God
God ကို ဖော်ပြသော အခန်းငယ်များ
သူတို့ပြုသမျှသော အဓမ္မအမှုကို ငါမှတ်မိသည် ဟု မိမိတို့ စိတ်နှလုံးထဲမှာ မအောက်မေ့ကြ။ ယခုပင်ထို အမှုတို့သည် သူတို့ကို ဝိုင်းကြပြီ။ ငါ့မျက်မှောက်တွင် ရှိကြ၏။
ထိုသူအပေါင်းတို့သည် မီးဖိုကဲ့သို့ ပူကြ၏။ မိမိတို့ တရားသူကြီးများကို လောင်ကြပြီ။ သူတို့ရှင်ဘုရင် အပေါင်းတို့သည် လဲကြပြီ။ ငါ့ကိုဟစ်ခေါ်သော သူတယောက်မျှမရှိ။
ဣသရေလအမျိုး၏ မာနသည် သူ့မျက်မှောက်၌ နှိမ့်ချခြင်းသို့ ရောက်သော်လည်း အမျိုးသားတို့သည် ကိုယ် ဘုရားသခင်ထာဝရဘုရားထံတော်သို့ မပြန်မလာ ကြ။ အမှုရောက်သော်လည်း ဘုရားကို မရှာကြ။
သွားလေရာရာတွင် ငါ့ပိုက်နှင့်သူတို့ကို ငါအုပ်မိ မည်။ မိုဃ်းကောင်းကင်ငှက်ကိုကဲ့သို့ မြေသို့နှိပ်ချမည်။ သူတို့စည်းဝေးရာ၌ ကြားသည်အတိုင်းငါဆုံးမမည်။
သူတို့သည် ငါ့ထံမှ ထွက်၍ လည်သောကြောင့် အမင်္ဂလာရှိကြ၏။ ငါ့ကိုပြစ်မှားသောကြောင့် ဖျက်ဆီး ဘို့ရာ ဖြစ်ကြ၏။ သူတို့ကို ငါရွေးနှုတ်သော်လည်း၊ ငါ့တဘက်၌ မုသာစကားကို ပြောကြ၏။
သူတို့သည် အိပ်ရာပေါ်မှာ မြည်တမ်းသော် လည်း၊ စေတနာစိတ်နှင့် ငါ့ကို မအော်ဟစ်ကြ။ ဆန်စပါး၊ စပျစ်ရည်ကို ရခြင်းငှါ စည်းဝေး၍ ငါ့ကိုပုန်ကန်ကြ၏။
ငါသည် ဆုံးမသော်၎င်း၊ သူတို့ကို ခိုင်ခံ့စေသော်၎င်း၊ ငါ့တဘက်၌ မကောင်းသော အကြံကိုကြံစည်ကြ၏။
အကျိုးနည်းရှိကြ၏။ လိမ်တတ်သောလေးကဲ့သို့ ဖြစ်ကြ၏။ မင်းတို့သည် စော်ကားသောကြောင့် ထားဖြင့် သေ၍ အဲကုတ္တုပြည်သားတို့၏ ကဲ့ရဲ့ခြင်းကို ခံရကြလိမ့် မည်။
တံပိုးမှုတ်လော့။ ရန်သူသည် ရွှေလင်းတကဲ့သို့ ထာဝရဘုရား၏အိမ်တော်သို့ လာလိမ့်မည်။ အကြောင်း မူကား၊ သူတို့သည် ငါ့ပဋိညာဉ်ကို ဖျက်၍ ငါ့တရားကို လွန်ကျူးကြပြီ။
သို့ရာတွင် သူတို့က၊ အကျွန်ုပ်တို့၏ ဘုရားသခင်၊ အကျွန်ုပ်တို့သည် ဣသရေလအမျိုးဖြစ်၍ ကိုယ်တော်ကို သိကြပါ၏ဟု ငါ့အား ကြွေးကြော်ကြသည်တကား။
သူတို့သည် ငါ၏အခွင့်မရှိဘဲ ကိုယ်အလို အလျောက် ရှင်ဘုရင်တို့ကို ချီးမြှောက်ကြပြီ။ ငါမသိရဘဲ မင်းတို့ကို ခန့်ထားကြပြီ။ ကိုယ်အကျိုးနည်းစေခြင်းငှါ၊ ကိုယ်ရွှေငွေနှင့်ကိုယ်အဘို့ ရုပ်တုများကိုလုပ်ကြပြီ။
အိုရှမာရိ၊ သင်၏ နွားသငယ်ကို စွန့်ပစ်လော့။ ကိုးကွယ်သော သူများကို ငါအမျက်ထွက်၏။ သူတို့သည် အဘယ်မျှကာလပတ်လုံး သန့်ရှင်းခြင်းတရားကို မမှီနိုင် ဘဲ နေရကြလိမ့်မည်နည်း။
ထိုနွားသငယ်သည် ဣသရေလအမျိုး ကြံစည် ၍ ဖြစ်၏။ ဆရာသမားလုပ်သောကြောင့် ဘုရားမဟုတ်။ အကယ်စင်စစ် ရှမာရိနွားသငယ်သည် အပိုင်းပိုင်း ကျိုးပဲ့ ရလိမ့်မည်။
