- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 800–400 BC
The Hebrew Prophets
God speaks through Isaiah, Jeremiah, and the minor prophets—calling Israel to repentance and foretelling the coming Messiah.
ဤကာလမှ အခန်းငယ်များ
- ဟေရှာယအနာဂတ္တိကျမ်း 20:1ခရစ်တော် မပေါ်မီ 714 ခန့်
အာရှုရိရှင်ဘုရင်သာဂုန်စေလွှတ်သော ဗိုလ် မင်းတာတန်သည် အာဇုတ်မြို့သို့စစ်ချီ၍၊ ထိုမြို့ကို လုပ် ကြံသော နှစ်တွင်
- ဟေရှာယအနာဂတ္တိကျမ်း 20:2ခရစ်တော် မပေါ်မီ 714 ခန့်
ထာဝရဘုရားက၊ သင်သည်သွား၍ ခါးစည်း သော လျှော်တေအဝတ်နှင့် ခြေနင်းကိုချွတ်လော့ဟု၊ အာမုတ်သားဟေရှာယကို မိန့်တော်မူသည်အတိုင်း၊ သူ သည် ပြု၍ အဝတ်ကို မဝတ်၊ ခြေနင်းကိုမစီးဘဲ သွားလာ လျက်နေ၏။
- ဟေရှာယအနာဂတ္တိကျမ်း 20:3ခရစ်တော် မပေါ်မီ 714 ခန့်
ထာဝရဘုရားကလည်း၊ ငါ့ကျွန်ဟေရှာယသည် အဲဂုတ္တုပြည်နှင့် ကုရှပြည်၌ ပုပ္ပနိမိတ်၊ အံ့ဘွယ်သော အရာကိုပြခြင်းငှါ၊ သုံးနှစ်ပတ်လုံး အဝတ်ကိုမဝတ်၊ ခြေနင်းကိုမစီးဘဲ သွားလာသကဲ့သို့၊
- ဟေရှာယအနာဂတ္တိကျမ်း 20:4ခရစ်တော် မပေါ်မီ 714 ခန့်
ထိုနည်းတူ၊အဲဂုတ္တုလူများကို အရှက်ခွဲခြင်း အလိုငှါ၊ အာရှုရိရှင်ဘုရင်သည် အဲဂုတ္တုလူနှင့် ကုရှ လူအကြီးအငယ်တို့အား အဝတ်နှင့် ခြေနင်းကို ချွတ်၍၊ တင်ပါးကိုမျှ မဖုံးစေဘဲ၊ ဘမ်းဆီးချုပ်ထား သိမ်းသွား လိမ့်မည်။
- ဟေရှာယအနာဂတ္တိကျမ်း 20:5ခရစ်တော် မပေါ်မီ 714 ခန့်
အာဇုတ်မြို့သားတို့သည် ကြောက်ကြလိမ့်မည်။ သူတို့ ကိုးစားသော ကုရှပြည်ကို၎င်း၊ ဝါကြွားသော အဲဂုတ္တုပြည်ကို၎င်း ရှက်ကြလိမ့်မည်။
- ဟေရှာယအနာဂတ္တိကျမ်း 20:6ခရစ်တော် မပေါ်မီ 714 ခန့်
ထိုကမ်းနားမှာ နေသောသူများကလည်း၊ ကြည့်ပါ၊ အာရှုရိရှင်ဘုရင်၏ လက်မှလွတ်ခြင်းငှါ ငါတို့ မြော်လင့်ရာအရာ၊ ပြေး၍ခိုလှုံရာအရာသည် ထိုသို့ဖြစ်ပါ သည်တကား။ ငါတို့သည် အဘယ်သို့ လွတ်နိုင်ပါမည် နည်းဟု ထိုအခါဆိုကြလိမ့်မည်။
- ဟေရှာယအနာဂတ္တိကျမ်း 21:1ခရစ်တော် မပေါ်မီ 714 ခန့်
ရေလွှမ်းမိုးသော တောနှင့်ဆိုင်သော ဗျာဒိတ် တော်ကား၊ တောင်လေမုန်တိုင်းတိုက်သကဲ့သို့ ကြောက် မက်ဘွယ်သော ပြည်၊ တောကြီးမှလာ၏။
