circa AD 48–96
Letters to the Churches
Paul and other apostles write to strengthen, correct, and encourage the scattered churches across the Roman world.
ဤကာလမှ အခန်းငယ်များ
- ဂလာတိဩဝါဒစာ 4:25ခရစ်နှစ် 58 ခန့်
အကြောင်းမူကား၊ ဟာဂရသည် အာရပ်ပြည်၌ရှိသော သိနာတောင်ဖြစ်၏။ ယခုရှိသော ယေရုရှလင်မြို့နှင့် တူ၏၊ မိမိသားများနှင့်တကွ ကျွန်ခံရ၏။
- ဂလာတိဩဝါဒစာ 4:26ခရစ်နှစ် 58 ခန့်
အပေါ်မှာရှိသော ယေရုရှလင်မြို့မူကား၊ ခပ်သိမ်းသော ငါတို့၏ အမိတည်းဟူသော ကျွန်မမဟုတ် သော မိန်းမဖြစ်သတည်း။
- ဂလာတိဩဝါဒစာ 4:27ခရစ်နှစ် 58 ခန့်
ကျမ်းစာလာသည်ကား၊ သားမဘွားသော အမြုံမ၊ ဝမ်းမြောက်လော့။ သားဘွားခြင်းဝေဒနာကို မခံသေးသောမိန်းမ၊ ကြွေးကြော်အော်ဟစ်လော့။ အကြောင်းမူကား၊ စွန့်ထားသောမိန်းမသည် လင်ရှိသော မိန်းမထက် သာ၍များသော သားတို့ကို ဘွားမြင်ပြီဟု လာသတည်း။
- ဂလာတိဩဝါဒစာ 4:28ခရစ်နှစ် 58 ခန့်
ညီအစ်ကိုတို့၊ ငါတို့သည်ဣဇာက်ကဲ့သို့ ဂတိတော်နှင့်စပ်ဆိုင်သော သားဖြစ်ကြ၏။
- ဂလာတိဩဝါဒစာ 4:29ခရစ်နှစ် 58 ခန့်
ထိုအခါ ဇာတိပကတိအားဖြင့် ဘွားသောသားသည် ဝိညာဉ်တော်အားဖြင့် ဘွားသောသားကို ညှင်းဆဲ သကဲ့သို့၊ ထိုနည်းတူ ယခုပင်ဖြစ်၏။
- ဂလာတိဩဝါဒစာ 4:30ခရစ်နှစ် 58 ခန့်
သို့သော်လည်းအဘယ်သို့ ကျမ်းစာလာသနည်းဟူမူကား၊ ကျွန်မနှင့်သူ၏သားကိုနှင်ထုတ်လော့။ ကျွန်မ ၏သားသည် ကျွန်မမဟုတ်သော မိန်းမ၏သားနှင့်အတူ အမွေမခံရဟုလာသတည်း။
- ဂလာတိဩဝါဒစာ 4:31ခရစ်နှစ် 58 ခန့်
ယခုတွင်ညီအစ်ကိုတို့၊ ငါတို့သည် ကျွန်မ၏ သားမဟုတ်၊ ကျွန်မမဟုတ်သော မိန်းမ၏သားဖြစ်ကြ၏။
- ဂလာတိဩဝါဒစာ 5:1ခရစ်နှစ် 58 ခန့်
ထိုကြောင့် ခရစ်တော်သည် ငါတို့ကို လွှတ်တော်မူသော လွှတ်ခြင်းအခွင့်၌တည်နေသဖြင့်၊ ကျွန်ခံရာ ထမ်းဘိုးကိုထမ်း၍ ချည်နှောင်ခြင်းကို တဖန်မခံကြနှင့်။
- ဂလာတိဩဝါဒစာ 5:2ခရစ်နှစ် 58 ခန့်
ငါပေါလုဆိုသည်ကား၊ သင်တို့သည် အရေဖျားလှီးခြင်းကိုခံလျှင်၊ ခရစ်တော်အားဖြင့် အဘယ်အကျိုး ကိုမျှမရနိုင်ကြ။
- ဂလာတိဩဝါဒစာ 5:3ခရစ်နှစ် 58 ခန့်
အရေဖျားလှီးခြင်းကို ခံသောလူအပေါင်းတို့အား ငါတဖန်သက်သေခံသည်ကား၊ ထိုသို့သောသူသည် ပညတ်တရားကို အကြွင်းမဲ့ကျင့်အံ့သောငှါ ကြွေးတင်သောသူဖြစ်၏။
- ဂလာတိဩဝါဒစာ 5:4ခရစ်နှစ် 58 ခန့်
ပညတ်တရားအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သမျှသော သင်တို့သည် ခရစ်တော်နှင့်ကွာ၍ ကျေးဇူး တရား၌မတည်၊ ရွေ့လျော့ကြပြီ။
- ဂလာတိဩဝါဒစာ 5:5ခရစ်နှစ် 58 ခန့်
ငါတို့မူကား၊ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်မည်ဟု မြော်လင့်သောကျေးဇူးတော်ကို ဝိညာဉ်တော်အားဖြင့် ငံ့လင့်၍နေကြ၏။
