Hezron
အခြားအမည်: Esrom
Hezron ကို ဖော်ပြသော အခန်းငယ်များ
ယုဒသား။ ဧရ၊ ဩနန်၊ ရှေလ၊ ဖါရက်၊ ဇာရ။ ထိုသူတို့တွင် ဧရနှင့်ဩနန်သည် ခါနာန်ပြည်၌ သေ သတည်း။ ဖါရက်သား၊ ဟေဇရုံနှင့် ဟာမုလ။
ဖါရဇ်၏သား၊ ဟေဇရုံမှ ဆင်းသက်သော ဟေဇေရောနိ အဆွေအမျိုး၊ ဟာမုလမှဆင်းသက်သော ဟာမုလိ အဆွေ အမျိုးတည်း။
ဖာရက်၏သားစဉ်မြေးဆက်ဟူမူကား၊ ဖာရက်သားဟေဇရုံ၊
ဟေဇရုံသားအာရံ၊ အာရံသား အမိနဒပ်၊
ဖာရက်သားကား ဟေဇရုံနှင့် ဟာမုလတည်း။
ဟေဇရုံမြင်သော သားကား ယေရမေလ၊ အာရံ၊ ကာလက်တည်း။
ဟေဇရုံသား ကာလက်သည် မယားအဇုဘနှင့် ယေရုတ်တွင် မြင်သောသားကား ယေရှာ၊ ရှောဗပ်၊ အာဒုန်တည်း။
ထိုနောက်၊ ဟေဇရုံသည် အသက်ခြောက်ဆယ် ရှိသော်၊ ဂိလဒ်အဘမာခိရ၏သမီးနှင့် စုံဘက်၍ စေဂုပ် ကို မြင်လေ၏။
ဟေဇရုံသည်က၏ ကာလက်ဧဖရတ်မြို့၌ သေသောနောက်၊ သူ၏မယား အဘိသည် သူ၏သား အာရှုရကို ဘွားမြင်၏။ အားရှုရသား ကာတေကော တည်း။
ဟေဇရုံ၏ သားဦးယေရမေလ သားကား သားဦးအာရံမှစ၍ ဗုန၊ ဩရင်၊ ဩဇင်၊ အဟိယတည်း။
ယုဒသားကားဖာရက်၊ ဟေဇရုံ၊ ကာမိ၊ ဟုရ၊ ရှောဗာလတည်း။
ယုဒသည် မိမိခင်ပွန်း တာမာတွင်မြင်သော သားဖာရက်နှင့်ဇာရ။ ဖာရက်သားဟေဇရုံ။ ဟေဇရုံသား အာရံ။
နာရှုန်အဘအမိနဒဝ်၊ အမိနဒဝ်အဘအာရံ၊ အာရံအဘဟေဇရုံ၊ ဟေဇရုံအဘဖာရက်၊ ဖာရက် အဘယုဒ၊