- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
Jeremiah
အခြားအမည်: Jeremy, Jeremias
Jeremiah ကို ဖော်ပြသော အခန်းငယ်များ
ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဤမြို့ ထဲမှာနေသော သူသည် ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးတို့နှင့်သေလိမ့်မည်။
ထိုအခါ ယေရမိကို ယူ၍၊ ထောင်ဝင်းထဲမှာ ရှိသောသားတော် မာလခိ၏မြေတွင်း၌ ကြိုးနှင့်လျှော့ချ ကြ၏။ ထိုမြေတွင်း၌ရေမရှိ၊ ရွံ့သာရှိ၍၊ ယေရမိသည် ရွံ့၌ ကျွံလျက်နေ၏။
ထိုသို့ယေရမိကို မြေတွင်း၌ ချထားကြောင်းကို နန်းတော်အရာရှိဖြစ်သောသူ၊ ကုရှအမျိုးသား ဧဗဒ မေလက်သည် ကြားသိသောအခါ၊ ရှင်ဘုရင်သည် ဗင်္ယာမိန်တံခါးဝ၌ ထိုင်နေတော်မူစဉ်တွင်၊
အကျွန်ုပ်သခင်အရှင်မင်းကြီး၊ ထိုသူတို့သည် ပရောဖက် ယေရမိကို ပြုလေသမျှတို့၌ မှားကြပါပြီ။ မြေတွင်း၌ချထားကြပါပြီ။ မြို့၌မုန့်ကုန်သောကြောင့်၊ ထိုတွင်း၌ငတ်မွတ်၍ သေပါလိမ့်မည်ဟုလျှောက်သော်၊
ရှင်ဘုရင်က၊ ပရောဖက်ယေရမိ မသေမှီ ဤ အရပ်မှ လူသုံးဆယ်ကို ခေါ်သွား၍၊ မြေတွင်းထဲက နှုတ်ယူလော့ဟု၊ ကုရှအမျိုးသား ဧဗဒမေလက်ကို အမိန့် တော်ရှိ၏။
ဧဗဒမေလက်သည်လည်း လူတို့ကို ခေါ်၍ နန်းတော်အတွင်း ဘဏ္ဍာတိုက်အောက်သို့ဝင်ပြီးလျှင်၊ ဟောင်းနွမ်းသော အဝတ်စုတ်များကို ယူပြီးမှ၊ ယေရမိ ရှိရာ မြေတွင်း၌ ကြိုးနှင့်လျှော့ချလေ၏။
ထိုအခါကုရှ အမျိုးသားဧဗဒမေလက်က၊ ဟောင်းနွမ်းသော ဤအဝတ်စုတ်တို့နှင့်သင်၏ လက်က တီးကြား၌ကြိုးကိုခုခံပါလော့ဟုဆိုသည်အတိုင်း ယေရမိ ပြုလေ၏။
ထိုသို့ယေရမိကိုမြေတွင်းထဲကကြိုးနှင့် ဆွဲတင် ကြ၏။ ထိုနောက် ယေရမိသည် ထောင်ဝင်းထဲမှာ နေလေ ၏။
တဖန်ဇေဒကိမင်းကြီးသည် လူကို စေလွှတ်၍၊ ဗိမာန်တော်၌ တတိယအတွင်းခန်းထဲသို့ ယေရမိကို ခေါ်ပြီးလျှင်၊ သင်၌ တစုံတခုကို ငါမေးမြန်းမည်။ အဘယ်အရာကိုမျှ မထိမ်မဝှက်နှင့်ဟုဆိုသော်၊
ယေရမိက၊ အကျွန်ုပ်လျှောက်လျှင်၊ အကျွန်ုပ်ကို မသတ်ဘဲအမှန်နေတော်မူမည်လော။ အကျွန်ုပ်သည် အကြံပေးလျှင်၊ အကျွန်ုပ်စကားကို နားထောင်တော်မူ မည်လောဟု ဇေဒကိကို မေးလျှောက်လေ၏။
ဇေဒကိမင်းကြီးကလည်း၊ ငါတို့ကို အသက်ရှင် သော သတ္တဝါဖြစ်စေခြင်းငှါ ဖန်ဆင်းသော ထာဝရ ဘုရားအသက်ရှင်တော်မူသည်အတိုင်း၊ သင့်ကိုငါမသတ်။ သင့်အသက်ကိုရှာသော ထိုလူတို့လက်သို့ သင့်ကိုငါ မအပ်ဟု ယေရမိအားတိတ်ဆိတ်စွာ ကျိန်ဆိုလေ၏။
