အကြောင်းအရာသို့ ကျော်သွားရန်

God

11,427 အခန်းငယ် · 2 မိသားစုဝင်

God ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. လာဗန်က၊ သင်၏စိတ်နှင့် တွေ့ပါစေ။ ထာဝရ ဘုရားသည် သင်၏အကြောင်းကြောင့် ငါ့အား ကောင်း ကြီးပေးတော်မူသည်ကို ငါရိပ်မိပြီ။

  2. အထက်က အဘ၏ဥစ္စာနည်းလှ၏။ ယခု တိုးပွါး၍ များပြားလျက်ရှိ၏။ ကျွန်ုပ်သွားလာလုပ် ကိုင်သောအားဖြင့်၊ ထာဝရဘုရားသည် အဘအား ကောင်းကြီးပေးတော်မူပြီ။ ယခုမှာ၊ ကျွန်ုပ်သည် ကိုယ် အိမ်သူ အိမ်သားတို့ကို အဘယ်သောအခါ ကျွန်ုပ်ပြုစု ရပါအံ့နည်းဟု ဆိုလေ၏။

  3. ထာဝရဘုရားကလည်း၊ သင်၏ဘိုးဘနေသော ပြည်၊ သင်၏အမျိုးသားချင်းထံသို့ ပြန်သွားလော့။ ငါ သည် သင့်ဘက်၌ရှိနေမည်ဟု ယာကုပ်အား မိန့်တော် မူ၏။

  4. သင်တို့အဘ၏ မျက်နှာသည် ငါ၌ရှေ့ကကဲ့သို့ မဟုတ်၊ ခြားနားသည်ကို ငါသိမြင်၏။ သို့သော်လည်း၊ ငါ့အဘ၏ဘုရားသခင်သည်၊ ငါ့ဘက်၌ ရှိတော်မူ၏။

  5. သင်တို့အဘသည်လည်း ငါ့ကိုလှည့်စား၍၊ ငါရထိုက်သော အခကိုဆယ်ကြိမ်လဲခဲ့ပြီ။ သို့သော်လည်း၊ ငါ့ကိုညှဉ်းဆဲစေခြင်းငှါ၊ ဘုရားသခင်အခွင့်ပေးတော်မမူ။

  6. ထိုသို့ ဘုရားသခင်သည်၊ သင်တို့အဘ၏ တိရစ္ဆာန်တို့ကို နှုတ်၍ ငါ့အားပေးတော်မူပြီ။

  7. ဘုရားသခင်၏ကောင်းကင်တမန်ကလည်း၊ ယာကုပ်ဟု အိပ်မက်၌ ငါ့ကိုခေါ်လျှင်၊ ကျွန်ုပ်ရှိပါ၏ဟု ငါထူး၏။

  8. သူကလည်း မြော်၍ကြည့်လော့။ တိရစ္ဆာန်မနှင့် ပေါင်းဘော်သော တိရစ္ဆာန်အထီး ရှိသမျှတို့သည်၊ အပြောက်အကျားမှစ၍၊ အထွေထွေသော အဆင်းရှိကြ ၏။ အကြောင်းမူကား၊ သင်၌လာဗန်ပြုသမျှတို့ကို ငါမြင် ၏။

  9. ငါကား၊ သင်သည် မှတ်တိုင်ကိုဆီလောင်း၍၊ ငါ၌ သစ္စာပြုရာ ဗေသလအရပ်၏ဘုရားဖြစ်၏။ ယခု ထ၍ ဤအရပ်မှ ထွက်သဖြင့်၊ အမျိုး သားချင်းတို့နေသော ပြည်သို့ ပြန်သွားလော့ဟု ငါ့အားမိန့်တော်မူ၏ဟု ယာကုပ်သည် ကြားပြောပြီးလျှင်၊

  10. ကျွန်ုပ်တို့အဘမှ ဘုရားသခင်ရုပ်သိမ်းတော်မူ သော စည်းစိမ်ရှိသမျှသည် ငါတို့ဥစ္စာ၊ ငါတို့ သားသမီး များ ဥစ္စာဖြစ်၏။ သို့ဖြစ်၍ ဘုရားသခင် မှာထားတော်မူ သည်အတိုင်း ယခုတွင် ပြုပါလော့ဟုပြန်ပြောကြ၏။

  11. ဘုရားသခင်သည် ရှုရိလူလာဗန်ဆီသို့ ညဉ့် အချိန်တွင် အိပ်မက်၌ကြွတော်မူ၍၊ သင်သည် ယာကုပ် အား ကောင်းမကောင်းကို မပြောနှင့်၊ သတိပြုလော့ဟု မိန့်တော်မူ၏။

  12. ယခုသင့်ကို ငါညှဉ်းဆဲနိုင်၏။ သို့သော်လည်း၊ မနေ့ညမှာ သင်၏အဘကိုးကွယ်သော ဘုရားသခင်သည် ကြွလာ၍၊ ယာကုပ်အား ကောင်းမကောင်းကို မပြောနှင့်။ သတိပြုလော့ဟု ငါ့အား မိန့်တော်မူ၏။

  13. ယခုလည်း ကျွန်ုပ်အဘ၏ ဘုရားသခင်၊ အာဗြဟံ၏ဘုရားသခင်၊ ဣဇာက်၏ကြောက်ရွံ့ရာ ဘုရား သည် ကျွန်ုပ်ဘက်၌မရှိလျှင်၊ သင်သည် ကျွန်ုပ်ကို ဧကန်အမှန်လက်ချည်း လွှတ်လိုက်လိမ့်မည်တကား။ အကယ်စင်စစ် ကျွန်ုပ်ဆင်းရဲခံရခြင်း၊ ပင်ပန်းစွာ လုပ် ကိုင်ရခြင်းကို ဘုရားသခင်မြင်၍၊ မနေ့ညမှာ သင့်ကို ဆုံးမတော်မူပြီဟု ဆိုလေ၏။

