်မစ၍၊ ညီအစ်ကိုချင်း တယောက်ကိုတယောက်၊ မစိုးရိမ်နှင့်ဟု ဆိုကြ၏။
- ဟေရှာယအနာဂတ္တိကျမ်း 41:7ခရစ်တော် မပေါ်မီ 712 ခန့်
ထိုသို့ ပန်းတဉ်းသမားသည် ပန်းထိမ်သမားကို နှိုးဆော်တတ်၏။ သံတူနှင့် ချောစေသော သူသည်။ ပေပေါ်မှာ ရိုက်သော သူကိုလည်း နှိုးဆော်၍၊ ဂဟေ ကောင်းသည်ဟု ဆိုတတ်၏။ ရုပ်တုကို မလှုပ်ရှားစေခြင်း ငှါ သံချွန်နှင့် ရိုက်ထားတတ်၏။
- ဟေရှာယအနာဂတ္တိကျမ်း 41:8ခရစ်တော် မပေါ်မီ 712 ခန့်
ငါ့ကျွန်ဣသရေလ၊ ငါရွေးချယ်သောသူ ယာကုပ်၊ ငါ့အဆွေအာဗြဟံ၏သား၊
- ဟေရှာယအနာဂတ္တိကျမ်း 41:9ခရစ်တော် မပေါ်မီ 712 ခန့်
မြေကြီးအစွန်းအနားမှ ငါလက်ဆွဲ၍ ခေါ်သော သူ၊ သင်သည် ငါ့ကျွန်ဖြစ်၏ဟူ၍၎င်း၊ သင့်ကို ငါရွေး ချယ်ပြီ၊ သင့်ကို မပစ်မပယ်ဟူ၍၎င်း၊ ဂတိကို ခံရသောသူ၊
- ဟေရှာယအနာဂတ္တိကျမ်း 41:10ခရစ်တော် မပေါ်မီ 712 ခန့်
မစိုးရိမ်နှင့်။ ငါသည် သင့်ဘက်မှာ ရှိ၏။ မကြောက်နှင့်။ သင်၏ဘုရားသခင် ငါသည် သင့်ကို ခိုင်ခံ့ စေမည်။ သင့်ကို စောင့်မမည်။ ငါ့သစ္စာလက်ျာလက်ဖြင့် ထောက်ပင့်မည်။
- ဟေရှာယအနာဂတ္တိကျမ်း 41:11ခရစ်တော် မပေါ်မီ 712 ခန့်
သင်၌အမျက်ထွက်သော သူတို့သည် ရှက် ကြောက်ခြင်းနှင့် မျက်နှာပျက်ခြင်း ရှိကြလိမ့်မည်။ သင်၌ ရန်ပြုသော သူတို့သည် အဘယ်မျှ မဟုတ်သကဲ့သို့ ဖြစ်၍၊ ရှင်းရှင်းပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။
- ဟေရှာယအနာဂတ္တိကျမ်း 41:12ခရစ်တော် မပေါ်မီ 712 ခန့်
သင်နှင့် ဆန့်ကျင်ဘက်ပြုသော သူတို့ကို သင် သည် ရှာ၍ မတွေ့ရ။ သင့်ကို စစ်တိုက်သော သူတို့သည် အဘယ်မျှ မဟုတ်သကဲ့သို့၎င်း၊ အနတ္တသက်သက်ကဲ့သို့ ၎င်း ဖြစ်ကြလိမ့်မည်။
- ဟေရှာယအနာဂတ္တိကျမ်း 41:13ခရစ်တော် မပေါ်မီ 712 ခန့်
အကြောင်းမူကား၊ သင်၏ဘုရားသခင်ထာဝရ ဘုရားက၊ မစိုးရိမ်နှင့်။ ငါမစမည်ဟု သင့်အားဆိုလျက်၊ သင်၏လက်ျာလက်ကို ကိုင်မည်။
- ဟေရှာယအနာဂတ္တိကျမ်း 41:14ခရစ်တော် မပေါ်မီ 712 ခန့်
အိုတီကောင်ယာကုပ်၊ အမျိုးငယ် ဣသရေလ၊ မစိုးရိမ်နှင့်။ ငါသည် သင့်ကို မစသော သူဖြစ်၏။ သင့်ကို ရွေးနှုတ်သောသူသည်၊ ဣသရေလအမျိုး၏ သန့်ရှင်း သော ဘုရားဖြစ်သည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
