အကြောင်းအရာသို့ ကျော်သွားရန်

God

11,427 အခန်းငယ် · 2 မိသားစုဝင်

God ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. တရားနှင့်သစ္စာသည် သူ၏ ခါးပန်း ခါးစည်း ဖြစ်လိမ့်မည်။

  2. ငါ၏ သန့်ရှင်းသောတောင်တပြင်လုံး၌ အချင်း ချင်းညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကို မပြုရကြ။ အကြောင်း မူကား၊ပင်လယ်ရေသည် မိမိနေရာကို လွှမ်းမိုးသကဲ့သို့၊ မြေကြီးသည် ထာဝရဘုရားကို သိကျွမ်းခြင်းပညာနှင့် ပြည့်စုံလိမ့်မည်။

  3. ထိုကာလ၌ ယေရှဲ၏အမြစ်သည် ပေါက်၍၊လူ များအဘို့ထူသောအလံ ဖြစ်လိမ့်မည်။ ထိုအလံ၌ တပါးအ မျိုးသားတို့သည် ဆည်းကပ်ကြလိမ့်မည်။ကျိန်းဝပ်တော်မူ ရာအရပ်သည်လည်း ဘုန်းကြီးလိမ့်မည်။

  4. ထိုကာလ၌ ထာဝရဘုရားသည် လက်တော်ကို ဆန့်၍၊ ကျန်ကြွင်းသော ကိုယ်တော်၏ လူတို့ကိုအာရှုရိ ပြည်၊ အဲဂုတ္တုပြည်၊ ပါသရုပြည်၊ ကုရှပြည်၊ ဧလံပြည်၊ ရှိနာပြည်၊ဟာမတ်ပြည်၊ ပင်လယ်တဘက်၌ရှိသော ပြည် များတို့မှ ကယ်ယူခြင်းငှါ တဖန်ပြုတော်မူလိမ့်မည်။

  5. တပါးအမျိုးသားတို့အဘို့ အလံကိုထူတော်မူ သဖြင့်၊ နှင်ထုတ်သောဣသရေလအမျိုးသားနှင့်၊ အရပ် ရပ်ကွဲပြားသောယုဒအမျိုးသားတို့ကို မြေကြီးလေး မျက်နှာတို့မှ ခေါ်၍ စုဝေးစေတော်မူလိမ့်မည်။

  6. ထာဝရဘုရားသည်လည်း၊ အဲဂုတ္တုပင်လယ်၏ လျှာကိုဖျောက်ဖျက်တော်မူမည်။ ပြင်းစွာသောလေတော် နှင့် တကွလက်တော်ကိုမြစ် ပေါ်မှာလှုပ်၍၊ ချောင်းခုနစ် သွယ်ဖြစ်စေခြင်းငှါ ရိုက်ခတ်တော်မူသဖြင့်၊ လူတို့သည် ခြေနင်းစီးလျက် ကျော်သွားကြလိမ့်မည်။

  7. ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည် မှထွက်သွားသောအခါ၌ ဖြစ်သကဲ့သို့၊ အာရှုရိပြည်မှ ကျန်ကြွင်းသော ကိုယ်တော်၏လူတို့သွားရာလမ်း ကြီးဖြစ်ရလိမ့်မည်။

  8. ထိုကာလ၌ သင်မြွက်ဆိုရမည်ကား၊ အိုထာဝရ ဘုရား၊ အကျွန်ုပ်သည် ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းပါ မည်။အကျွန်ုပ်ကို အမျက်ထွက်တော်မူသော်လည်း၊ တဖန် အမျက်တော်ငြိမ်း၍၊အကျွန်ုပ်ကို နှစ်သိမ့်စေတော်မူ၏။

  9. ဘုရားသခင်သည် ငါ့ကို ကယ်တင်သော အရှင် ဖြစ်တော်မူ၏။ ကြောက်လန့်သော စိတ်မရှိဘဲ ရဲရင့်မည်။ ထာဝရဘုရားသည် ငါချီးမွမ်းရာ၊ ငါသီချင်းဆိုရာ၊ ငါ့ကို ကယ်တင်တော်မူသော အရှင်ဖြစ်တော်မူ၏။

  10. ထိုကာလ၌လည်း ထာဝရဘုရား၏ ဂုဏ်တော် ကိုချီးမွမ်းကြလော့။ နာမတော်ကို ပဋ္ဌနာပြုကြလော့။ အမှုတော်တို့ကို လူများတို့တွင် ဘော်ပြလော့။ နာမတော်သည် မြင့်မြတ်သောကြောင့်ချီးမွမ်းကြလော့။

  11. ထာဝရဘုရားကို ထောမနာသီချင်းဆိုကြလော့။ ထူးဆန်းသောအမှုကို ပြုတော်မူပြီ။ အမှုတော်သည် မြေတပြင်လုံး၌ ထင်ရှားပါစေ။

  12. အိုဇအုန် သတို့သမီး၊ ကြွေးကြော်လော့။ ဝမ်းမြောက်သဖြင့် အော်ဟစ်လော့။ အကြောင်းမူကား၊ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားသည် သင်၏ အလယ်၌ ဘုန်းကြီးတော်မူ၏ဟု မြွက်ဆိုရလိမ့်မည်။