- ဂလာတိဩဝါဒစာ 5:6ခရစ်နှစ် 58 ခန့်
ယေရှုခရစ်တော်၌ အရေဖျားလှီးခြင်း အကျိုးမရှိ၊ မခံဘဲနေခြင်းလည်းအကျိုးမရှိ။ မေတ္တာအားဖြင့် ပြုပြင်တတ်သော ယုံကြည်ခြင်းသာ အကျိုးရှိ၏။
- ဂလာတိဩဝါဒစာ 5:7ခရစ်နှစ် 58 ခန့်
အထက်ကသင်တို့သည် ကောင်းမွန်စွာ ပြေးကြ၏။ သို့ဖြစ်၍ သမ္မာတရားကို နားမထောင်စေခြင်းငှါ အဘယ်သူဆီးတားသနည်း။
- ဂလာတိဩဝါဒစာ 5:8ခရစ်နှစ် 58 ခန့်
ယခုယူသောအယူကား၊ သင်တို့ကို ခေါ်တော်မူသော သူ၏ဩဝါဒကိုအမှီပြု၍ ယူသောအယူမဟုတ်။
- ဂလာတိဩဝါဒစာ 5:9ခရစ်နှစ် 58 ခန့်
အနည်းငယ်သောတဆေးသည် မုန့်စိမ်းတပုံလုံးကို ဖေါင်းကြွစေတတ်၏။
- ဂလာတိဩဝါဒစာ 5:10ခရစ်နှစ် 58 ခန့်
သင်တို့သည် ကွဲပြားသောအယူရှိသမျှကို ပယ်လိမ့်မည်ဟု သခင်ဘုရားကို ငါအမှီပြု၍ စိတ်စွဲလမ်းခြင်းရှိ၏။ သင်တို့ကို နှောက်ယှက်သော သူမည်သည်ကား၊ မိမိ အပြစ်ဒဏ်ကိုခံရလိမ့်မည်။
- ဂလာတိဩဝါဒစာ 5:11ခရစ်နှစ် 58 ခန့်
တဖန်တုံ၊ ညီအစ်ကိုတို့၊ ငါသည် အရေဖျားလှီးခြင်းတရားကို ဟောပြောသေးသည်မှန်လျှင်၊ အဘယ် ကြောင့်ညှဉ်းဆဲခြင်းကို ခံရသေးသနည်း။ ထိုသို့ပြောလျှင်၊ လက်ဝါးကပ်တိုင်တော်ကို ထိမိ၍လဲစရာအကြောင်း ပယ်ရှင်းလျက်ရှိ၏။
- ဂလာတိဩဝါဒစာ 5:12ခရစ်နှစ် 58 ခန့်
သင်တို့ကို မှောက်မှားစေသောသူတို့ကို ပယ်ရှားနှင်ထုတ်စေခြင်းငှါ ငါအလိုရှိ၏။
- ဂလာတိဩဝါဒစာ 5:13ခရစ်နှစ် 58 ခန့်
ညီအစ်ကိုတို့၊ သင်တို့သည်လွှတ်ခြင်းအခွင့်ကို ရသောသူဖြစ်ကြ၏။ သို့သော်လည်း ဇာတိပကတိအား အခွင့်ကိုပေး၍၊ ထိုလွှတ်ခြင်းကို မသုံးကြနှင့်။ အချင်းချင်းချစ်၍ အမှုချင်းကို ဆောင်ရွက်ကြလော့။
- ဂလာတိဩဝါဒစာ 5:14ခရစ်နှစ် 58 ခန့်
အကြောင်းမူကား၊ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ပညတ်တပါးကို ကျင့် လျှင်၊ ပညတ်တရားရှိသမျှကို အကြွင်းမဲ့ကျင့်ရာ ရောက်၏။
- ဂလာတိဩဝါဒစာ 5:15ခရစ်နှစ် 58 ခန့်
သို့မဟုတ်အချင်းချင်းကိုက်စားလျှင် အချင်းချင်း ဖျက်ဆီးမည်ဟု စိုးရိမ်၍သတိရှိကြလော့။
- ဂလာတိဩဝါဒစာ 5:16ခရစ်နှစ် 58 ခန့်
ငါပညတ်သည်ကား၊ ဝိညာဉ်ပကတိအတိုင်း ကျင့်ကြလော့။ ထိုသို့ကျင့်လျှင် ဇာတိပကတိ၏အလိုသို့ မလိုက်ဘဲနေကြလိမ့်မည်။
- ဂလာတိဩဝါဒစာ 5:17ခရစ်နှစ် 58 ခန့်
အကြောင်းမူကား၊ ဇာတိပကတိနှင့် ဝိညာဉ် ပကတိသည် တပါးနှင့်တပါးဆန့်ကျင်သော အလိုရှိကြ၏။ တပါးနှင့်တပါး ဆန့်ကျင်ဘက်ဖြစ်၍၊ သင်တို့သည် ကျင့်ချင်သော အကျင့်ကို မကျင့်နိုင်ကြ။
- ဂလာတိဩဝါဒစာ 5:18ခရစ်နှစ် 58 ခန့်
သို့သော် ဝိညာဉ်ပကတိအလိုသို့ လိုက်လျှင် ပညတ်တရားနှင့် လွတ်ကြ၏။