- ဟေရှာယအနာဂတ္တိကျမ်း 41:15ခရစ်တော် မပေါ်မီ 712 ခန့်
ငါသည် သင့်ကို အသွားရှိသော စပါးနယ်စရာ ယန္တရားစက် အသစ်ဖြစ်စေမည်။ သင်သည် တောင်ကြီး တို့ကို နယ်၍ ညက်စေမည်။ တောင်ငယ်တို့ကို ဖွဲကဲ့သို့ ဖြစ်စေမည်။
- ဟေရှာယအနာဂတ္တိကျမ်း 41:16ခရစ်တော် မပေါ်မီ 712 ခန့်
သူတို့ကို လှေ့၍၊ လေသည် သူတို့ကို တိုက်သွား လိမ့်မည်။ မုန်တိုင်းလွှင့်လိမ့်မည်။ သင်မူကား ထာဝရ ဘုရား၌ ဝမ်းမြောက်လိမ့်မည်။ ဣသရေလအမျိုး၏ သန့်ရှင်းသော ဘုရား၌ ဝါကြွားလိမ့်မည်။
- ဟေရှာယအနာဂတ္တိကျမ်း 41:17ခရစ်တော် မပေါ်မီ 712 ခန့်
ဆင်းရဲသောသူနှင့် ငတ်မွတ်သော သူတို့သည် ရေကိုရှာ၍ မတွေ့၊ ရေငတ်၍ လျှာ သွေ့ခြောက်သော အခါ၊ ငါထာဝရဘုရားသည် သူတို့ စကားကို နားထောင် မည်။ ဣသရေလအမျိုး၏ ဘုရားသခင်ဖြစ်သော ငါသည် သူတို့ကို မစွန့်။
- ဟေရှာယအနာဂတ္တိကျမ်း 41:18ခရစ်တော် မပေါ်မီ 712 ခန့်
မြင့်သောအရပ်တို့၌ မြစ်ကို၎င်း၊ နိမ့်သော အရပ်တို့၌ စမ်းရေကို၎င်း ငါပေါက်စေမည်။ တောအရပ် ၌ ရေကန်များကို၎င်း၊ သွေ့ခြောက်သောအရပ်၌ စမ်းရေ တွင်းများကို၎င်း ငါဖြစ်စေမည်။
- ဟေရှာယအနာဂတ္တိကျမ်း 41:19ခရစ်တော် မပေါ်မီ 712 ခန့်
တော၌ အာရဇ်ပင်၊ အကာရှပင်၊ မုရတုပင်၊ သံလွင်ပင်များကို၎င်း၊ လွင်ပြင်၌ ထင်းရူးပင်၊ တဒေရ ပင်၊ တာရှုရပင်များကို၎င်း ရောနှောလျက် စိုက်မည်။
- ဟေရှာယအနာဂတ္တိကျမ်း 41:20ခရစ်တော် မပေါ်မီ 712 ခန့်
သို့ဖြစ်၍၊ ထာဝရဘုရားသည် ဤအမှုကို စီရင် ၍၊ ဣသရေလအမျိုး၏ သန့်ရှင်းသော ဘုရားဖန်ဆင်း တော်မူကြောင်းကို၊ ထိုသူအပေါင်းတို့သည် သိမြင်၍၊ ဆင်ခြင်နားလည်ကြလိမ့်မည်။
- ဟေရှာယအနာဂတ္တိကျမ်း 41:21ခရစ်တော် မပေါ်မီ 712 ခန့်
သင်တို့၏ အမှုကို စောင့်ကြလော့ဟု ထာဝရ ဘုရားမိန့်တော်မူ၏။ သင်တို့၏ခိုင်ခံ့သော သက်သေများ ကို ထုတ်ပြကြလော့ဟု ယာကုပ်အမျိုး၏ ရှင်ဘုရင် မိန့်တော်မူ၏။
- ဟေရှာယအနာဂတ္တိကျမ်း 41:22ခရစ်တော် မပေါ်မီ 712 ခန့်
