အကြောင်းအရာသို့ ကျော်သွားရန်

Egypt

561 verses · 4 known names

အခြားအမည်: Egyptian, Egyptians, Egyptian's

30.1000, 31.3300 Google Maps တွင် ကြည့်ရန်

Egypt ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ယေရုရှလင်မြို့ကို ပိုင်းသော ခါလဒဲလူတို့သည်၊ အဲဂုတ္တုပြည်မှ ဖာရောဘုရင်၏ ဗိုလ်ခြေများစစ်ချီ၍ လာကြောင်းကို ကြားလျှင်၊ ထိုမြို့မှ ထွက်သွားကြပြီ။

  2. ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ့ကိုမေးလျှောက်စေခြင်းငှါ၊ သင့်ကိုမှာလိုက်သော ယုဒရှင်ဘုရင်အား ဤသို့ပြန်ပြော လော့။ သင်တို့ကိုစစ်ကူခြင်းငှါလာသော ဖာရောဘုရင်၏ ဗိုလ်ခြေတို့သည်သူတို့နေရင်း အဲဂုတ္တုပြည်သို့ ပြန်သွားကြ လိမ့်မည်။

  3. ခါလဒဲလူတို့ကြောင့် အဲဂုတ္တုပြည်သို့ပြောင်းမည် အကြံရှိလျက်၊ ဗက်လင်မြို့နှင့်နီးသော ခိမဟံရွာသို့သွား၍ နေကြ၏။

  4. စစ်မှုကိုမတွေ့မမြင်၊ တံပိုးမှုတ်သံကို မကြား၊ မငတ်မမွတ်ရာအရပ်၊ အဲဂုတ္တုပြည်သို့သွား၍ နေမည်ဟု ဆိုလျှင်၊

  5. ကျန်ကြွင်းသော ယုဒအမျိုးသားတို့၊ ထာဝရ ဘုရား၏အမိန့်တော်ကို ကြားကြလော့။ ဣသရေလ အမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားမိန့်တော်မူသည်ကား၊ သင်တို့သည် အဲဂုတ္တုပြည်သို့ သွားခြင်းငှါ ကျပ်ကျပ်မျက်နှာပြုလျက်၊ ထိုပြည်သို့အမှန်သွား၍ တည်းခိုလျှင်၊

  6. သင်တို့ကြောက်သော ထားဘေးသည် အဲဂုတ္တု ပြည်၌ သင်တို့ကို မှီလိမ့်မည်။ သင်တို့ကြောက်သော မွတ်သိပ်ခြင်းဘေးသည်လည်း၊ အဲဂုတ္တုပြည်၌ သင်တို့ကို ကျပ်ကျပ်လိုက်၍၊ ထိုပြည်၌သင်တို့သည် သေကြလိမ့် မည်။

  7. အဲဂုတ္တုပြည်သို့သွား၍ တည်းခိုခြင်းငှါ မျက်နှာ ပြုသောသူအပေါင်းတို့သည် ထားဘေး၊ မွတ်သိပ်ခြင်း ဘေး၊ ကာလနာဘေးတို့ဖြင့် သေကြလိမ့်မည်။ သူတို့ အပေါ်သို့ငါရောက်စေသောဘေးဒဏ်နှင့် တယောက်မျှ မလွတ်ရ။ ကျန်ကြွင်းသောသူ တယောက်မျှမရှိရ။

  8. ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ယေရု ရှလင်မြို့သားတို့အပေါ်သို့ ငါ့အမျက်အရှိန်ကို ငါသွန်း လောင်းသည်နည်းတူ၊ သင်တို့သည် အဲဂုတ္တုပြည်သို့ ဝင်သောအခါ၊ သင်တို့အပေါ်သို့ သွန်းလောင်းသဖြင့်၊ သင်တို့သည် ဆဲရေးခြင်း၊ အံ့ဩခြင်း၊ ကျိန်ခြင်း၊ ကဲ့ရဲ့ ခြင်းကိုခံဘို့ရာ ဖြစ်ကြလိမ့်မည်။ ဤအရပ်ကို နောက် တဖန်မမြင်ရ။

  9. ကျန်ကြွင်းသောယုဒအမျိုးသားတို့၊ အဲဂုတ္တု ပြည်သို့ မသွားကြနှင့်ဟု သင်တို့အား ထာဝရဘုရား အမိန့်တော်ရှိ၏။ ငါသည်သင်တို့ကို ယနေ့သက်သေ ခံကြောင်းကို သိမှတ်ကြလော့။

