အကြောင်းအရာသို့ ကျော်သွားရန်

Egypt

561 verses · 4 known names

အခြားအမည်: Egyptian, Egyptians, Egyptian's

30.1000, 31.3300 Google Maps တွင် ကြည့်ရန်

Egypt ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ အဲဂုတ္တုပြည်မှာ သားဦးများကို ဒဏ်ခတ်တော်မူထသော၊

  2. ထိုကာလ၌ အဲဂုတ္တုမြစ်လက်ကြားတို့ အနားမှာ ရှိသော ယင်ကောင်ကို၎င်း၊ အာရှုရိပြည်၌ရှိသော ပျား ကောင်ကို၎င်း၊ နှိုးဆော်တော်မူသဖြင့်၊

  3. ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရ ဘုရားသည် ဩရဘကျောက်နားမှာ မိဒျန်အမျိုးသားတို့ကို ဒဏ်ခတ် သကဲ့သို့၎င်း၊ ပင်လယ်ကိုလှံတံတော်နှင့် မိုးသကဲ့သို့၎င်း၊ ထိုမင်းအဘို့ ဘေးဥပဒ်ကို ပြင်ဆင်၍၊အဲဂုတ္ထု လက်ထက် ၌ကဲ့သို့တဖန် လှံတံတော်ကို ချီတော်မူမည်။

  4. ထိုကာလ၌ ထာဝရဘုရားသည် လက်တော်ကို ဆန့်၍၊ ကျန်ကြွင်းသော ကိုယ်တော်၏ လူတို့ကိုအာရှုရိ ပြည်၊ အဲဂုတ္တုပြည်၊ ပါသရုပြည်၊ ကုရှပြည်၊ ဧလံပြည်၊ ရှိနာပြည်၊ဟာမတ်ပြည်၊ ပင်လယ်တဘက်၌ရှိသော ပြည် များတို့မှ ကယ်ယူခြင်းငှါ တဖန်ပြုတော်မူလိမ့်မည်။

  5. ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည် မှထွက်သွားသောအခါ၌ ဖြစ်သကဲ့သို့၊ အာရှုရိပြည်မှ ကျန်ကြွင်းသော ကိုယ်တော်၏လူတို့သွားရာလမ်း ကြီးဖြစ်ရလိမ့်မည်။

  6. အဲဂုတ္တုပြည် နှင့် ဆိုင်သော ဗျာဒိတ်တော်ကား၊ ကြည့်ရှုလော့။ ထာဝရဘုရားသည် လျင်မြန်သော မိုဃ်း တိမ်ကိုစီး၍ အဲဂုတ္တုပြည်သို့ ကြွတော်မူ၏။ ရှေ့တော်၌ အဲဂုတ္တုပြည်၏ ရုပ်တု ဆင်းတုတို့သည် လှုပ်ရှား၍၊ အဲဂုတ္တုပြည်၏ နှလုံးသည် သူ၏အထဲမှာ အရည် ကျိုလျက် ရှိလိမ့်မည်။

  7. သူတို့သည် အဘယ်မှာ ရှိကြသနည်း။ သင်၏ ပညာရှိတို့သည် အဘယ်မှာရှိကြသနည်း။ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားသည်၊ အဲဂုတ္တုပြည် တဘက် ၌ အဘယ်သို့ ကြံစည်တော်မူသည်ကို ယခုပြောကြပါစေ။ ဘော်ပြကြပါစေ။

  8. ဇောနမင်းတို့သည် အရူးဖြစ်ကြပြီ။ နောဗမင်း တို့သည် မှားယွင်းကြပြီ။ အဲဂုတ္တုပြည်၏ အမျိုးအနွယ် များကိုအုပ်သော အကြီးအကဲ တို့ကိုလည်း မှားယွင်းစေ ကြပြီ။

