Skip to content

Zerah

12 အခန်းငယ် · 11 မိသားစုဝင်

အခြားအမည်: Zarah, Zara

Zerah ကို ဖော်ပြသော အခန်းငယ်များ

  1. ထိုနောက်မှ လက်၌ကြိုးနီစည်းသောညီဘွား၍၊ သူ့ကိုဇာရအမည်ဖြင့် မှည့်သတည်း။

  2. ယုဒသား။ ဧရ၊ ဩနန်၊ ရှေလ၊ ဖါရက်၊ ဇာရ။ ထိုသူတို့တွင် ဧရနှင့်ဩနန်သည် ခါနာန်ပြည်၌ သေ သတည်း။ ဖါရက်သား၊ ဟေဇရုံနှင့် ဟာမုလ။

  3. ဘိုးဘ အဆွေအမျိုးအလိုက်၊ ရှေလမှဆင်းသက် သော ရှေလနိအဆွေအမျိုး၊ ဖါရဇ်မှဆင်းသက်သော ဖါရဇိ အဆွေအမျိုး၊ ဇေရမှ ဆင်းသက်သော ဇေရဟိ အဆွေအမျိုးတည်း။

  4. သို့ရာတွင် ယုဒအမျိုး၊ ဇေရ၊ ဇာဗဒိ၊ ကာမိတို့မှ ဆင်းသက်သော အာခန်သည်၊ ကျိန်အပ်သောအရာကို သိမ်းယူ၍ ထိုအရာအားဖြင့် ဣသရေလအမျိုးသားတို့ သည် ပြစ်မှားသောအပြစ် ရှိသောကြောင့်၊ ထာဝရဘုရား သည် သူတို့၌ အမျက်ထွက်တော်မူ၏။

  5. ထိုအိမ်ထောင် လူအသီးအသီးတို့ကို ဆောင်ခဲ့သ ဖြင့် ယုဒအမျိုး၊ ဇေရ၊ ဇာဗဒိ၊ ကာမိတို့မှ ဆင်းသက်သော အာခန်ကို မှတ်တော်မူ၏။

  6. ယောရှုနှင့် ဣသရေလအမျိုးသားအပေါင်းတို့ သည်၊ ဇေရသာအာခန်မှစ၍ ထိုငွေ၊ ဝတ်လုံ၊ ရွှေတုံး၊ သားသမီး၊ သိုးနွားမြည်း၊ တဲနှင့်တကွ သူ၌ရှိသမျှတို့ကို အာခေါ်ချိုင့်သို့ ဆောင်သွားပြီးမှ၊

  7. ဇေရသား အာခန်သည် ကျိန်အပ်သောအရာ၌ ပြစ်မှား၍ အမျက်တော်သည် ဣသရေလအမျိုး ပရိသတ် အပေါင်းတို့အပေါ်မှာ ရောက်သည် မဟုတ်လော။ ထိုသူ သည် ပြစ်မှားသောအပြစ်ကြောင့် တယောက်တည်းသာ သေရသည် မဟုတ်ဟု ဆိုကြ၏။

  8. ချွေးမတာမာတွင် မြင်သောသားကား ဖာရက် နှင့် ဇာရတည်း။ ယုဒသားပေါင်းကား ငါးယောက် တည်း။

  9. ဇာရသားကား ဇိမရိ၊ ဧသန်၊ ဟေမန်၊ ကာလ ကောလ၊ ဒါရ၊ ပေါင်းငါးယောက်တည်း။

  10. ဇေရအမျိုးယွေလနှင့် သူ၏ညီအစ်ကိုတစု ပေါင်းခြောက်ရာ ကိုးဆယ်တည်း။

  11. ယုဒအမျိုး ဇာရအနွှယ်မေရှဇ ဗေလသား ပေသဟိသည်လည်း ရှင်ဘုရင်အခွင့်နှင့် ပြည်သားတို့ကို အုပ်၍ အရေးတော်ပိုင်မင်းဖြစ်၏။

  12. ယုဒသည် မိမိခင်ပွန်း တာမာတွင်မြင်သော သားဖာရက်နှင့်ဇာရ။ ဖာရက်သားဟေဇရုံ။ ဟေဇရုံသား အာရံ။