Skip to content

War အကြောင်း ကျမ်းစာအခန်းငယ်များ

639 အခန်းငယ် · 45 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. မိမိတို့သည် မြေ၏အလယ်၌ တစုတည်းနေရာ ကျ၍၊ လပ်သောအရပ် မရှိစေခြင်းငှါ၊ အိမ်တဆောင်နှင့် တဆောင်ကို၎င်း၊ လယ်တကွက်နှင့်တကွက်ကို၎င်း၊ ဆက်တတ်သောသူတို့သည် အမင်္ဂလာရှိကြ၏။

  2. ထိုကြောင့်၊ ထာဝရဘုရားသည် မိမိလူတို့ကို အမျက်တော်ထွက်လျက်၊ သူတို့၌လက်တော်ကိုဆန့်၍ ဒဏ်ခတ် တော်မူသဖြင့်၊ တောင်တို့သည်တုန်လှုပ်၍၊ သူတို့၏အသေ ကောင်တို့သည် လမ်းများ၌ မစင်ကဲ့သို့ဖြစ်ကြ၏။ သို့သော်လည်း အမျက်တော်သည် မငြိမ်း၊ လက်တော် သည် ဆန့်လျက်ရှိသေး၏။

  3. ဝေးသောအရပ်မှာနေသော လူမျိုးတို့အဘို့ အလံကိုထူ၍၊ မြေကြီးစွန်းသားတို့ကို နှိုးဆော်တော်မူ သဖြင့်၊ သူတို့သည် အလျင်အမြန်လာကြလိမ့်မည်။

  4. သူတို့တွင်မောသောသူမရှိ။ ထိမိ၍ လဲသောသူ မရှိ။ ငိုက်မျည်းသောသူ၊ အိပ်ပျော်သောသူလည်းမရှိ။ သူတို့ ခါးစည်းမပြေ။ ခြေနင်းကြိုးလည်းမကျွတ်။

  5. သူတို့ မြှားတို့သည် ထက်ကြ၏။ လေးတို့သည် လည်း တင်းလျက်ရှိကြ၏။ မြင်းခွာတို့သည် မီးကျောက် ကဲ့သို့၎င်း၊ ရထားဘီးတို့သည်လည်း၊ လေဘွေကဲ့သို့၎င်း ထင်ကြ၏။

  6. သူတို့အသံဗလံသည် ခြင်္သေ့ဟောက်သံနှင့်တူ၍၊ ခြင်္သေ့ပျိုကဲ့သို့ ဟောက်ကြလိမ့်မည်။ ဟောက်လျက် အကောင်ကိုဘမ်း၍ ဆောင်သွားကြလိမ့်မည်။ အဘယ်သူ မျှ မကယ်မနှုတ်ရ။

  7. ထိုကာလ၌ သူတို့သည် သမုဒ္ဒရာ အသံဗလံ ကဲ့သို့ ဟုန်းဟုန်းမြည်ကြလိမ့်မည်။ ထိုပြည်ကိုကြည့်ရှုလျှင်၊ မှောင်မိုက်အတိ၊ ဒုက္ခဆင်းရဲသက်သက်ရှိ၍၊ မိုဃ်းကောင်း ကင် အလင်းသည် ကွယ်ပျောက်လိမ့်သတည်း။

  8. အိုထာဝရဘုရား၊ အဘယ်မျှကာလပတ်လုံး ကြာပါလိမ့်မည်နည်းဟု ငါမေးလျှောက်ပြန်လျှင်၊ မြို့တို့ သည် မြို့သားမရှိ၊ အိမ်တို့သည် အိမ်သားမရှိအောင် ဖျက်ဆီးခြင်းသို့ရောက်သဖြင့်၊ တပြည်လုံးသည် လူဆိတ် ညံရာသက်သက်ဖြစ်သည်တိုင်အောင်၎င်း၊

  9. ထာဝရဘုရားသည် လူတို့ကိုဝေးသောအရပ်သို့ ပြောင်းစေတော်မူ၍၊ ပြည်ထဲမှာများစွာသော စွန့်ပစ်ခြင်း ရှိသည်တိုင်အောင်၎င်း၊ ထိုကာလသည် ကြာလိမ့်မည်။

  10. စစ်တိုက်သောသူရဲ၏ ခြေစွပ်နှင့် အသွေးလှသော အဝတ်တန်ဆာရှိသမျှတို့သည် မီးရှို့ဘို့မီးစာ ဖြစ်ရကြ လိမ့်မည်။

  11. ထာဝရဘုရားသည် ဗျာဒိတ်တော်ကို ယာကုပ် အမျိုးသို့လွှတ်၍၊ ဣသရေလအမျိုးအပေါ်မှာ သက် ရောက်စေတော်မူ၏။

  12. အုတ်ရိုးပြို သော်လည်း၊ ဆစ်သောကျောက်နှင့် တည်ပြန်မည်။

  13. သဖန်းပင်များကို ခုတ်လှဲသော်လည်း၊ သူတို့ အရာ၌ အာရဇ်ပင်များကို စိုက်ထားမည်ဟု မာနကြီးမား ထောင်လွားသော ရှမာရိမြို့သားမှစ၍ ဧဖရိမ်လူ အပေါင်းတို့သည် သိရကြလိမ့်မည်။