တပါးအမျိုးသားတို့အား ဆုချသော်လည်း၊ ချက် ခြင်းလူများကို ငါစုဝေးစေမည်။ မကြာမမြင့်မှီ ရှင်ဘုရင် နှင့် မင်းများတင်သော ဝန်ကို ပင်ပန်းစွာ ထမ်းရကြလိမ့် မည်။
ငါ့တရား၏ ထူးဆန်းသောအရာတို့ကို သူ့အဘို့ ငါရေးထားပြီ။ သို့သော်လည်း၊ ရိုင်းသော အရာဟူ၍ သူသည် မှတ်လေပြီတကား။
ငါနှင့်ဆိုင်သော ပူဇော်သက္ကာတို့ကို ယဇ်ပူဇော် သော သူတို့သည် ပူဇော်၍ ကိုယ်တိုင်စားကြ၏။ ထာဝရ ဘုရားသည် သူတို့ကို လက်ခံတော်မမူ။ သူတို့အပြစ်များ ကို ချက်ခြင်းအောက်မေ့၍ စစ်ကြောတော်မူသော အားဖြင့်၊ သူတို့သည် အဲဂုတ္တုပြည်သို့ ပြန်သွားရကြလိမ့် မည်။
ဣသရေလသည် သူ့ကို ဖန်ဆင်းတော်မူသော သခင်ကိုမေ့လျော့၍ ဘုံဗိမာန်များကို တည်ဆောက်တတ် ၏။ ယုဒသည်လည်း ခိုင်ခံ့သော မြို့တို့ကို များပြားစေ တတ်၏။ သို့ရာတွင်၊ ငါသည် ထိုမြို့များတို့ကို မီးရှို့၍ ဘုံဗိမာန်များတို့ကို မီးလောင်ရလိမ့်မည်။
အိုဣသရေလအမျိုး၊ တပါးအမျိုးသားကဲ့သို့ ဝမ်းမြောက်ရွှင်မြူးသော စိတ်ရှိ၍မခုန်နှင့်။ ကိုယ်ဘုရား သခင်၌ မဆည်းကပ်၊ အခြားသော ဘုရားနှင့် မှားယွင်း ပြီ။ ကောက်နယ်တလင်းရှိသမျှတို့၌ မှားယွင်းခကို နှစ် သက်တတ်၏။
ဧဖရိမ်အမျိုးတို့သည် ထာဝရဘုရား၏ မြေ တော်၌ မနေရဘဲ အဲဂုတ္တုပြည်သို့ ပြန်သွား၍၊ အာရှုရိ ပြည်၌ မစင်ကြယ်သောအစာကို စားရကြမည်။
စပျစ်ရည်သွန်းလောင်းရာ ပူဇော်သက္ကာကို ထာဝရဘုရားအား မပြုရကြ။ ပူဇော်သော ယဇ်တို့ကို နှစ်သက်တော်မမူရ။ ထိုယဇ်အသားသည် မသာလိုက်၍ ငိုကြွေးမြည်တမ်းသော သူတို့၏အစာကဲ့သို့ဖြစ်၍၊ စား သောသူအပေါင်းတို့သည် ညစ်ညူးခြင်းသို့ ရောက်ကြလိမ့် မည်။ သူတို့အစာကို ကိုယ်တိုင်စားကြစေ။ ထာဝရဘုရား ၏အိမ်တော်ထဲသို့ မသွင်းစေနှင့်။
ဓမ္မပွဲနေ့၊ ထာဝရဘုရားအဘို့ဆောင်သော ပွဲနေ့ တို့၌ သင်တို့သည် အဘယ်သို့ ပြုကြလိမ့်မည်နည်း။
ဧဖရိမ်ကင်းစောင့်သည် မိမိဘုရား ဘက်မှာ နေ၏။ ပရောဖက်သည် ပြုလေသမျှတို့၌ မုဆိုးကျော့ကွင်း ဖြစ်၏။ သူ၏ဘုရားအိမ်တွင် ဘေးပြုသော သူဖြစ်၏။
ဂိဗာမြို့ လက်ထက်ကဲ့သို့ သူတို့သည် ကိုယ်ကို အလွန်ညစ်ညူးစေကြပြီ။ သူတို့အပြစ်ကို အောက်မေ့၍ ဒုစရိုက်များကို စစ်ကြောတော်မူမည်။
တော၌ စပျစ်သီးကဲ့သို့ ဣသရေလအမျိုးကို ငါ တွေ့၏။ သီးစသော သင်္ဘောသဖန်းပင်၌ အဦးဆုံးမှည့် သော သင်္ဘောသဖန်းသီးကဲ့သို့ သင်တို့ ဘိုးဘေးများကို ငါမြင်၏။ သူတို့သည် ကိုယ်အလိုအလျောက် ဗာလပေဂုရ ဘုရားထံသို့ သွား၍၊ ထိုရှက်ဘွယ်သောအရာအဘို့ ကိုယ်ကို အပ်နှံသဖြင့် တပ်မက်သည်အတိုင်း စက်ဆုပ် ရွံရှာဘွယ်သော အမှုတို့ကို ပြုကြ၏။
သားသမီးတို့ကို ကျွေးမွေးသော်လည်း၊ တယောက်ကိုမျှ မကျန်စေခြင်းငှါ ငါလုယူမည်။ အကယ် ၍ သူတို့ကို ငါစွန့်ပစ်သောအခါ အမင်္ဂလာရှိကြလိမ့်မည်။