ယေရမိကလည်း၊ ဣသရေလအမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင် ထာဝရ ဘုရားမိန့်တော်မူသည်ကား၊ ကိုယ်တော် သည်ဗာဗုလုန် ရှင် ဘုရင်၏မှူးမတ်တို့ထံသို့ အမှန်ထွက်သွားလျှင် အသက်ချမ်းသာရတော်မူမည်။ ဤမြို့သည်လည်း မီးရှို့ ခြင်းနှင့်လွတ်လိမ့်မည်။ ကိုယ်တော်နှင့်တကွ ဆွေတော် မျိုးတော်တို့သည် အသက်ချမ်းသာရကြလိမ့်မည်။
ဇေဒကိမင်းကြီးကလည်း၊ ခါလဒဲလူတို့ဘက်သို့ ကူးသွားသော ယုဒလူတို့ကို ငါကြောက်၏။ ငါ့ကိုသူတို့ လက်သို့အပ်၍၊ ငါသည်ကဲ့ရဲ့ခြင်း ကိုခံရမည်စိုးရိမ်သည် ဟုဆိုလျှင်၊
ယေရမိက၊ ကိုယ်တော်ကိုမအပ်ရ။ အကျွန်ုပ် ဆင့်ဆိုသော ထာဝရဘုရား၏အမိန့်တော်ကို နားထောင် တော်မူပါ။ ထိုသို့ပြုလျှင် ချမ်းသာရ၍ အသက်ရှင်တော် မူမည်။
ဇေဒကိကလည်း၊ ဤစကားကို အဘယ်သူမျှ မကြားမသိစေနှင့်။ သို့ပြုလျှင်၊ သင်သည်မသေရ။
ထိုအခါမှူးမတ်အပေါင်းတို့သည် ယေရမိရှိရာသို့ လာ၍ မေးစစ်ကြ၏။ သူသည်လည်း၊ ရှင်ဘုရင်မှာထား သမျှအတိုင်း ပြန်ပြောပြီးမှ၊ သူတို့သည် မမေးမစစ်ဘဲ နေကြ၏။ ထိုအမှုကိုအဘယ်သူမျှ မရိပ်မိကြ။
ယေရုရှလင်မြို့ကို တိုက်၍ရသော နေ့တိုင် အောင်၊ ယေရမိသည် ထောင်ဝင်းထဲမှာနေရ၏။ ယေရု ရှလင်မြို့သည် ရန်သူလက်သို့ ရောက်သောအခါ၊ ထောင်ဝင်းထဲမှာရှိသေး၏။
ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် ယေရမိ အမှု၌၊ ကိုယ်ရံတော်မှူးနေဗုဇာရဒန်ကို မှာထားနှင့် သည်ကား၊
ယေရမိကိုထောင်ဝင်းထဲက နှုတ်ယူပြီးလျှင်၊ သူ၏နေရာသို့ ပို့ဆောင်စေခြင်းငှါ၊ ရှာဖန်သားဖြစ်သော အဟိကံ၏သားဂေဒလိ၌ အပ်ကြ၏။ သို့ဖြစ်၍၊ ယေရမိ သည် ပြည်သားများနှင့်အတူ နေရလေ၏။
ယေရမိသည်ထောင်ဝင်းထဲမှာ အချုပ်ခံရသော အခါ၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်ရောက်၍၊
ကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် ယေရမိကို တဖန် သိမ်းသွား၍ ရာမမြို့၌ လွှတ်သောနောက်၊ ထာဝရဘုရားထံတော်မှ နှုတ်ကပတ်တော်သည် ရောက် လာသည်အရာမှာ၊ ဗာဗုလုန်မြို့သို့ သိမ်းသွားခြင်းကို ခံရသော ယုဒပြည်သူ၊ ယေရုရှလင်မြို့သားအပေါင်း တို့နှင့်အတူ၊ ယေရမိသည်သံကြိုးနှင့် ချည်နှောင်ခြင်းကို ခံရသောအခါ၊
ကိုယ်ရံတော်မှူးသည် သူ့ကိုခေါ်၍၊ သင်၏ ဘုရားသခင်ထာဝရ ဘုရားသည် ဤပြည်၌ ရောက်သော အမှုကို ခြိမ်းတော်မူနှင့်ပြီ။
ထိုအခါ ယေရမိသည် အဟိကံသားဂေဒလိရှိရာ မိဇပါမြို့သို့ သွား၍၊ ပြည်၌ကျန်ကြွင်းသေးသော သူတို့နှင့် အတူနေလေ၏။
အကျွန်ုပ်တို့သည်အထက်ကများသော်လည်း၊
ပရောဖက် ယေရမိကလည်း၊ ငါကြား၏ သင်တို့ပြောသည်အတိုင်း၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားအား ဆုတောင်း မည်။ ထာဝရဘုရားသည် သင်တို့အား မိန့်တော်မူသမျှ တို့ကို ပြန်ပြောမည်။ အဘယ်အရာကိုမျှ မထိမ်မဝှက်ဟု ပြောဆို၏။