ထုတ်ဘော်၍ အနာဂတ္တိအရာတို့ကို ငါတို့အား ပြကြစေ။ အရင်ဖြစ်ဘူးသော အရာတို့သည် အဘယ်သို့ ဖြစ်သည်ကို ငါတို့ ဆင်ခြင်၍၊ ထိုအရာတို့၏ အဆုံးကို သိရမည်အကြောင်း ဘော်ပြကြစေ။ သို့မဟုတ်၊ ဖြစ်လတံ့ သောအရာတို့ကို ငါတို့အား ဟောပြောကြစေ။
- ဟေရှာယအနာဂတ္တိကျမ်း 41:23ခရစ်တော် မပေါ်မီ 712 ခန့်
သင်တို့သည် ဘုရားဖြစ်သည်ကို ငါတို့ သိရမည် အကြောင်း၊ ဖြစ်လတံ့သော အရာတို့ကို ပြကြလော့။ အချင်းချင်း တယောက်ကိုတယောက် ကြည့်ရှုတွေ့မြင် မည်အကြောင်း၊ ကောင်းသောအမှု၊ ဆိုးသောအမှု တစုံ တခုကို ပြုကြလော့။
- ဟေရှာယအနာဂတ္တိကျမ်း 41:24ခရစ်တော် မပေါ်မီ 712 ခန့်
သင်တို့သည် အဘယ်မျှမဟုတ်သော အရာ ထက်သာ၍ ယုတ်မာကြ၏။ သင်တို့အမှုလည်း၊ အဘယ်မျှ မဟုတ်သော အမှုထက်သာ၍ ယုတ်မာ၏။ သင်တို့ကို ရွေးယူသော သူသည် ရွံ့ရှာဘွယ် ဖြစ်၏။
- ဟေရှာယအနာဂတ္တိကျမ်း 41:25ခရစ်တော် မပေါ်မီ 712 ခန့်
မြောက်မျက်နှာ၌ လူတယောက်ကို ငါပေါ်ထွန်း စေ၍၊ သူသည် လာလိမ့်မည်။ နေထွက်ရာမှလာ၍ ငါ့နာမကို ပဌနာပြုလိမ့်မည်။ အိုးထိန်းသမားသည် အိုးမြေကို နင်းသကဲ့သို့၊ ထိုသူသည် မင်းတို့ကို အိုးမြေ အမှတ်နှင့် ကျော်နင်းလိမ့်မည်။
- ဟေရှာယအနာဂတ္တိကျမ်း 41:26ခရစ်တော် မပေါ်မီ 712 ခန့်
ငါတို့သည် သိရမည်အကြောင်း၊ ရှေ့ဦးစွာမှစ၍ အဘယ်သူသည် ဟောပြောသနည်း။ မှန်ပေ၏ဟု ငါတို့ သည် ဆိုရမည်အကြောင်း၊ ရှေးမဆွက အဘယ်သူသည် ဟောပြောသနည်း။ ဘော်ပြသော သူတယောက်မျှမရှိ။ ဟောပြောသော သူတယောက်မျှမရှိ။ သင်တို့ စကားကို ကြားသောသူတယောက်မျှမရှိ။၏
- ဟေရှာယအနာဂတ္တိကျမ်း 41:27ခရစ်တော် မပေါ်မီ 712 ခန့်
ဤမည်သောအမှုတို့သည် ဖြစ်ကြလိမ့်မည်ဟု ရှေးဦးစွာ ငါသည် ဇိအုန်မြို့အား ပြော၏။ ဝမ်းမြောက် စရာ သိတင်းကို ကြားပြောသော တမန်ကိုလည်း၊ ယေရု ရှလင်မြို့သို့ ငါစေလွှတ်၏။
- ဟေရှာယအနာဂတ္တိကျမ်း 41:28ခရစ်တော် မပေါ်မီ 712 ခန့်
သူတို့ကို ငါကြည့်ရှုသောအခါ၊ တစုံတယောက်မျှ မရှိ။ သူတို့တွင် သတိပေးသော သူတယောက်မျှမရှိ။ ပြန်ပြောစေခြင်းငှါ သူတို့ကို ငါမေးမြန်းသော်လည်း၊