  10. ဟောရှဲသားအာဇရိနှင့် ကာရာသား ယေဟ နန်အစရှိသော၊ မာနထောင်လွှားသော သူအပေါင်းတို့က၊ သင်သည် မုသာစကားကိုပြော၏။ အဲဂုတ္တုပြည်သို့သွား၍ မတည်းခိုရဟု ငါတို့၏ ဘုရားသခင် ထာဝရဘုရားသည် သင့်အားဖြင့် မှာထားတော်မမူ။

  11. ထာဝရဘုရား၏အမိန့်တော်ကို နားမထောင်ဘဲ၊ အဲဂုတ္တုပြည်သို့ သွား၍တာပနက်မြို့သို့ ရောက်ကြ၏။

  12. ထိုမင်းသည် ရောက်လာသောအခါ၊ အဲဂုတ္တု ပြည်ကိုလုပ်ကြံ၍၊ သေတန်သော သူတို့ကို သေခြင်းသို့၎င်း၊ သိမ်းသွားချုပ်ထားတန်သော သူတို့ကို သိမ်းသွားချုပ်ထား ခြင်းသို့၎င်း အပ်လိမ့်မည်။

  13. အဲဂုတ္တုဘုရားအိမ်တို့ကို ငါမီးရှို့မည်။ သူသည် လည်း၊ ထိုဘုရားတို့ကိုမီးရှို့၍ သိမ်းသွားချုပ်ထားလိမ့် မည်။ သိုးထိန်းသည် မိမိအဝတ်ကို ဝတ်သကဲ့သို့၊ ထိုမင်း သည် အဲဂုတ္တုပြည်ကိုဝတ်၍ ငြိမ်ဝပ်စွာ ထွက်သွား လိမ့်မည်။

  14. အဲဂုတ္တုပြည်ဗက်ရှေမက်မြို့၌၊ ရုပ်တုဆင်းတု များကို ချိုးဖျက်၍၊ အဲဂုတ္တုဘုရားအိမ်များကို မီးရှို့လိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။

  15. အဲဂုတ္တု ပြည်၊ မိဂဒေါလမြို့၊ တာပနက်မြို့၊ နောဖမြို့၊ ပါသရုအရပ်၌နေသော ယုဒလူအပေါင်းတို့ကို ရည်မှတ်၍ ယေရမိသို့ ရောက်လာသော နှုတ်ကပတ် တော်အားဖြင့်၊

  16. ထာဝရဘုရားမိန့်တော် မူသည်ကား၊ သင်တို့သည် ကိုယ်ကိုကိုယ်ပယ်ဖြတ်လို သောငှါ၎င်း၊ မြေကြီးပေါ်မှာလူအမျိုးမျိုးတို့တွင် ကဲ့ရဲ့ ကျိန်ဆဲရာဖြစ်လိုသောငှါ၎င်း၊ သွား၍နေသောအဲဂုတ္တု ပြည်၌ အခြားတပါးသော ဘုရားတို့အား နံ့သာပေါင်းကို မီးရှို့လျက်၊ ကိုယ်တိုင်ပြုသောအမှုနှင့် ငါ၏အမျက်ကို နှိုးဆော်သဖြင့်၊ သင်တို့တွင် တယောက်မျှမကြွင်း၊ ယုဒ အမျိုးယောက်ျားမိန်းမ၊ သူငယ်စို့နို့ကလေးအပေါင်းတို့ကို ပယ်ဖြတ်မည်အကြောင်း၊ ကြီးစွာသော ဒုစရိုက်ကို ကိုယ် စိတ်ဝိညာဉ်တဘက်၌ အဘယ်ကြောင့် ပြုကြသနည်း။

  17. အဲဂုတ္တုပြည်သို့သွား၍ တည်းခိုခြင်းငှါ မျက်နှာ ပြုသော ယုဒအမျိုးသားအကျန်အကြွင်းတို့ကို ငါသည် ယူ၍၊ သူတို့သည်ထိုပြည်၌ သေကြေပျက်စီးကြလိမ့်မည်။ ထားဘေး၊ မွတ်သိပ်ခြင်းဘေးဖြင့်ပျက်စီးခြင်းသို့၎င်း၊ အငယ်ဆုံးသော သူမှစ၍ အကြီးဆုံးသော သူတိုင်အောင် ထားဘေး၊ မွတ်သိပ်ခြင်းဘေးဖြင့် သေကြေပျက်စီးခြင်းသို့ ၎င်း ရောက်၍၊ ဆဲရေးခြင်း၊ အံ့ဩခြင်း၊ ကျိန်ခြင်း၊ ကဲ့ရဲ့ခြင်းကိုခံဘို့ရာ ဖြစ်ကြလိမ့်မည်။