- ဟေရှာယအနာဂတ္တိကျမ်း 21:2ခရစ်တော် မပေါ်မီ 714 ခန့်
ကြောက်မက်ဘွယ်သော ရူပါရုံကို ငါမြင်ရ၏။ လုယူတတ်သောသူသည် ဖျက်ဆီး၏။ ဧလံပြည်သားတို့၊ တက်သွားကြလော့။ မေဒိပြည်သားတို့၊ မြို့ကိုဝိုင်းထားကြ လော့။ ထိုမြို့ကြောင့်၊ သူတပါးညည်းတွားခြင်းရှိသမျှကို ငါငြိမ်းစေ၏။
- ဟေရှာယအနာဂတ္တိကျမ်း 21:3ခရစ်တော် မပေါ်မီ 714 ခန့်
ထို့ကြောင့်၊ ငါသည် ခါးနာလှ၏။ သားဘွား သော မိန်းမခံရသကဲ့သို့ ဝေဒနာကိုခံရ၏။ နားမကြားနိုင် အောင် ပြင်းထန်စွာခံရ၏။ မျက်စိမမြင်နိုင်အောင် မှိုင်တွေလျက်ရှိ၏။
- ဟေရှာယအနာဂတ္တိကျမ်း 21:4ခရစ်တော် မပေါ်မီ 714 ခန့်
ငါ့စိတ်နှလုံးသည် မူးလျက်ရှိ၏။ ကြောက်မက် ဘွယ်သော အရာဖြင့် ငါသည်ထိတ်လန့်လျက်ရှိ၏။ ငါပျော်မွေ့သောညဉ့်ကိုဘေးနှင့် ပြည့်စုံစေတော်မူ၏။
- ဟေရှာယအနာဂတ္တိကျမ်း 21:5ခရစ်တော် မပေါ်မီ 714 ခန့်
စားပွဲကိုပြင်ပြီ။ ကင်းစောင့်ကို ထားပြီ။ စားသောက်လျက်နေကြပြီ။ အိုမင်းများတို့၊ ထကြ၊ လွှားကို ဆီလောင်းကြ။
- ဟေရှာယအနာဂတ္တိကျမ်း 21:6ခရစ်တော် မပေါ်မီ 714 ခန့်
အကြောင်းမူကား၊ ဘုရားရှင်က၊ သင်သွား၍ ကင်းစောင့်ကိုထားလော့။ မြင်သည့်အတိုင်းပြော စေ လော့ဟု ငါ့အားမိန့်တော်မူ၏။
- ဟေရှာယအနာဂတ္တိကျမ်း 21:7ခရစ်တော် မပေါ်မီ 714 ခန့်
ကင်းစောင့်သည်လည်း၊နှစ်စီးစီ နှစ်စီးစီ ချီလာ သော မြင်းတပ်တတပ်၊ မြည်းတပ်တတပ်၊ ကုလားအုပ် တပ်တတပ်ကို မြင်၍၊ သတိနှင့် စေ့စေ့ကြည့်ရှု နားထောင် ပြီးလျှင်၊
- ဟေရှာယအနာဂတ္တိကျမ်း 21:8ခရစ်တော် မပေါ်မီ 714 ခန့်
သခင်၊ကျွန်တော်သည် နေ့အချိန်၌ ကင်းမျှော် စင်ပေါ်မှာ အစဉ်ရပ်၍၊ တညဉ့်လုံး၌လည်း ကင်းစောင့် လျက်နေပါ၏။
- ဟေရှာယအနာဂတ္တိကျမ်း 21:9ခရစ်တော် မပေါ်မီ 714 ခန့်
ယခုမှာ နှစ်စီးစီ နှစ်စီးစီ ချီလာသော မြင်းစီးသူ ရဲတပ်ကို မြင်ပါသည်ဟု ခြင်္သေ့ကဲ့သို့ ကြွေးကြော်၏။ သူ ကလည်း၊ ဗာဗုလုန်မြို့ပြိုလဲပြီ၊ ပြိုလဲပြီ၊ သူ၏ဘုရားရုပ်တု ဆင်းတု ရှိသမျှတို့သည် မြေပေါ်မှာ ကျိုးပဲ့လျက် ရှိကြ ပါသည်ဟု ထပ်၍ဆိုလေ၏။
- ဟေရှာယအနာဂတ္တိကျမ်း 21:10ခရစ်တော် မပေါ်မီ 714 ခန့်