  9. ထာဝရဘုရားသည် အဲဂုတ္တုပြည်၏ အလယ်၌ ယစ်မူးသော သဘောကို ပြင်ဆင်တော်မူသဖြင့်၊ ယစ်မူး သောသူသည် မိမိအန်ဖတ်၌ လဲသကဲ့သို့၊ အဲဂုတ္တုပြည် သားတို့သည် ပြုလေသမျှတို့၌ မှားယွင်းကြပြီ။

  10. အဲဂုတ္တုပြည်၏ ဦးခေါင်းဖြစ်စေ၊ အမြီးဖြစ်စေ၊ စွန်ပလွံလက်ဖြစ်စေ၊ ကိုင်းပင်ဖြစ်စေ၊ ပြီးစီးနိုင်သော အမှုအလျှင်းမရှိရ။

  11. ထိုကာလ၌ အဲဂုတ္တုပြည်တွင်၊ မြို့ငါးမြို့တို့သည် ခါနာန်ဘာသာစကားကို ပြော၍၊ ကောင်းကင် ဗိုလ်ခြေ အရှင် ထာဝရဘုရား၏ သစ္စာတော်ကို ခံကြလိမ့်မည်။ ထိုမြို့တို့တွင်၊ တမြို့ကို သူရိယာမြို့ဟူ၍ ခေါ်ဝေါ်ကြ လိမ့်မည်။

  12. ထိုကာလ၌ အဲဂုတ္တုပြည် အလယ်တွင်၊ ထာဝရ ဘုရားကို ပူဇော်ရာယဇ်ပလ္လင် ရှိလိမ့်မည်။ ပြည်စွန်းနား တွင်လည်း ထာဝရဘုရားအဘို့ မှတ်တိုင်ရှိလိမ့်မည်။

  13. ထိုမှတ်တိုင်သည် အဲဂုတ္တုပြည်တွင် နိမိတ်လက္ခ ဏာဖြစ်လိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရား၏ သက်သေလည်းဖြစ်လိမ့်မည်။ အကြောင်းမူ ကား၊ သူတို့သည် ညှဉ်းဆဲခြင်းကို ခံရသောကြောင့်၊ ထာဝရဘုရားကို အော်ဟစ်ကြသည်ရှိသော်၊ ကယ်တင် သောအရှင်၊ အမှုစောင့်သခင်ကို သူတို့ရှိရာသို့ စေလွှတ် တော်မူ၍၊ ထိုသခင်သည် ကယ်တင်တော်မူ၏။

  14. အဲဂုတ္တုပြည်တွင် ထာဝရဘုရားကို သိရကြ သည်ဖြစ်၍ ထိုကာလ၌ အဲဂုတ္တုလူတို့သည် ထာဝရဘုရား ကို သိသောကြောင့်၊ ပူဇော်သက္ကာ အလှုဒါနကို ဆက်ကပ် ၍ ဝတ်ပြုကြလိမ့်မည်။ ထာဝရဘုရား ရှေ့တော်၌ သစ္စာ ဂတိထား၍၊ ထားသည့်အတိုင်း ပြုကြလိမ့်မည်။

  15. ထာဝရဘုရားသည်လည်း အဲဂုတ္တုပြည်ကို ဒဏ် ခတ်၍၊ ခတ်ပြီးသော ဒဏ်ရာကို ပျောက်စေတော်မူမည်။ သူတို့သည်လည်း၊ ထာဝရဘုရားထံတော်သို့ ပြောင်းလဲကြ သည့်ကာလ၊ သူတို့တောင်းပန်ခြင်းကို နားထောင်၍ ဒဏ်ရာကို ပျောက်စေတော်မူမည်။

  16. ထိုကာလ၌ အဲဂုတ္တုပြည်မှသည် အာရှုရိပြည် တိုင်အောင်၊ လမ်းတွင်လိမ့်မည်။ အာရှုရိလူသည် အဲဂုတ္တုပြည်သို့၎င်း၊ အဲဂုတ္တုလူသည်၊ အာရှုရိပြည်သို့၎င်း သွားလာ၍ အဲဂုတ္တုလူနှင့် အာရှုရိလူတို့သည် တညီတ ညွတ်တည်း ဝတ်ပြုကြလိမ့်မည်။

