အကြောင်းအရာသို့ ကျော်သွားရန်

God

11,427 အခန်းငယ် · 2 မိသားစုဝင်

God ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဤလူမျိုးသည် ဒဏ်ခတ်တော်မူသော သူထံသို့ မလှည့်မပြန်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားကို မရှာမဖွေတတ်။

  2. ထိုကြောင့်၊ ထာဝရဘုရားသည် ဣသရေလ အမျိုးမှ ဦးခေါင်းနှင့်အမြီးကို၎င်း၊ စွန်ပလွံလက်နှင့် ကိုင်းပင်ကို၎င်း တနေ့ခြင်းတွင် ခုတ်ဖြတ်တော်မူလိမ့် မည်။

  3. ထိုကြောင့်၊ ထာဝရဘုရားသည် သူတို့တွင် ရှိသော လူပျိုတို့ကို အားရတော်မမူ။ မိဘမရှိသောသူငယ် နှင့် မုတ်ဆိုးမတို့ကို သနားတော်မမူ။ ထိုသူအပေါင်းတို့ သည် အဓမ္မပြုသောသူ၊ ဆိုးညစ်သောသူဖြစ်၍၊ မတရား သော စကားကိုပြောတတ်ကြ၏။ သို့ဖြစ်၍၊ အမျက်တော် သည် မငြိမ်း၊ လက်တော်သည် ဆန့်လျက် ရှိသေး၏။

  4. ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ အမျက်တော်ကြောင့်၊ မြေသည်မီးလောင်၍၊ မြေသားတို့ သည် မီးမွေးဘို့ ထင်းဖြစ်ကြလိမ့်မည်။ ညီအစ်ကိုချင်း တယောက်ကိုတယောက် မနှမြောရ။

  5. မနာရှေအမျိုးသည် ဧဖရိမ်အမျိုးကို၎င်း၊ ဧဖရိမ် အမျိုးသည် မနာရှေအမျိုးကို၎င်း ကိုက်စားကြလိမ့်မည်။ ထိုနှစ်မျိုးတို့သည် ယုဒအမျိုးကို တညီတညွတ်တည်း ရန်ပြုကြလိမ့်မည်။ သို့သော်လည်း၊ အမျက်တော်သည် မငြိမ်း၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။

  6. ငါ၏လူမျိုးတွင် ဆင်းရဲသားတို့၏ အခွင့် အရာကို ရုပ်သိမ်းခြင်းငှါ၎င်း၊ မုတ်ဆိုးမတို့ကို ညှဉ်းဆဲ၍၊ မိဘမရှိသောသူတို့၏ ဥစ္စာကိုလုယူခြင်းငှါ၎င်း၊ မတရား သဖြင့်စီရင်သောသူ၊ ကျပ်တည်းစွာသော မှတ်ချက်ကို မှတ်သားသော စာရေးတို့သည် အမင်္ဂလာရှိကြ၏။

  7. ငါ့ကျေးဇူးကို မခံရသောသူတို့သည်၊ ချုပ်ထား လျက်ရှိသော သူတို့အောက်မှာ ဦးချရကြလိမ့်မည်။ အသေသတ်ခြင်းကို ခံရသော သူတို့အောက်မှာ လဲကြ လိမ့်မည်။ သို့သော်လည်း၊ အမျက်တော်သည်မငြိမ်း၊ လက်တော်သည်ဆန့်လျက်ရှိသေး၏။

  8. အာရှုရိလူသည် အမင်္ဂလာရှိ၏။ ငါ့အမျက်၏ လှံတံဖြစ်၏။ သူကိုင်သောတောင်ဝေးသည် ငါဒဏ်ပေး စရာဘို့ ဖြစ်၏။

  9. အဓမ္မ လူမျိုးရှိရာသို့ သူ့ကိုငါစေလွှတ်မည်။ ငါ့အမျက်ခံရာ လူစုကို လုယူဖျက်ဆီး၍၊ လမ်း၌ ရွှံ့ကို ကဲ့သို့ ကျော်နင်းစေခြင်းငှါ၊ သူ့ကိုငါမှာထားမည်။

  10. ရှမာရိမြို့နှင့် သူ၏ ရုပ်တုတို့ကို ငါပြုသကဲ့သို့ ၎င်း၊ ယေရုရှလင်မြို့နှင့် သူ၏ ရုပ်တုတို့ကို ငါပြုမည် မဟုတ်လော ဟုဆိုတတ်၏။

  11. သို့သော်လည်း၊ ထာဝရဘုရားသည် ဇိအုန် တောင်နှင့် ယေရုရှလင်မြို့၌ အမှုတော်ကို လက်စသတ် တော်မူပြီးမှ၊ အာရှုရိ ရှင်ဘုရင်၏ မာနထောင်လွှားခြင်း၊ မော်သော မျက်နှာနှင့် စော်ကားခြင်းကို ငါကြည့်ရှု၍ စီရင်မည်။

  12. ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေသခင်အရှင် ထာဝရဘုရားသည် ထိုမင်း၏ ဆူဝသောသူတို့၌ ပိန်ကျုံ့ ခြင်းကို သွင်းပေးတော်မူမည်။ သူ၏ ဘုန်းအောက်၌ လည်း မီးလောင်သကဲ့သို့ လောင်စေခြင်းငှါ ရှို့တော် မူမည်။