ငါနင်းနယ်၍ ငါ့တလင်းပြင်မှ ထွက်သောစပါး၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား၊ ဣသရေလ အမျိုး၏ ဘုရား သခင်မိန့်တော်မူသည်ကို ငါကြားရသည် အတိုင်း၊ သင်တို့အား ငါဆင့်ဆိုသတည်း။
- ဟေရှာယအနာဂတ္တိကျမ်း 21:11ခရစ်တော် မပေါ်မီ 714 ခန့်
ဒုမာပြည်နှင့်ဆိုင်သော ဗျာဒိတ်တော်ကား၊ အိုကင်းစောင့်၊ ညဉ့်အမှုကား အဘယ်သို့နည်း။ အိုကင်း စောင့်၊ ညဉ့်အမှုကား အဘယ်သို့နည်းဟု စိရ တောင် ပေါ်က ငါ့ကို ဟစ်ခေါ်လေ၏။
- ဟေရှာယအနာဂတ္တိကျမ်း 21:12ခရစ်တော် မပေါ်မီ 714 ခန့်
ကင်းစောင့်ကလည်း၊ နံနက်သည်လာ၏။ ညဉ့် လည်းလာ၏။ သင်တို့သည် မေးမြန်းလိုလျှင် မေးမြန်း ကြ။ ပြန်သွားကြ။ တဖန် လာကြဟု ဆိုလေ၏။
- ဟေရှာယအနာဂတ္တိကျမ်း 21:13ခရစ်တော် မပေါ်မီ 714 ခန့်
အာရပ်ပြည်နှင့် ဆိုင်သော ဗျာဒိတ်တော်ကား၊ ခရီးသွားသော ဒေဒန် လူစုတို့၊ သင်တို့သည် အာရပ်တော မှာ ညဉ့်ကို လွန်စေရကြမည်။
- ဟေရှာယအနာဂတ္တိကျမ်း 21:14ခရစ်တော် မပေါ်မီ 714 ခန့်
တေမပြည်သားတို့၊ ရေငတ်သောသူ အဘို့ ရေကို ယူခဲ့ကြ၏။ ပြေးသောသူကို မုန့်နှင့်ဆီး၍ ကြိုကြ၏။
- ဟေရှာယအနာဂတ္တိကျမ်း 21:15ခရစ်တော် မပေါ်မီ 714 ခန့်
အကြောင်းမူကား၊ သူတို့သည် ထားဘေးမှ၎င်း၊ ထုတ်သောထား၊ တင်သောလေး၊ အလွန်ခက်သော စစ်မှု မှ၎င်းပြေးကြ၏။
- ဟေရှာယအနာဂတ္တိကျမ်း 21:16ခရစ်တော် မပေါ်မီ 714 ခန့်
ထာဝရဘုရားသည် ငါ့အား မိန့်တော်မူသည် ကား၊ အခစားသောသူရေတွက်သည်အတိုင်း၊ တနှစ်တွင် ကေဒါမြို့၏ ဘုန်းအသရေ ရှိသမျှ ကွယ်ပျောက်၍၊
- ဟေရှာယအနာဂတ္တိကျမ်း 21:17ခရစ်တော် မပေါ်မီ 714 ခန့်
ကျန်ကြွင်းသော ကေဒါအမျိုးသား၊ လေးစွဲသူရဲ တို့သည် အလွန် နည်းကြလိမ့်မည်ဟု၊ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူ၏။
- ဟေရှာယအနာဂတ္တိကျမ်း 22:1ခရစ်တော် မပေါ်မီ 712 ခန့်
ဗျာဒိတ်ရူပါရုံချိုင့် နှင့် ဆိုင်သော ဗျာဒိတ်တော် ကား၊ သင့်တမြို့လုံးသည် အိမ်မိုးပေါ်သို့ တက်ရမည် အကြောင်း၊ အဘယ်အမှု ရောက်သနည်း။
- ဟေရှာယအနာဂတ္တိကျမ်း 22:2ခရစ်တော် မပေါ်မီ 712 ခန့်
အထက်က အသံဗလံများ၍ အုတ်အုတ်ကျက် ကျက် ပြုတတ်သောမြို့၊ ရွှင်လန်းသောမြို့၊ သင်၏ လူသေ တို့သည် ထား လက်နက်ကြောင့် ဆုံးကြသည်မဟုတ်။ စစ်တိုက်ရာမှာ သေကြသည် မဟုတ်။