- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
Abraham
အခြားအမည်: Abram
Abraham ကို ဖော်ပြသော အခန်းငယ်များ
ငယ်သား နှစ်ယောက်ဘို့အား၊ သင်တို့သည် ဤအရုပ်၌မြည်းနှင့် အတူနေရစ်ကြလော့။ ငါသည် သားနှင့်အတူ ထိုအရပ်သို့သွား၍၊ ကိုးကွယ်ခြင်းကိုပြုအံ့။ ထိုအမှုပြီးမှ၊ သင်တို့ဆီသို့ပြန်လာဦးမည်ဟု ဆိုလေ၏။
ထိုအခါ ယဇ်ရှို့စရာထင်းကိုယူ၍ သားဣဇာတ် အပေါ်မှာ တင်ပြီးလျှင်၊ မီးနှင့်ထားကို မိမိလက်၌ ကိုင် လျက်၊ နှစ်ယောက်အတူသွားကြ၏။
သွားကြစဉ်တွင်၊ ဣဇာက်သည် အဘအာဗြဟံကို အဘဟုခေါ်လျှင်၊ ငါ့သား၊ ငါရှိ၏ဟု ထူးလေ၏။ ဣဇာက်ကလည်း မီးပါ၏၊ ထင်းလည်းပါ၏။ ယဇ်ရှို့စရာတို့သိုးသငယ်သည် အဘယ်မှာ ရှိသနည်းဟု မေးလျှင်၊
အာဗြဟံက ငါ့သား၊ ယဇ်ရှို့စရာဘို့ သိုးသငယ်ကို ဘုရားသခင်သည် မိမိအဘို့ ပြင်ဆင်တော်မူလိမ့်မည်ဟု ဆိုလေ၏။
ထိုသို့နှစ်ယောက်အတူသွား၍၊ ဘုရားသခင် မိန့်တော်မူသော အရပ်သို့ ရောက်ကြသောအခါ၊ အာဗြဟံ သည် ယဇ်ပလ္လင်ကိုတည်၍ ထင်းကိုခင်းပြီးလျှင်၊ သား ဣဇာက်ကိုချည်နှောင်၍၊ ယဇ်ပလ္လင်၌ ထင်းပေါ်မှာ တင်ထား၏။
မိမိလက်ကို ဆန့်၍ သားကိုသတ်ခြင်းငှါ၊ ထားကို ကိုင်ယူလေ၏။
ထိုအခါ၊ ထာဝဘုရား၏ ကောင်းကင်တမန်က၊ အာဗြဟံ၊ အာဗြဟံဟု ကောင်းကင်ပေါ်က ခေါ်လေ၏။ အာဗြဟံက၊ အကျွန်ုပ်ရှိပါ၏ဟု လျှောက်လျှင်၊
ထိုအခါ အာဗြဟံသည် မြော်ကြည့်၍ မိမိ နောက်မှ ချုံဖုတ်၌ ချိုညိလျက် ရှိသောသိုးကိုမြင်လေ၏။ ထိုသိုးကိုသွား၍ ယူပြီးလျှင် မိမိသားကိုယ်စား မီးရှို့ယဇ် ပြု၍ ပူဇော်လေ၏။
ထိုအရပ်ကို ယေဟောဝါယိရဟု အာဗြဟံ သမုတ်လေ၏။ ထိုသို့နှင့်အညီ တောင်ပေါ်မှာ ထာဝရ ဘုရားပြင်ဆင်တော်မူမည်ဟု ယနေ့တိုင်အောင် ဆိုလေ့ ရှိသတည်း။
တဖန် ထာဝရဘုရား၏ ကောင်းကင်းတမန် သည် ကောင်းကင်ပေါ်က အာဗြဟံကို ခေါ်လျက်၊
ထိုအခါအာဗြဟံသည် ငယ်သားတို့ ရှိရာသို့ ပြန်၏။ သူတို့သည် ထပြီးလျှင် ဗေရာရဗတအရပ်သို့ လိုက်သွားကြ၏။ ထိုအရပ်၌ အာဗြဟံနေလေ၏။