  13. ဣသရေလ အမျိုး၏အလင်းသည် မီးဖြစ်တော် မူမည်။ သန့်ရှင်းသော ဘုရားသည် မီးလျှံဖြစ်တော်မူမည်။ တနေ့ခြင်းတွင်၊ ထိုမင်း၏ ဆူးပင်အမျိုးမျိုးတို့ကို မီးရှို့၍၊ ကျွမ်းစေတော်မူမည်။

  14. ထိုအခါမှစ၍၊ ဘေးလွတ်လျက် ကြွင်းသော ဣသရေလအမျိုးနှင့် ယာကုပ်အမျိုးသားတို့သည်၊ မိမိ တို့ကို ညှဉ်းဆဲသောသူ၌ နောက်တဖန် မကိုးစားဘဲ၊ ဣသ ရေလအမျိုး၏ သန့်ရှင်းသောအရှင် ထာဝရဘုရား၌ အမှန်ကိုးစားကြလိမ့်မည်။

  15. ကြွင်းသောသူတည်းဟူသော၊ ယာကုပ်အမျိုး၌ ကြွင်းသောသူတို့သည် တန်ခိုးကြီးတော်မူသော ဘုရား သခင့်ထံသို့ ပြန်လာကြလိမ့်မည်။

  16. အိုဣသရေလအမျိုး၊ သင်၏အမျိုးသားတို့သည် သမုဒ္ဒရာသဲလုံးနှင့်အမျှ များသော်လည်း၊ကြွင်းသောသူ တို့သာလျှင် ပြန်လာကြလိမ့်မည်။ စီရင်ဆုံးဖြတ်သော သုတ်သင် ပယ်ရှင်းခြင်းသည် တရားသဖြင့် လွှမ်းမိုးရ လိမ့်မည်။

  17. ကောင်းကင်ဗိုလ်ခြေရှင် ထာဝရဘုရားသည် မြေတပြင်လုံးအလယ်၌ စီရင်ဆုံးဖြတ်သော၊ သုတ်သင် ပယ်ရှားခြင်းကို ပြုတော်မူလိမ့်မည်။

  18. ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေသခင်အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဇိအုန်မြို့၌နေသော ငါ၏လူမျိုး၊ အာရှုရိယမင်းကြောင့် မကြောက်နှင့်။ သူ၏ ကြိမ်လုံးနှင့် သင့်ကိုရိုက်မည်။ အဲဂုတ္တုမင်း ပြုသည်နည်း တူ သူ၏လှံတံကို သင်၏အပေါ် မှာမိုးလိမ့်မည်။

  19. သို့သော်လည်း၊ ခဏကြာပြီးမှ သူတို့သည်ပျက် စီးခြင်းသို့ရောက်သောအားဖြင့်၊ ငါ့အမျက်သည်ငြိမ်း၍၊

  20. ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရ ဘုရားသည် ဩရဘကျောက်နားမှာ မိဒျန်အမျိုးသားတို့ကို ဒဏ်ခတ် သကဲ့သို့၎င်း၊ ပင်လယ်ကိုလှံတံတော်နှင့် မိုးသကဲ့သို့၎င်း၊ ထိုမင်းအဘို့ ဘေးဥပဒ်ကို ပြင်ဆင်၍၊အဲဂုတ္ထု လက်ထက် ၌ကဲ့သို့တဖန် လှံတံတော်ကို ချီတော်မူမည်။

  21. ကောင်းကင်ဗိုလ်ခြေသခင်အရှင် ထာဝရဘုရား သည် ကြောက်မက်ဘွယ်သော အခြင်းအရာနှင့် သစ်ပင် အထွဋ်ကို ပယ်ရှင်းတော်မူမည်။ အရပ်မြင့်သော အခက် တို့ကို ခုတ်လှဲ၍၊ ကြီးမားသော အခက်တို့ကို နှိမ့်ချ တော်မူမည်။

  22. တောအုပ်ကို ပုဆိန်နှင့် ခုတ်ပယ်တော်မူ၍၊ လေဗနန်တောသည် တန်ခိုးကြီးသော သူ၏လက်အားဖြင့် လဲလျက်နေလိမ့်သတည်း။ ငါ့စိတ်လည်းပြေလိမ့်မည်။

  23. ထာဝရဘုရား၏ ဝိညာဉ်တော်တည်းဟူသော ဉာဏ်ပညာကို ပေးသောဝိညာဉ်၊ ကြံစည်တတ် စွမ်းနိုင် သော သတ္တိကိုပေးသောဝိညာဉ်၊ ထာဝရဘုရားကိုသိ၍ ကြောက်ရွံ့သောသဘောကို ပေးသောဝိညာဉ်တော်သည် ထိုသူအပေါ်မှာ ကျိန်းဝပ်တော်မူလိမ့်မည်။

  24. ထိုသူသည် ထာဝရဘုရားကို ကြောက်ရွံ့ခြင်း၌ မွေ့လျော်သည်ဖြစ်၍၊ မိမိမျက်စိမြင်သည်အတိုင်း တရားမစီရင်၊ မိမိနားကြားသည်အတိုင်းမဆုံးဖြတ်ဘဲ၊

  25. ဆင်းရဲသားတို့၏ အမှုကိုတရားတော် အတိုင်း စီရင်၍၊နှိမ့်ချသော မြေကြီးသားတို့ဘက်၌ နေလျက်၊ ဖြောင့်မတ်စွာ ဆုံးဖြတ်လိမ့်မည်။ မြေကြီးကိုနှုတ်က ပတ်တော် လှံတံနှင့် ဒဏ်ခတ်၍၊ ဆိုးသောသူကို နှုတ်ခမ်း ထွက်သက်နှင့် ကွပ်မျက်လိမ့်မည်။