  14. မိဇပါဟူ၍ သမုတ်ကြသေး၏။ အကြောင်းမူ ကား၊ လာဗန်က၊ ငါတို့သည် တယောက်နှင့်တယောက် ခွါသွားကြသောနောက်၊ ထာဝရဘုရားသည် ငါနှင့်သင်၏ စပ်ကြား၌စောင့်တော်မူစေသတည်း။

  15. သင်သည် ငါ့သမီးတို့ကို ညှဉ်းဆဲသည်ဖြစ်စေ၊ ငါ့သမီးတို့မှ တပါးအခြားသော မိန်းမနှင့် စုံဘက်သည် ဖြစ်စေ၊ ငါတို့၌ လူသက်သေမရှိ၊ ဘုရားသခင်သည် ငါနှင့်သင်၏ စပ်ကြား၌သက်သေမရှိ၊ ဘုရားသင်သည် ငါနှင့်သင်၏စပ်ကြား၌ သက်သေဖြစ်စေတော်မူသတည်း ဟူ၍၎င်း၊

  16. အာဗြဟံ၏ ဘုရားသခင်၊ နာခေါ်၏ ဘုရား သခင်၊ သင့်အဘ၏ဘုရားသခင်သည် ငါတို့စပ်ကြား၌ စီရင်တော်မူစေသတည်းဟူ၍၎င်း၊ ယာကုပ်အားဆို၏။ ယာကုပ်သည်လည်း၊ မိမိအဘကြောက်ရွံ့ရာ ဘုရားကို တိုင်တည်၍ ကျိန်ဆိုခြင်းကို ပြုလေ၏။

  17. ယာကုပ်သည် ခရီးသွားပြန်၍၊ ဘုရားသခင်၏ ကောင်းကင်တမန်တို့သည် ကြိုဆိုခြင်းငှါ လာကြသည်ကို၊

  18. ယာကုပ်မြင်လျှင် ဘုရားသခင်၏ တပ်တော်ဖြစ် သည်ဟု ဆို၍၊ ထိုအရပ်ကို မဟာနိမ်အမည်ဖြင့် မှည့်လေ ၏။

  19. တဖန် ယာကုပ်က၊ အကျွန်ုပ်အဘ အာဗြဟံ၏ ဘုရားသခင်၊ အကျွန်ုပ်အဘ ဣဇာက်၏ဘုရားသခင်၊ ထာဝရဘုရား ကိုယ်တော်က၊ သင်၏ပြည် သင်၏ အမျိုးသားချင်းတို့ ထံသို့ ပြန်လော့။ ငါသည် သင်၌ကျေးဇူးပြုမည် ဟု မိန့်တော်မူပါပြီ။

  20. ကိုယ်တော်ကျွန်၌ ပြတော်မူသော ကရုဏာ သစ္စာတော်အငယ်ဆုံးကိုမျှ အကျွန်ုပ်မခံထိုက်ပါ။ အကျွန်ုပ်သည် အထက်က၊ ဤယော်ဒန်မြစ်ကို လက်စွဲ တောင်ဝေးနှင့်သာ ကူးပါ၏။ ယခုမူကား၊ အပေါင်း အသင်းနှစ်စုဖြစ်ပါ၏။

  21. သို့ဖြစ်၍၊ အကျွန်ုပ်ကို အစ်ကိုဧသောလက်မှ ကယ်လွှတ်တော်မူမည်အကြောင်း ဆုတောင်းပါ၏။ သူသည် လာ၍ အကျွန်ုပ်ကို၎င်း၊ သားမယားတို့ကို၎င်း သတ်မည်ဟု အလွန်စိုးရိမ်ပါ၏။

  22. ကိုယ်တော်က၊ ငါသည်သင်၌ အမှတ်ကျေးဇူး ပြု၍၊ မရေတွက်နိုင်အောင် များပြားသော သမုဒ္ဒရာသဲလုံး နှင့်အမျှ သင်၏အမျိုးအနွယ်ကို ငါဖြစ်စေမည်ဟု မိန့်တော်မူပါပြီဟု တောင်းလျောက်လေ၏။

  23. နောင်၌ သင်၏အမည်ကို ယာကုပ်ဟူ၍ မခေါ်ရ၊ ဣသရေလဟူ၍ခေါ်ရမည်။ အကြောင်းမူကား၊ သင်သည် ဘုရားသခင်နှင့်၎င်း၊ လူနှင့်၎င်း၊ မင်းကဲ့သို့ ပြိုင်၍ နိုင်လေပြီဟု မိန့်တော်မူ၏။

  24. ယာကုပ်ကလည်း၊ နာမတော်ကား အဘယ်သို့ နည်း။ အကျွန်ုပ်အား ဘော်ပြတော်မူပါဟု မေးလျှောက် လျှင်၊ ငါ့နာမကို အဘယ်ကြောင့် မေးသနည်းဟု ဆို၍၊ ထိုအရပ်၌ ကောင်းကြီးပေးတော်မူ၏။

  25. ထိုအရပ်ကို ပေညေလဟူ၍၊ ယာကုပ်သည် သမုတ်လေ၏။ အကြောင်းမူကား၊ ငါသည် ဘုရားသခင် ကို မျက်နှာချင်းဆိုင်၍ ဖူးမြင်ရသော်လည်း၊ အသက် ချမ်းသာပြီဟု ဆိုသတည်း။