ထိုနောက်မှ၊ အာဗြဟံကြားသော သိတင်းစကား ဟုမူကား၊ သင်၏အစ်ကိုနာခေါ်မယားမိလခါသည် သားကိုဘွားမြင်လေပြီ။
သားရှစ်ယောက်တို့ကို၊ အာဗြဟံအစ်ကို နာခေါ် ၏ မယားမိလအခါ ဘွားမြင်လေ၏။ ဗေသွေလကား၊ ရေဗက္ကအဘတည်း။
ခါနာန်ပြည်၊ ဟေဗြုန်မြို့တည်းဟူသော၊ ကိရယ သာဘမြို့၌ သေလေ၏။ အာဗြဟံသည်လည်း စာရာ ကြောင့် ညည်းတွားငိုကြွေးခြင်းငှါ လာ၏။
အာဗြဟံသည် မိမိမယားအသေကောင်ရှေ့က ထ၍၊ ဟေသအမျိုးသားတို့အား၊
ဟေသအမျိုးသားတို့က၊ အကျွန်ုပ်တို့သခင်၊ နား ထောင်ပါ။
အာဗြဟံသည် ထ၍၊ ထိုပြည်သားတည်းဟူသော ဟေသအမျိုးသားများရှေ့မှာ ဦးညွှတ်ချလျက်၊
ထိုအခါ ဧဖရုန်သည်၊ ဟေသအမျိုးသားတို့တွင် ထိုင်လျက်ရှိ၏။ သို့ဖြစ်၍ မြို့တံခါးသို့ ဝင်သော သူ အပေါင်းတည်းဟူသော ဟေသအမျိုးသား ပရိတ်သတ်၌၊ ဟိတ္တိအမျိုးသားဧဖရုန်က၊ ထိုသို့မဟုတ်ပါ။
အာဗြဟံသည်လည်း၊ ထိုပြည်သားများ ရှေ့မှာ ဦးညွှတ်ချလျက်၊ အကယ်၍ ငါ့စကားကို နားထောင်ပါ။
ဧဖရုန်ကလည်း၊ အကျွန်ုပ်သခင်၊ နားထောင်ပါ။
အာဗြဟံသည်လည်း၊ ဧဖရုန်စကားကို နားထောင်သည်ဖြစ်၍၊ ကုန်သည်သုံးတတ်သော ငွေမျိုး၊ ဟေသအမျိုးသား ပရိသတ်ရှေ့၊ ဧဖရုန် အဘိုးပြတ်သည် အတိုင်း၊ ငွေလေးပိဿာကို ချိန်၍၊ သူ့အားပေးလေ၏။
ဟေသအမျိုးသားပရိတ်သတ်၌၊ မြို့တံခါးသို့ ဝင် သောသူအပေါင်းတို့ရှေ့မှာ၊ အာဗြဟံဥစ္စာဘို့ လုံခြုံစွာ အပ်ပေးလေ၏။
ထိုနောက်မှ အာဗြဟံသည်၊ မံရေမြို့ရှေ့မှာ၊ မပ္ပေလလယ်ပြင် မြေတွင်း၌ မယားစာရာကို သင်္ဂြိုဟ်ရလေ ၏။ ထိုအရပ်ကား၊ ခါနာန်ပြည် ဟေဗြုန်အရပ် ဖြစ်သ တည်း။
ထိုလယ်ပြင်နှင့်မြေတွင်းကို၊ အာဗြဟံပိုင်ထိုက် သော သင်္ချိုင်းဖြစ်စေခြင်းငှါ၊ ဟေသအမျိုးသားတို့သည် လုံခြုံစွာ အပ်ပေးကြ၏။
အာဗြဟံသည်အို၍၊ အသက်အရွယ်ကြီးရင့်လှပြီ။ ထာဝရဘုရားသည်၊ အရာရာ၌ သူ့ကို ကောင်းကြီး ပေးတော်မူပြီ။