- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
Egypt
အခြားအမည်: Egyptian, Egyptians, Egyptian's
30.1000, 31.3300 Google Maps တွင် ကြည့်ရန်
Egypt ကို ဖော်ပြသော အခန်းငယ်များ
ယုဒရှင်ဘုရင်ယောရှိသားယောယကိမ်မင်း နန်းစံ လေးနှစ်တွင်၊ ကာခေမိတ်အရပ်၊ ဥဖရတ်မြစ်နား၌ တပ်ချ၍၊ ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာ လုပ်ကြံသော အဲဂုတ္တုရှင်ဘုရင် ဖာရော နေခေါ်၏ စစ်သူရဲ၊ အဲဂုတ္တုပြည်သားတို့ကို ရည်မှတ်သော နှုတ်ကပတ် တော်ဟူမူကား၊
အဲဂုတ္တုပြည်သည် နိလမြစ်ထသကဲ့သို့၎င်း၊ မြစ်ရေစီးသကဲ့သို့၎င်း တက်လာလျက်၊ ငါသည် ထ၍ မြေကြီးကို လွှမ်းမိုးမည်။ မြို့နှင့်တကွမြို့ သားတို့ကို ဖျက်ဆီးမည်ဟု ပြောဆို၏။
အိုအဲဂုတ္တုသတို့သမီးကညာ၊ ဂိလဒ်ပြည်သို့ သွား၍ဗာလစံစေးကို ယူလော့။ သင်သည်များစွာသော ဆေးကိုအချည်းနှီးသုံးတတ်၏။ သင်၏အနာ မပျောက် နိုင်ရာ။
အဲဂုတ္တုပြည်ကိုလုပ်ကြံခြင်းငှါ ဗာဗုလုန် ရှင်ဘုရင်နေဗုဒဒ်နေဇာလာမည်အကြောင်းကြောင့်၊ ထာဝရဘုရားသည် ပရောဖက်ယေရမိအား မိန့်တော်မူ သော စကားဟူမူကား၊
သင့်ပတ်လည်၌နေသောသူတို့ကို ထားတော် သည် ကိုက်စားပြီ။ ကိုယ်ကိုပြင်ဆင်၍ မြဲမြံစွာ နေလော့ ဟု အဲဂုတ္တုပြည်၌ကြွေးကြော်ကြလော့။ မိဂဒေါလမြို့၌ သိတင်းကြားကြလော့။ နောဖမြို့၊ တာပနက်မြို့၌လည်း ကြားပြောကြလော့။
ရောက်ပြီးမှ အဲဂုတ္တု ရှင်ဘုရင်ဖာရောမင်းသည် ဆုံးရှုံးပြီ။ စည်းဝေးရသောအချိန်ကို လွန်စေပြီဟု ဟစ်ကြ၏။
နေရာကျသော အဲဂုတ္တုသတို့သမီး၊ နေရာ ပြောင်းစရာဘို့ ကိုယ်အသုံးအဆောင်များကို ပြင်လော့။ အကြောင်းမူကား၊ နေဖမြို့သည် နေသောသူမရှိအောင် သုတ်သင်ဖျက်ဆီးခြင်းကို ခံရမည်။
အဲဂုတ္တုပြည်သည်အဆင်းလှသော နွားမဖြစ်၏။ သို့ရာတွင်၊ မြောက်မျက်နှာဘက်က နှောင့်ရှက်ခြင်း အကြောင်းပေါ်လာ၏။
အဲဂုတ္တုသတို့သမီးသည် မိန်းမောတွေဝေလျက် ရှိ၏။ မြောက်မျက်နှာပြည်သားတို့ လက်သို့ရောက်လေပြီ။
ဣသရေလအမျိုး၏ဘုရားသခင်ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ နောမြို့၌ရှိသော အမ္မုန်ဘုရားနှင့် ဖာရောဘုရင်မှစ၍ အဲဂုတ္တုပြည်သားဘုရားများ၊ ရှင်ဘုရင်များတည်း ဟူသော၊ ဖာရောဘုရင်အစရှိသော၊ ထိုဘုရင်ကို ကိုးစား သော သူတို့ကို ငါဆုံးမမည်။
စားစရာကိုရခြင်းငှါ အဲဂုတ္တုပြည်သား၊ အာရှုရိ ပြည်သားတို့၌ ကျွန်ခံရပါ၏။
သို့ရာတွင်၊ မြင်းများ၊ လူများတို့ကို တောင်းခြင်း ငှါ သံတမန်ကို အဲဂုတ္တုပြည်သို့စေလွတ်၍ ပုန်ကန်လေပြီ။ ထိုသို့ပြုသောသူသည် ကောင်းစားရမည်လော။ ဘေး လွတ်ရမည်လော။ သစ္စာဖျက်ပြီးမှလွတ်ရမည်လော။
