Shelah အကြောင်း ကျမ်းစာအခန်းငယ်များ
အဓိက ကျမ်းစာအခန်းငယ်များ
တဖန် ပဋိသန္ဓေယူပြန်၍ ဘွားမြင်သောသားကို ရှေလအမည်ဖြင့် မှည့်လေ၏။ ရှေလဘွားသောအခါ၊ အဘသည် ခေဇိပ်မြို့မှာရှိသတည်း။
သားငယ်ရှေလသည် အစ်ကိုတို့သေသကဲ့သို့ သေမည်ဟုယုဒသည် စိုးရိမ်၍၊ မိမိချွေးမတာမာကို ခေါ်ပြီးလျင်၊ ငါ့သားရှေလအကြီးမှီ သင်သည် သင့်အဘ အိမ်၌ မုတ်ဆိုးမပြု၍ နေပါဟုဆိုသည်အတိုင်း၊ တာမာ သွား၍ မိမိအဘ၏အိမ်၌နေလေ၏။
မုတ်ဆိုးမအဝတ်ကို ချွတ်၍ မျက်နှာဖုံးနှင့် မျက်နှာကိုဖုံးလျက်၊ ကိုယ်ကိုလည်းခြုံရုံလျက်၊ တိမနတ်မြို့ သို့ သွားသောလမ်းအနား၊ ဧနိမ်မြို့တံခါးဝ၌ ထိုင်နေလေ ၏။ အကြောင်းမူကား၊ ရှေလကြီးသော်လည်း၊ မိမိနှင့် အိမ်ထောင်ဘက်မပြုရဟု သိမြင်သောကြောင့်တည်း။
ထိုဥစ္စာ ကိုယုဒမှတ်မိ၍ သူ အပြစ်ထက် ငါ့အပြစ်သာ၍ ကြီးပေ၏။ သူ့အား ငါ့သားရှေလကို ငါမပေးစားဘဲနေမိပြီဟု ပြောဆို၏။ နောက်တဖန် သူ့ကို မချဉ်းကပ်ဘဲနေ၏။
ယုဒသား။ ဧရ၊ ဩနန်၊ ရှေလ၊ ဖါရက်၊ ဇာရ။ ထိုသူတို့တွင် ဧရနှင့်ဩနန်သည် ခါနာန်ပြည်၌ သေ သတည်း။ ဖါရက်သား၊ ဟေဇရုံနှင့် ဟာမုလ။
ဘိုးဘ အဆွေအမျိုးအလိုက်၊ ရှေလမှဆင်းသက် သော ရှေလနိအဆွေအမျိုး၊ ဖါရဇ်မှဆင်းသက်သော ဖါရဇိ အဆွေအမျိုး၊ ဇေရမှ ဆင်းသက်သော ဇေရဟိ အဆွေအမျိုးတည်း။
ယုဒသည် ခါနာန်အမျိုးဖြစ်သော ရှုအာသမီး တွင် မြင်သော သားကား ဧရ၊ ဩနန်၊ ရှေလတည်း။ ယုဒသားကြီးဧရသည် ထာဝရဘုရား ရှေ့တော်၌ ဆိုးသောသူဖြစ်၍ ကွပ်မျက်တော်မူခြင်းကို ခံရ၏။
ယုဒသားဖြစ်သော ရှေလ၏သားကား လေက အဘဧရ၊ မရေရှအဘ လာဒအစရှိသော ပိတ်ချောကို ရက်တတ်သော အာရှဗာအဆွေအမျိုး၊