အကြောင်းအရာသို့ ကျော်သွားရန်

Israel

1,007 အခန်းငယ် · 20 မိသားစုဝင်

အခြားအမည်: Jacob

Israel ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဂိဗောင်မြို့သည် ယောရှုမှစ၍ ဣသရေလ အမျိုးသားတို့နှင့် မိဿဟာယဖွဲ့သောကြောင့်၊ ထိုမြို့ကို လုပ်ကြံခြင်းငှါ ငါ့ထံသို့လာ၍ ငါနှင့်အတူ ကူညီကြပါဟု နှိုးဆော်သည်အတိုင်း၊

  2. ထိုသူတို့သည် ဣသရေလလူတို့ရှေ့မှာ ပြေး၍ ဗေသောရုန်မြို့သို့ ဆင်းသွားရာတွင်၊ ထာဝရဘုရားသည် မိုဃ်းကောင်းကင်မှ ကြီးစွာသော မိုဃ်းသီးကို အဇေကာ မြို့တိုင်အောင် သူတို့အပေါ်၌ ချတော်မူ၍၊ သူတို့သည် ဣသရေလလူတို့၏ ထားကြောင့် သေသည်ထက် မိုဃ်းသီး ကြောင့် သာ၍သေကြ၏။

  3. ထိုသို့ အာမောရိလူတို့ကို ဣသရေလအမျိုးသား တို့၌ အပ်တော်မူသောနေ့မှာ၊ ယောရှုသည် ထာဝရဘုရား ကို ဆုတောင်းပြီးလျှင်၊ အိုနေ သင်သည် ဂိဗောင်မြို့၌ ၎င်း၊ အိုလ သင်သည် အာယလုန်ချိုင့်၌၎င်း ငြိမ်ဝပ်စွာ နေလော့ဟု ဣသရေလအမျိုးသားများရှေ့တွင် မြွက်ဆို သည်အတိုင်း၊

  4. ယောရှုနှင့် ဣသရေလလူတို့သည် ရန်သူတို့ကို ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် သုတ်သင်ပယ်ရှင်းပြီးမှ၊ ကျန်ကြွင်းသောသူအချို့တို့သည် ခိုင်ခံ့သောမြို့သို့ ဝင်၍ နေကြ၏။

  5. လူအပေါင်းတို့သည် ယောရှုရှိရာ မက္ကဒါတပ်သို့ ငြိမ်ဝပ်စွာ ပြန်လာကြ၏။ ဣသရေလလူ တစုံတယောက် ကို အဘယ်သူမျှ အပြစ်မတင်ရ။

  6. ထိုမြို့များ၌ လက်ရဥစ္စာနှင့် တိရစ္ဆာန်ရှိသမျှတို့ ကို ဣသရေလလူတို့သည် ကိုယ်အဘို့ သိမ်းယူကြ၏။ လူတို့ကို မဖျက်ဆီးမှီတိုင်အောင် ရှိသမျှတို့ကို ထားနှင့် လုပ်ကြံကြ၏။ တယောက်ကိုမျှ အရှင်မကျန်ကြွင်းစေကြ။

  7. ဟိဝိလူ၊ ဂိဗောင်မြို့သားမှတပါး ဣသရေလ အမျိုးသားတို့နှင့် မိဿဟာယဖွဲ့သော မြို့တမြို့မျှမရှိ။ အခြားသော မြို့ရှိသမျှတို့ကို တိုက်၍ အနိုင်သိမ်းယူရကြ ၏။

  8. ဂါဇမြို့၊ ဂါသမြို့၊ အာဇုတ်မြို့မှတပါး၊ ဣသ ရေလတိုင်းနိုင်ငံတွင် ကျန်ကြွင်းသော အာနကလူတ ယောက်မျှမရှိ။

  9. ယော်ဒန်မြစ်အရှေ့ နေထွက်ရာဘက်၌၊ အာနုန် မြစ်မှစ၍ ဟေရမုန်တောင်တိုင်အောင်၊ အရှေ့လွင်ပြင်ရှိ သမျှပါလျက်၊ ဣသရေလအမျိုးသားတို့သည် လုပ်ကြံ၍ သိမ်းယူသောပြည်ကို အစိုးရသောမင်းကြီးများ ဟူမူကား၊

  10. ထိုရှင်ဘုရင်နှစ်ပါးကို ထာဝရဘုရား၏ကျွန် မောရှေနှင့် ဣသရေလအမျိုးသားတို့သည် လုပ်ကြံ၍၊ ထာဝရဘုရား၏ကျွန်မောရှေသည် သူတို့ပြည်ကို ရုဗင် အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက်တို့အား အပိုင်ပေး လေ၏။