လူမျိုးတို့သည် ကြား၍မြေတွင်း၌ ထိုခြင်္သေ့ပျို ကို ဘမ်းပြီးလျှင်၊ သံကြိုးနှင့် ချည်နှောင်၍ အဲဂုတ္တုပြည်သို့ ယူသွားကြ၏။
အရှင်ထာဝရဘုရား၏ အမိန့်တော်ကိုဆင့်ဆို ရမည်မှာ၊ ဣသရေလအမျိုး ငါရွေးကောက်၍၊ အဲဂုတ္တု ပြည်၌ သူတို့အား ထင်ရှားလျက်၊ ငါသည်သင်တို့၏ ဘုရား သခင် ထာဝရဘုရားဖြစ်သည်ဟု၊ ယာကုပ်အမျိုး သားတို့ အား ကျိန်ဆိုသည်ကာလ၊
သူတို့ကို အဲဂုတ္တုပြည်မှ ငါနှုတ်ပြီးလျှင်၊ ပြည် တကာတို့၏ အထွဋ်ဖြစ်၍ နို့နှင့်ပျားရည် စီးသောပြည်၊ သူတို့အဘို့ငှါ ကြည့်ရှုသော ပြည်သို့ ဆောင်သွားခြင်းငှါ ကျိန်ဆိုသောအခါ၊
သင်တို့အသီးအသီး ဖူးမျှော်သော စက်ဆုပ်ရွံရှာ ဘွယ်အရာတို့ကို စွန့်ပစ်ကြလော့။ အဲဂုတ္တုရုပ်တုတို့နှင့် ကိုယ်ကိုကိုယ် မညစ်ညူးစေကြနှင့်။ ငါသည်သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်၏ဟု ငါဆိုသော်လည်း၊
သူတို့သည် နားမထောင်၊ ငါ့ကိုပုန်ကန်ကြ၏။ အသီး သီးဖူးမြင်သော စက်ဆုပ်ရွံရှာဘွယ် အရာတို့ကို၎င်း၊ အဲဂုတ္တုရုပ်တုကို၎င်း၊ မစွန့်ပစ်ဘဲနေ ကြ၏။ ထိုကြောင့်၊ သူတို့၌ ငါ့ဒေါသစိတ်ပြေမည်အကြောင်း၊ အဲဂုတ္တုပြည် ထဲမှာ သူတို့အပေါ်သို့ ငါ့အမျက်ရှိန်ကို သွန်းလောင်းမည် ဟု ငါအကြံရှိ၏။
သို့ရာတွင်၊ သူတို့နေသော တပါးအမျိုးသားတို့ ရှေ့မှာ၊ ငါ၏နာမအသရေကို မပျက်စေခြင်းငှါ၊ ငါသည် နာမတော်အတွက်စီရင်၍၊ တပါးအမျိုးသားတို့ရှေ့မှာ ထင်ရှားလျက်၊ သူတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်လေ ၏။
အဲဂုတ္တုပြည်မှ နှုတ်ဆောင်၍ တောသို့ ရောက် သောအခါ၊
အဲဂုတ္တုပြည်နှင့်ဆိုင်သော တော၌သင်တို့၏ ဘိုးဘေးများ တရားတွေ့သကဲ့သို့ သင်တို့နှင့် တရား တွေ့မည်။
သူတို့သည် အသက်ငယ်စဉ်အခါ၊ အဲဂုတ္တုပြည်၌ မတရားသော မေထုန်ကို ပြုကြ၏။ ထိုပြည်၌ သူတို့၏ သားမြတ်ကို ပွတ်နယ်၍ အပျိုမအသရေကို ရှုတ်ချကြ၏။
အသက်ငယ်စဉ်အခါ အဲဂုတ္တုပြည်၌ သူနှင့် သင့်နေ၍၊ အပျိုမအသရေကို ရှုတ်ချသဖြင့်၊ အထပ်ထပ် မတရားသော မေထုန်ကိုပြုကြသည်နှင့်အညီ၊ အဲဂုတ္တု မေထုန်ကိုလည်း မစွန့်ပစ်၊ မှီဝဲလျက်နေ၏။
အသက်ငယ်စဉ်အခါ အဲဂုတ္တုပြည်၌ မှားယွင်းသောကာလကို အောက်မေ့သဖြင့်၊ မှားယွင်းခြင်းကို အထပ်ထပ်ပြု၏။
ထိုသို့သင်သည် နောက်တဖန် မျှောမကြည့်၊ အဲဂုတ္တုပြည်ကို မအောက်မေ့စေခြင်းငှါ၊ သင်ပြုသော အဓမ္မမေထုန်ကို ငါငြိမ်းစေမည်။
အဲဂုတ္တုပြည်၌ ချယ်လှယ်သော ပိတ်ချောရွက် တို့ကို ဖြန့်၍၊ ဧလိရှကျွန်းတို့မှယူခဲ့သော အထည်ပြာ၊ အထည်မောင်းဖြင့် လုပ်သောမျက်နှာကြက်နှင့် ပြည့်စုံ၏။