Skip to content

Temptation အကြောင်း ကျမ်းစာအခန်းငယ်များ

346 အခန်းငယ် · 52 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. အကျွန်ုပ်ကို ဉာဏ်ပေး၍ပဲ့ပြင်တော်မူမည်။ နောက်တဖန် ဘုန်းအသရေ၌ သိမ်းယူတော်မူမည်။

  2. ကိုယ်တော်မှတပါး၊ ကောင်းကင်ဘုံမှာ အကျွန်ုပ် ၌ အဘယ်သူရှိပါသနည်း။

  3. အကျွန်ုပ်၏အသားနှင့် နှလုံးသည် ပျက်ကြပါ ၏။ သို့သော်လည်း၊ ဘုရားသခင်သည် အကျွန်ုပ်နှလုံး၏ အစွမ်းသတ္တိ၊ အကျွန်ုပ်အစဉ်အမြဲ ခံစားရာအဘို့ ဖြစ်တော်မူ၏။

  4. ထာဝရဘုရားသည် ငါ့ကိုမစတော်မမူလျှင်၊ ငါ့ဝိညာဉ်သည် ဆိတ်ညံရာအရပ်၌ မကြာမမြင့်မှီ နေရာ ကျရလိမ့်မည်။

  5. ငါ့ခြေချော်လျက်ရှိသည်ဟု အကျွန်ုပ်ဆိုသော အခါ၊ အိုထာဝရဘုရား၊ ကိုယ်တော်၏ကရုဏာသည် အကျွန်ုပ်ကို ထောက်မပါ၏။

  6. နှုတ်ကပတ်တော်ကို စောင့်လိုသောငှါ၊ မကောင်း သောလမ်း ရှိသမျှတို့ကို လွှဲရှောင်ပါ၏။

  7. မတရားသော သူတို့သည် အကျွန်ုပ်ဘို့ ကျော့ ကွင်းကို ထောင်ထားကြပါ၏။ သို့သော်လည်း၊ ကိုယ်တော် ၏ ဥပဒေသများမှ လွှဲ၍ မသွားပါ။

  8. တရားတော်ကို နှစ်သက်သော သူတို့၌ ကြီးစွာ သော ငြိမ်ဝပ်ခြင်း ရှိပါ၏။ သူတို့စိတ်ပျက်စရာအကြောင်း မရှိပါ။

  9. ငါ့သား၊ လူဆိုးတို့သည် သင့်ကိုသွေးဆောင်လျှင် ဝန်မခံနှင့်။

  10. သူတို့က ငါတို့နှင့်အတူလိုက်တော့။ သူ့အသက် ကိုသတ်အံ့သောငှါ စောင့်ကြစို့။ အချည်းနှီးအပြစ်လွတ် သော သူတို့ကို ချောင်းမြောင်းကြစို့။

  11. သင်္ချိုင်းတွင်းသို့ဆင်းသော သူတို့ကဲ့သို့ တကိုယ်လုံးပါလျက်၊ အသက်ရှင်လျက်ရှိသော ထိုသူတို့ကို မရဏာ နိုင်ငံမျိုသကဲ့သို့ မျိုကြစို့။

  12. အဘိုးထိုက်သော ဘဏ္ဍာအမျိုးမျိုးကိုတွေ့၍ လုယူသောဥစ္စာနှင့် ငါတို့အိမ်ကိုပြည့်စေကြမည်။

  13. ငါတို့နှင့် ပေါင်းဘော်တော့။ ရသောဥစ္စာကို အညီအမျှ ပိုင်ကြစို့ဟုဆိုသော်လည်း၊

  14. ငါ့သား၊ သူတို့နှင့်အတူ မလိုက်နှင့်။ သူတို့သွားသောလမ်းကို ရှောင်လော့။

  15. အကြောင်းမူကား၊ သူတို့ခြေသည် ဒုစရိုက်ပြုရာ သို့ပြေး၍၊ လူအသက်ကို သတ်ခြင်းငှါ လျင်မြန်၏။

  16. အကယ်စင်စစ်ငှက်မျက်မှောက်၌ ပိုက်ကွန်ကို ဖြန့်ထားလျှင် အကြံမမြောက်ရာ။

  17. ပညာသည်သင်၏နှလုံးထဲသို့ဝင်၍၊ သင်သည် သိကြားခြင်း၌ မွေ့လျော်သောအခါ၊

  18. သမ္မာသတိသည် သင့်ကို ထိန်းသိမ်း၍၊ ဉာဏ်သည်လည်း စောင့်ရှောက်သဖြင့်၊

  19. ဆိုးသောလမ်းမှ ကယ်တင်လိမ့်မည်။ ကောက် သောစကားကို ပြောတတ်သောသူ၊

  20. အမျိုးပျက်သောမိန်းမ၊ နှုတ်နှင့်ချော့မော့တတ် သော ပြည်တန်ဆာမိန်းမ၊

  21. အဓမ္မလူတို့ လမ်းထဲသို့မဝင်နှင့်။ ဆိုးယုတ် သောသူတို့နှင့်အတူ မလိုက်နှင့်။

  22. သူတို့လမ်းကိုကြဉ်ရှောင်လော့။ လိုက်မသွားနှင့်။ လွှဲ၍သွားလော့။

  23. သင်သည်အသက်လမ်းကို မဆင်ခြင်ရအောင်၊ သူ့ထုံးစံဓလေ့တို့သည် တရွေ့ရွေ့ပြောင်းလဲသဖြင့်၊ သင်သည် နားမလည်နိုင်ရ။

  24. သို့ဖြစ်၍ ငါ့သားတို့၊ ငါ့စကားကို နားထောင်ကြ လော့။ ငါဟောပြောချက်တို့ကို မပယ်ကြနှင့်။

  25. ထိုသို့သောမိန်းမကို ဝေးစွာရှောင်သွားလော့။ သူ့နေရာတံခါးဝသို့ မချဉ်းနှင့်။