Skip to content

Pathros

5 verses

28.3200, 30.6900 Google Maps တွင် ကြည့်ရန်

Pathros ကို ဖော်ပြသော အခန်းငယ်များ

  1. ထိုကာလ၌ ထာဝရဘုရားသည် လက်တော်ကို ဆန့်၍၊ ကျန်ကြွင်းသော ကိုယ်တော်၏ လူတို့ကိုအာရှုရိ ပြည်၊ အဲဂုတ္တုပြည်၊ ပါသရုပြည်၊ ကုရှပြည်၊ ဧလံပြည်၊ ရှိနာပြည်၊ဟာမတ်ပြည်၊ ပင်လယ်တဘက်၌ရှိသော ပြည် များတို့မှ ကယ်ယူခြင်းငှါ တဖန်ပြုတော်မူလိမ့်မည်။

  2. အဲဂုတ္တု ပြည်၊ မိဂဒေါလမြို့၊ တာပနက်မြို့၊ နောဖမြို့၊ ပါသရုအရပ်၌နေသော ယုဒလူအပေါင်းတို့ကို ရည်မှတ်၍ ယေရမိသို့ ရောက်လာသော နှုတ်ကပတ် တော်အားဖြင့်၊

  3. ထိုအခါ မိမိမယားတို့သည် အခြားတပါးသော ဘုရားအား နံ့သာပေါင်းနှင့်မီးရှို့ကြောင်းကို သိသော လူများ၊ အနား၌ရပ်နေသော မိန်းမများ၊ ကြီးစွာသော အလုံးအရင်းတည်းဟူသော၊ အဲဂုတ္တုပြည်ပါသရုအရပ်၌ နေသောသူအပေါင်းတို့သည် ယေရမိကို ပြန်ပြော ကြသည်ကား၊

  4. သိမ်းသွားခြင်းတို့မရသော အဲဂုတ္တုလူတို့ကို ငါတဖန်ဆောင်ခဲ့၍ သူတို့နေရင်းပြည်၊ ပါသရုပြည်သို့ ပြန်စေမည်။ ထိုပြည်၌ ယုတ်သောနိုင်ငံ ဖြစ်ရလိမ့်မည်။

  5. ပါသရုပြည်ကို ငါဖျက်မည်။ ဇောနမြို့ကိုလည်း မီးရှို့မည်။ နောမြို့ကိုလည်း အပြစ်ဒဏ်စီရင်မည်။