အကြောင်းအရာသို့ ကျော်သွားရန်

Judah

244 အခန်းငယ် · 20 မိသားစုဝင်

အခြားအမည်: Judas, Juda

Judah ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထိုအခါ ယုဒအမျိုးသားတို့သည်၊ ဂိလဂါလမြို့၌ ယောရှုထံသို့လာ၍၊ ကေနက်အမျိုးယေဖုန္နာ၏သား ကာလက်က၊ ထာဝရဘုရားသည် ကာဒေရှဗာနာအရပ်၌ ကိုယ်တော်နှင့် အကျွန်ုပ်ကို ရည်ဆောင်၍၊ ဘုရားသခင် ၏လူမောရှေအား မိန့်တော်မူသောစကားကို ကိုယ်တော် သိပါ၏။

  2. ယုဒအမျိုးသားတို့သည် စာရေးတံပြု၍ အဆွေ အမျိုးအလိုက် အမွေခံရသောမြေဟူမူကား၊ တောင်မျက် နှာ၌ ဧဒုံပြည်နယ်နှင့် နီးစပ်လျက်၊ တေမန်ပြည်စွန်းမှ စ၍ ဇိနတောဖြစ်သော၊

  3. အနောက်ဘက်၌ ပင်လယ်ကြီးနှင့် ပင်လယ် ကမ်းပါးသည် အနောက်အပိုင်းအခြားဖြစ်၏။ ဤရွေ့ ကား ယုဒအမျိုးသား အဆွေအမျိုးအလိုက် နေရာပြည် နယ်အပိုင်းအခြားဖြစ်သတည်း။

  4. ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ ယောရှုသည် ယုဒအမျိုးသားတို့တွင် ယေဖုန္န၏သား ကာ လက်အဘို့ ဟေဗြုန်မြို့တည်းဟူသော အာနကအဘအာ ဘ၏မြို့ကို ချပေးလေ၏။

  5. ဤရွေ့ကား၊ ယုဒအမျိုးသား အဆွေအမျိုးအ လိုက် ခံရသောအမွေမြေ ဖြစ်သတည်း။

  6. ယုဒအမျိုးသားပိုင်သော မြို့များဟူမူကား၊ ဧဒုံ ပြည်နှင့်နီးစပ်သော တောင်ပိုင်း၌ ကပ်ဇေလမြို့၊ ဧဒေရ မြို့၊ ယာဂုရမြို့၊

  7. ယေရုရှလင်မြို့၌နေသော ယေဗုသိလူတို့ကို ကား၊ ယုဒအမျိုးသားတို့သည် မနှင်ထုတ်နိုင်ဘဲ သူတို့ သည် ယနေ့တိုင်အောင် ယုဒအမျိုးသားတို့နှင့်အတူ ယေရုရှလင်မြို့၌ နေကြသတည်း။

  8. သူတို့သည် ပြည်ကို ခုနှစ်ပိုင်းပိုင်းခြားရကြမည်။ ယုဒအမျိုးသည် တောင်ဘက်မိမိနေရာ၌ နေရမည်။ ယောသပ်အမျိုးသည် မြောက်ဘက်မိမိနေရာ၌ နေရမည်။

  9. ဗင်္ယာမိန်အမျိုးသားတို့သည် စာရေးတံပြု၍ အဆွေအမျိုးအလိုက် ခံရသောမြေသည် ယုဒအမျိုးသား တို့နှင့် ယောသပ်အမျိုးသားတို့စပ်ကြားမှာ ကျ၏။

  10. ထိုတောင်မှထွက်၍ အိုင်တောင်ကွေ့ကို ဝိုင်း သဖြင့်၊ ယုဒအမျိုးသားနေသော ကိရယတ်ယာရိမ်မြို့ တည်းဟူသော ကိရယတ်ဗာလမြို့သို့ ထွက်သွား၏။ ဤရွေ့ကား အနောက်ဘက်အပိုင်းအခြားတည်း။

  11. ဒုတိယတကြိမ်စာရေးတံပြု၍၊ ရှိမောင်အမျိုးသားတို့သည် အဆွေအမျိုးအလိုက် ယုဒအမွေမြေအတွင်း ၌ အမွေခံရကြ၏။

  12. ရှိမောင်အမွေမြေသည် ယုဒအမျိုးသားခံသော အဘို့ထဲက နှုတ်ရ၏။ ယုဒအမျိုးသားတို့အဘို့သည် ကြီး ကျယ်သောကြောင့်၊ သူတို့အမွေမြေအတွင်း၌ ရှိမောင် အမျိုးသားတို့သည် အမွေခံရကြ၏။