  14. ထာဝရဘုရားသည်လည်း၊ ထိုသူတို့တဘက်၌ ရေဇိန်မင်း၏ရန်သူတို့ကို ချီးမြှောက်၍၊ ဧဖရိမ်အမျိုး၏ ရန်သူတို့ကို ထစေတော်မူသဖြင့်၊

  15. ရှေ့၌ကား ရှုရိလူ၊ နောက်၌ကား ဖိလိတ္တိလူတို့ သည် ပစပ်ဟ၍၊ ဣသရေလအမျိုးကို ကိုက်စားကြ လိမ့်မည်။ သို့သော်လည်း၊ အမျက်တော်သည် မငြိမ်း၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။

  16. ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ အမျက်တော်ကြောင့်၊ မြေသည်မီးလောင်၍၊ မြေသားတို့ သည် မီးမွေးဘို့ ထင်းဖြစ်ကြလိမ့်မည်။ ညီအစ်ကိုချင်း တယောက်ကိုတယောက် မနှမြောရ။

  17. လက်ျာဘက်၌ ခုတ်ဖြတ်သော်လည်း၊ ငတ်မွတ် လိမ့်မည်။ လက်ဝဲဘက်၌ ကိုက်စားသော်လည်း မဝရ။ အိမ်နီးချင်းအသားကို လူတိုင်းကိုက်စားရလိမ့်မည်။

  18. မနာရှေအမျိုးသည် ဧဖရိမ်အမျိုးကို၎င်း၊ ဧဖရိမ် အမျိုးသည် မနာရှေအမျိုးကို၎င်း ကိုက်စားကြလိမ့်မည်။ ထိုနှစ်မျိုးတို့သည် ယုဒအမျိုးကို တညီတညွတ်တည်း ရန်ပြုကြလိမ့်မည်။ သို့သော်လည်း၊ အမျက်တော်သည် မငြိမ်း၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။

  19. ငါသန့်ရှင်းစေသော သူတို့ကို ငါမှာထားပြီ။ ငါပေးသောဘုန်းအာနုဘော်ကြောင့် ဝမ်းမြောက်သောသူ၊ ငါ၏သူရဲတို့ကို ငါ့အမျက်ပြေစေခြင်းငှါ ငါခေါ်ပြီ။

  20. ကြီးစွာသော အလုံးအရင်း၏ အသံကဲ့သို့ တောင်တို့အပေါ်မှာ လူများ၏ အသံဗလံ၊ စုဝေးသော တိုင်းသူပြည်သားများတို့၏ အုတ်အုတ်ကျက်ကျက်သော အသံဗလံရှိသည်နှင့်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားသည် စစ်တိုက်ခြင်းငှါ၊ အလုံးအရင်းကိုစီရင် ခင်းကျင်းတော်မူ၏။

  21. ထိုပြည်ကိုဖျက်ဆီး၍၊ အပြစ်ကြီးသော ပြည်သူ ပြည်သားတို့ကို သုတ်သင်ဖယ်ရှင်းခြင်းငှါ၊ ထာဝရ ဘုရား ၏ ကြမ်းကြုတ်သောနေ့ရက်သည် ပြင်းထန်သော ဒေါသ အမျက်ထွက်လျက်လာလိမ့်မည်။

  22. တွေ့မိသမျှသော သူတို့ကို လှံနှင့်ထိုးရ၏။ စုဝေး လျက်ရှိသော သူအပေါင်းတို့လည်း ထားဖြင့် ဆုံးကြလိမ့် မည်။

  23. သူတို့သားသမီးများကို သူတို့မျက်မှောက်၌ မြေ ပေါ်မှာ ဆောင့်ဖွပ်လိမ့်မည်။ သူတို့ အိမ်များကို လုယက် ၍၊သူတို့ မယားများကို အဓမ္မပြုကြလိမ့်မည်။

  24. သင့်ကိုမူကား၊ရွံရှာဘွယ်သော သစ်ခက်ကဲ့သို့ သင်္ချိုင်းထဲကထုတ်ပစ်ရ၏။ ကွပ်မျက်သောသူ၊ ထားဖြင့်ထိုးသောသူ၊ သင်္ချိုင်းတွင်း၌ ကျောက်စုထဲသို့ ချသောသူများနှင့် ဖုံးအုပ်လျက်၊ ခြေဖြင့်ကျော်နင်း သောအသေကောင်ဖြစ်လေ၏။

  25. မောဘပြည် နှင့် ဆိုင်သော ဗျာဒိတ်တော်ကား၊ လုပ်ကြံသော ညဉ့်အခါ၊ မောဘပြည်အာရမြို့သည် ပျက် စီး၏။ လုပ်ကြံသော ညဉ့်အခါ၊ မောဘပြည် ကိရမြို့သည် ပျက်စီး၏။