  11. ယော်ဒန်မြစ်အနောက်ဘက်မှာ လေဗနုန်ချိုင့်၌ ရှိသော ဗာလဂဒ်မြို့မှစ၍၊

  12. လေဗနုန်တောင်မှစ၍ မိသရဖေါသမိမ်မြို့တိုင် အောင်၊ တောင်ပေါ်၌နေသောသူနှင့် ဇိဒေါနိလူအပေါင်း တို့ကို ဣသရေလအမျိုးသားရှေ့မှ ငါနှင်ထုတ်မည်။ သို့ဖြစ်၍ ငါမှာထားသည်အတိုင်း စာရေးတံပြုလျက် ထိုမြေကို ဣသရေလလူတို့အား အမွေဝေဖန်လော့။

  13. သို့ရာတွင် ဣသရေလလူတို့သည် ဂေရှုရိလူ၊ မာခါသိလူတို့ကို မနှင်ထုတ်ကြ။ ထိုလူမျိုးတို့သည် ယနေ့ တိုင်အောင် ဣသရေလအမျိုးသားတို့နှင့် အတူနေကြ၏။

  14. ပရောဖက်လုပ်သော ဗောရသား ဗာလမ်ကို လည်း၊ အသေခံရသောသူတို့နှင့်ရော၍ ဣသရေလလူတို့ သည် ထားနှင့်ကွပ်မျက်ကြ၏။

  15. ခါနာန်ပြည်၌လည်း ယဇ်ပုရောဟိတ် ဧလာဇာ၊ နုန်၏သားယောရှုအစရှိသော ဣသရေလအမျိုးအနွယ် တို့၌ မင်းဖြစ်သောသူတို့သည် အမွေဝေဖန်၍ ဣသရေလ အမျိုးသားတို့သည် အမွေခံရကြ၏။

  16. မောရှေအား ထာဝရဘုရားမှာထားတော်မူ သည်အတိုင်း၊ ဣသရေလအမျိုးသားတို့သည် ပြု၍ မြေကို ဝေဖန်ကြ၏။

  17. ဣသရေလလူတို့သည် အားတိုးပွားသောအခါ၊ ထိုခါနနိလူတို့ကို အကုန်အစင်မနှင်ထုတ်ဘဲ အခွန်ပေး စေကြ၏။

  18. ဣသရေလအမျိုး ပရိသတ်အပေါင်းတို့သည်၊ ရှိလောမြို့မှာစည်းဝေး၍ ပရိသတ်စည်းဝေးရာ တဲတော်ကို တည်ထောင်ကြ၏။ သူတို့ရှေ့မှာ တပြည်လုံးနှိမ့်ချလျက်ရှိ ၏။

  19. ထိုအခါ ဣသရေလအမျိုးခုနှစ်မျိုးတို့သည်၊ အမွေမြေကို မခံရသေးသည်ဖြစ်၍၊

  20. ယောရှုက၊ သင်တို့ဘိုးဘေးများ၏ ဘုရားသခင် ထာဝရဘုရားပေးတော်မူသောမြေကို သင်တို့သည် မသိမ်း မယူဘဲ အဘယ်မျှကာလပတ်လုံး နေကြလိမ့်မည်နည်း။

  21. ယောရှုသည် ရှိလောမြို့မှာ ထာဝရဘုရားရှေ့ တော်၌ စာရေးတံပြု၍ ဣသရေလအမျိုးသား အသီးသီး တို့အား မြေကိုပိုင်းခြားလေ၏။

  22. ထိုသို့ ဣသရေလအမျိုးသားတို့သည် မြေတပြင် လုံးကို အပိုင်းအခြားနှင့်တကွ ဝေဖန်၍ အမွေခံပြီးမှ၊ နုန်၏သားယောရှုအား အမွေမြေကို ပေးကြ၏။

  23. ဤရွေ့ကား ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏ သားယောရှု၊ ဣသရေလအမျိုးသားတို့တွင် အဆွေအမျိုး သူကြီးတို့သည်၊ ရှိလောမြို့မှာ ထာဝရဘုရားရှေ့ ပရိသတ် စည်းဝေးရာတဲတော်တံခါးနား၌ ဝေပေးသော အမွေခံ စရာမြေ အသီးသီးပေတည်း။ ဤရွေ့ကား၊ ပြည်ကို ဝေဖန်သောအမှု ပြီးလေ၏။

  24. သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ ငါသည် မောရှေအားဖြင့် မှာထားသည် အတိုင်း၊

  25. ဤမြို့တို့ကား၊ ဣသရေလအမျိုးသားဖြစ်စေ၊ သူတို့တွင် တည်းခိုသော တပါးအမျိုးသားဖြစ်စေ၊ အမှတ် တမဲ့ လူအသက်ကို သတ်မိသောသူသည် သေစားသေစေ သောသူလက်နှင့်လွတ်၍ ပရိသတ်ရှေ့သို့ မရောက်မှီတိုင် အောင် ပြေးရသောအခွင့် ရှိစေခြင်းငှါ ရွေးထားသောမြို့ ဖြစ်သတည်း။