  13. ငါသန့်ရှင်းစေသော သူတို့ကို ငါမှာထားပြီ။ ငါပေးသောဘုန်းအာနုဘော်ကြောင့် ဝမ်းမြောက်သောသူ၊ ငါ၏သူရဲတို့ကို ငါ့အမျက်ပြေစေခြင်းငှါ ငါခေါ်ပြီ။

  14. ကြီးစွာသော အလုံးအရင်း၏ အသံကဲ့သို့ တောင်တို့အပေါ်မှာ လူများ၏ အသံဗလံ၊ စုဝေးသော တိုင်းသူပြည်သားများတို့၏ အုတ်အုတ်ကျက်ကျက်သော အသံဗလံရှိသည်နှင့်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားသည် စစ်တိုက်ခြင်းငှါ၊ အလုံးအရင်းကိုစီရင် ခင်းကျင်းတော်မူ၏။

  15. ထာဝရဘုရားနှင့်အတူတကွ အမျက်တော် လက်နက်တို့သည် တပြည်လုံးကို ဖျက်ဆီးခြင်းငှါ၊ ဝေး သောပြည်၊ ကောင်းကင်စွန်းမှ လာကြ၏။

  16. ထာဝရဘုရား၏ နေ့ရက်သည်နီးသောကြောင့်၊ ငိုကြွေးမြည်တမ်းကြလော့။ အနန္တတန်ခိုးရှင်စီရင် တော်မူ သော ဘေးအန္တရာယ်ကဲ့သို့လာလိမ့်မည်။

  17. ထိုပြည်ကိုဖျက်ဆီး၍၊ အပြစ်ကြီးသော ပြည်သူ ပြည်သားတို့ကို သုတ်သင်ဖယ်ရှင်းခြင်းငှါ၊ ထာဝရ ဘုရား ၏ ကြမ်းကြုတ်သောနေ့ရက်သည် ပြင်းထန်သော ဒေါသ အမျက်ထွက်လျက်လာလိမ့်မည်။

  18. ထိုလောကီနိုင်ငံ၏ အပြစ်ကို၎င်း၊ မတရားသော သူတို့၏ ဒုစရိုက်များကို၎င်းငါစစ်ကြောမည်။ မာနကြီး သောသူတို့၏ ထောင်လွှားခြင်းကို ငါနှိပ်စက် ၍၊ကြမ်း ကြုတ်သောသူတို့၏ စော်ကားခြင်းကို ငါနှိမ့်ချမည်။

  19. လူသည် ရွှေစင်ထက် အဘိုးထိုက်မည် အကြောင်း၊ ဆင်းရဲသားသည် ဩဖိရရွှေကျောက်ထက် အဘိုးထိုက်မည်အကြောင်း ငါပြုမည်။

  20. သို့ဖြစ်၍၊ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရား၏ ဒေါသအမျက်တော်ပြင်းစွာ ထွက်သော နေ့ ရက်၌၊ မိုဃ်းကောင်းကင်ကို ငါလှုပ်ရှားမည်။ မြေကြီး လည်း မိမိနေရာမှ ရွေ့ရလိမ့်မည်။

  21. ကြည့်ရှုလော့။ ငွေကိုပမာဏမပြု၊ ရွှေကိုအ လိုမရှိသော မေဒိလူများကို သူတို့တဘက်၌ ငါနှိုးဆော် မည်။

  22. တိုင်းနိုင်ငံတို့၏ အထွဋ်၊ ခါလဒဲ အမျိုးသားတို့၏ ဘုန်းအသရေဖြစ်သော ဗာဗုလုန်မြို့သည် ဘုရားသခင် ဖျက်ဆီးတော်မူသော သောဒုံမြို့နှင့် ဂေါမောရမြို့ကဲ့သို့ ဖြစ်လိမ့်မည်။

  23. အကြောင်းမူကား၊ ထာဝရဘုရားသည် ယာကုပ်အမျိုးကို သနား၍ ဣသရေလအမျိုးကို တဖန်ရွေးကောက်သဖြင့်၊ သူတို့ကို နေရင်းပြည်၌နေရာ ချတော်မူလိမ့်မည်။ တကျွန်း တနိုင်ငံသားတို့သည် သူတို့နှင့် ပေါင်းဘော်၍ ယာကုပ်အမျိုး၌ ဆည်းကပ်ကြ လိမ့်မည်။

  24. တပါးအမျိုးသားတို့သည် သူတို့ကို နေရင်း အ ရပ်သို့ ပို့ဆောင်ကြလိမ့်မည်။ ဣသရေလအမျိုးသားတို့ သည် တပါးအမျိုးသားတို့ကို ထာဝရဘုရား၏ ပြည် တော်တွင်၊ကျွန်နှင့် ကျွန်မအရာ၌ ထား၍ စေစားကြလိမ့် မည်။ အထက်က သိမ်းသွားဘူးသော သူတို့ကို တဖန် သိမ်းယူခဲ့ကြလိမ့်မည်။ ညှဉ်းဆဲဘူးသော သူတို့ကိုလည်း အုပ်စိုးကြလိမ့်မည်။

  25. ထိုအခါ ထာဝရဘုရားသည် သင့်ကို ငြိုငြင်ခြင်း၊ စိုးရိမ်ခြင်း၊ သူတပါး စေစား၍ ဆင်းရဲစွာ အစေ ကျွန် ခံရခြင်းထဲက နှုတ်၍၊ ချမ်းသာ ပေးတော် မူလျှင်၊