  18. ယေရုရှလင်မြို့သားတို့ကို ထားဘေး၊ မွတ်သိပ် ခြင်းဘေး၊ ကာလနာဘေးတို့ဖြင့် ငါသည် ဒဏ်ပေးသည် နည်းတူ၊ အဲဂုတ္တုပြည်၌နေသော သူတို့ကို ငါသည် ဒဏ်ပေးသဖြင့်၊

  19. အဲဂုတ္တုပြည်သို့ သွား၍ တည်ခိုးသော ယုဒ အမျိုးသား အကျန်အကြွင်းတို့သည် ယုဒပြည်သို့ပြန်၍ နေချင်သော်လည်း၊ တယောက်မျှ ဘေးနှင့်မလွတ်ရ၊ တယောက်မျှ မကျန်ကြွင်းရကြ။ ဘေးလွတ်သော သူသာ လျှင် ပြန်ရကြလိမ့်ဟု မိန့်တော်မူ၏။

  20. ထိုအခါ မိမိမယားတို့သည် အခြားတပါးသော ဘုရားအား နံ့သာပေါင်းနှင့်မီးရှို့ကြောင်းကို သိသော လူများ၊ အနား၌ရပ်နေသော မိန်းမများ၊ ကြီးစွာသော အလုံးအရင်းတည်းဟူသော၊ အဲဂုတ္တုပြည်ပါသရုအရပ်၌ နေသောသူအပေါင်းတို့သည် ယေရမိကို ပြန်ပြော ကြသည်ကား၊

  21. တဖန်မိန်းမအပေါင်းတို့နှင့် လူခပ်သိမ်းတို့အား ယေရမိဟောပြောသည်ကား၊ အဲဂုတ္တုပြည်၌ရှိသော ယုဒ လူအပေါင်းတို့၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။

  22. သို့ဖြစ်၍ အဲဂုတ္တုပြည်၌ နေသောယုဒလူ အပေါင်းတို့၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင် ကြလော့။ ထာဝရဘုရားမိန့်တော်မူသည်ကား၊ အရှင် ထာဝရဘုရား အသက်ရှင်တော်မူသည်ဟူ၍ အဲဂုတ္တုပြည် တရှောက်လုံးတွင်၊ ယုဒလူတယောက်မျှငါ၏ နာမကို မမြွက်မဆိုရမည်အကြောင်း၊ ငါသည် ကိုယ်မဟာနမကို တိုင်တည်၍ ကျိန်ဆို၏။

  23. သူတို့ကို ကျေးဇူးပြုခြင်းငှါမဟုတ်၊ အပြစ်ပြု ခြင်းငှါ ငါစောင့်သည် ဖြစ်၍၊ အဲဂုတ္တုပြည်၌ရှိသော ယုဒလူအပေါင်းတို့သည် ဆုံးရှုံးခြင်းသို့ မရောက်မှီ တိုင်အောင် ထားဘေး၊ မွတ်သိပ်ခြင်းဘေးနှင့် ပျက်စီး ကြလိမ့်မည်။

  24. သို့ရာတွင်၊ ထားဘေးနှင့်လွတ်၍၊ အဲဂုတ္တုပြည်မှ ယုဒပြည်သို့ ပြန်ရသောသူတို့သည် နည်းကြလိမ့်မည်။ ငါ့စကားတည်မည်၊ သူတို့စကားတည်မည်ကို၊ အဲဂုတ္တုပြည်၌ တည်းခိုခြင်းငှါသွားသော ယုဒလူအကျန် အကြွင်းတို့သည် သိကြလိမ့်မည်။

  25. ယုဒရှင်ဘုရင်ဇေဒက်မင်းအသဂ၏ ရန်သူ တည်းဟူသော ဗာဗု လုန်ရှင်ဘုရင်နေဗုခဒ်နေဇာမင်း ၏လက်သို့ ဇေဒကိမင်းကိုငါအပ်သည်နည်းတူ၊ အဲဂုတ္တု ရှင်ဘုရင်ဖာရောဟောဖရာအသက်ကို ရှာသောရန်သူ လက်သို့ ထိုမင်းကိုငါအပ်သည်ဟု ထာဝရဘုရား မိန့်တော် မူ၏။