  17. ထိုကာလ၌ ဣသရေလအမျိုးသည် အဲဂုတ္တုအ မျိုးနှင့်၎င်း၊ အာရှုရိအမျိုးနှင့် ၎င်းပေါင်း၍၊ တတိယအ မျိုးတည်းဟူသော မြေကြီးအလယ်၌ မင်္ဂလာပြုသော အ မျိုးဖြစ်လိမ့်မည်။

  18. ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားက လည်း၊ ငါ၏ လူအဲဂုတ္တုအမျိုး၊ ငါပြုပြင်သော အာရှုရိ အမျိုး၊ငါ၏ အမွေဥစ္စာဖြစ်သော ဣသရေလအ မျိုးသည် မင်္ဂလာရှိစေသတည်းဟု ကောင်းကြီးပေး တော် မူလိမ့် မည်။

  19. ထာဝရဘုရားကလည်း၊ ငါ့ကျွန်ဟေရှာယသည် အဲဂုတ္တုပြည်နှင့် ကုရှပြည်၌ ပုပ္ပနိမိတ်၊ အံ့ဘွယ်သော အရာကိုပြခြင်းငှါ၊ သုံးနှစ်ပတ်လုံး အဝတ်ကိုမဝတ်၊ ခြေနင်းကိုမစီးဘဲ သွားလာသကဲ့သို့၊

  20. ထိုနည်းတူ၊အဲဂုတ္တုလူများကို အရှက်ခွဲခြင်း အလိုငှါ၊ အာရှုရိရှင်ဘုရင်သည် အဲဂုတ္တုလူနှင့် ကုရှ လူအကြီးအငယ်တို့အား အဝတ်နှင့် ခြေနင်းကို ချွတ်၍၊ တင်ပါးကိုမျှ မဖုံးစေဘဲ၊ ဘမ်းဆီးချုပ်ထား သိမ်းသွား လိမ့်မည်။

  21. အာဇုတ်မြို့သားတို့သည် ကြောက်ကြလိမ့်မည်။ သူတို့ ကိုးစားသော ကုရှပြည်ကို၎င်း၊ ဝါကြွားသော အဲဂုတ္တုပြည်ကို၎င်း ရှက်ကြလိမ့်မည်။

  22. အဲဂုတ္တုပြည်သားတို့သည် တုရုမြို့သိတင်းကို ကြားသောအခါ၊ ထိုသိတင်းကြောင့် အလွန်စိတ်ပူပန်ခြင်း သို့ ရောက်ကြလိမ့်မည်။

  23. ထိုကာလ၌လည်း၊ ကြီးသောတံပိုးကို မှုတ်ရလိမ့် မည်။ အာရှုရိပြည်၌ပျောက်သောသူ၊ အဲဂုတ္တုပြည်၌ စွန့် ပစ်သောသူတို့သည်လာ၍၊ယေရုရှလင်မြို့တွင်၊သန့်ရှင်းသော တောင်ပေါ်မှာ ထာဝရဘုရားရှေ့တော်၌ ဝတ်ပြု၍ ကိုး ကွယ်ကြလိမ့်မည်။

  24. ဖာရောဘုရင်၏ ဘုန်းကိုအမှီပြု၍၊ အဲဂုတ္တုအ ရိပ်ကို ခိုလှုံခြင်းငှါ၊ ငါ့နှုတ်ထွက်ကို အခွင့်မပန်ဘဲ၊ အဲဂုတ္တု ပြည်သို့ ရောက်အောင် သွားကြ၏။

  25. သို့ဖြစ်၍ သင်တို့သည် ဖာရောဘုရင်၏ ဘုန်းကို အမှီပြုသောကြောင့် ရှက်ကြောက်ကြလိမ့်မည်။ အဲဂုတ္တု အရိပ်ကို ခိုလှုံသောကြောင့် မျက်နှာပျက်ကြလိမ့်မည်။