  13. တဖန် အနောက်မျက်နှာသို့ လှည့်သဖြင့် အာဇနုတ္တာဘော်မြို့၊ ဟုကုတ်မြို့သို့ရောက်၍၊ တောင် ဘက်၌ ဇာဗုလုန်ခရိုင်၊ အနောက်ဘက်၌ အာရှာခရိုင်၊ နေထွက်ရာဘက်၌ ယော်ဒန်မြစ်အပိုင်းအခြားရှိ၏။

  14. သူတို့သည် ဂါလိလဲပြည်၊ နဿလိတောင်ပေါ် မှာ ကေဒေရှမြို့၊ ဧဖရိမ်တောင်ပေါ်မှာ ရှေခင်မြို့၊ ယုဒ တောင်ပေါ်မှာ ဟေဗြုန်မြို့တည်းဟူသော ကိရယသာဘ မြို့တို့ကို၎င်း၊

  15. စာရေးတံပြု၍ ကောဟတ်အဆွေအမျိုးတို့သည် အမွေခံရာတွင်၊ လေဝိသား ယဇ်ပုရောဟိတ် အာရုန်၏ သားမြေးတို့သည် စာရေးတံပြုသောအားဖြင့်၊ ယုဒခရိုင်၊ ရှိမောင်ခရိုင်၊ ဗင်္ယာမိန်ခရိုင်ထဲက ဆယ်သုံးမြို့ကို ရကြ၏။

  16. ယုဒအမျိုးသားခရိုင်၊ ရှိမောင်အမျိုးသားခရိုင်ထဲ က ပေး၍ လေဝိသားဖြစ်သော ကောဟတ်အဆွေအမျိုး၊

  17. ယုဒခရိုင်တောင်ကြား၌ ဟေဗြုန်မြို့တည်းဟူ သော အာနကအဘ အာဘနေသောမြို့ကို မြို့နယ်နှင့် တကွ ပေးကြ၏။

  18. ထာဝရဘုရားက၊ ယုဒသည် ချီသွားရမည်။ ထိုပြည်ကို သူ၏လက်၌ ငါအပ်မည်ဟု မိန့်တော်မူ၏။

  19. ယုဒသည် မိမိအစ်ကိုရှိမောင်အား၊ ခါနနိလူတို့ကို တိုက်ခြင်းငှါ ငါ့အမွေမြေသို့ ငါနှင့်အတူ လိုက်ပါ။ သင့်အမွေမြေသို့လည်း သင်နှင့်အတူ ငါလိုက်သွားမည်ဟုဆိုသည်အတိုင်း ရှိမောင်သည် လိုက်သွား လေ၏။

  20. ယုဒ ချီသွား၍ ထာဝရဘုရားသည် ခါနနိလူ၊ ဖေရဇိလူတို့ကို အပ်တော်မူသဖြင့်၊ ဗေဇက်မြို့၌ လူတထောင်ကို သတ်လေ၏။

  21. ယုဒအမျိုးသားတို့သည် ယေရုရှလင်မြို့ကို တိုက်ယူ၍ ထားနှင့် လုပ်ကြံပြီးမှ မီးရှို့ကြ၏။

  22. ထိုနောက် တောင်ပေါ်၌၎င်း၊ တောင်မျက်နှာ၌၎င်း၊ ချိုင့်ထဲ၌၎င်းနေသော ခါနနိလူတို့ကို အတိုက်သွား ကြ၏။

  23. တဖန် ယုဒအမျိုးသည်၊ ကိရယသာဘအမည်ဟောင်းရှိသော ဟေဗြုန်မြို့၌နေသော ခါနနိလူတို့ ရှိရာသို့ ချီသွား၍၊ ရှေရှဲ၊ အဟိမန်၊ တာလမဲတို့ကို လုပ်ကြံကြ၏။

  24. မောရှေယောက္ခမ၏သားမြေးဖြစ်သော ကေနိအမျိုးသားတို့သည်၊ ယုဒအမျိုးသားတို့နှင့်အတူ စွန်ပလွံ မြို့မှ အာရဒ်မြို့ တောင်ဘက်၊ ယုဒတောသို့ လိုက်သွား၍ နေရာကျကြ၏။

  25. တဖန် ယုဒသည် အစ်ကိုရှိမောင်နှင့်အတူ သွား၍ ဇေဖတ်မြို့၌နေသော ခါနနိလူတို့ကို လုပ်ကြံ၍ မြို့ကို ရှင်းရှင်းဖျက်ဆီးပြီးလျှင်၊ ထိုမြို့ကို ဟော်မာအမည်ဖြင့် သမုတ်ကြ၏။