Skip to content

Temptation အကြောင်း ကျမ်းစာအခန်းငယ်များ

346 အခန်းငယ် · 52 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. မကွာစေသည်သာမက၊ ငါတို့ကို ချစ်တော်မူသောသူ၏ ကျေးဇူးတော်ကြောင့်၊ ငါတို့သည် ထိုအမှု ခပ်သိမ်းတို့ကို ခံစဉ်တွင်ပင် အထူးသဖြင့် အောင်မြင်ကြ၏။

  2. အကြောင်းမူကား၊ သေခြင်းဖြစ်စေ၊ အသက်ရှင် ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ အထွဋ်အမြတ် ဖြစ်စေ၊ အာဏာတန်ခိုးဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ နောင်လာလတံ့သောအရာဖြစ်စေ၊

  3. အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊ ဤအရာမှစ၍ အဘယ်နိမ္မိတအရာမျှသည်၊ ငါတို့သခင်ယေရှုခရစ် အားဖြင့် ခံရသောဘုရားသခင်၏ မေတ္တာတော်နှင့် ငါတို့ကို မကွာစေနိုင်ဟု ငါသည်သဘောကျလျက်ရှိ၏။

  4. အဆိုးအာဖြင့် အရှုံးမခံနှင့် အကောင်းအားဖြင့် အဆိုးကို နိုင်လော့။

  5. ထိုကြောင့်၊ ငါတို့သည် ယခုမှစ၍ အချင်းချင်း မစစ်ကြောမစီရင်ဘဲ နေကြကုန်အံ့။ ညီအစ်ကိုချင်း ထိမိ၍ လဲစရာအခွင့်၊ မှားယွင်းစရာအခွင့်မရှိစေမည်အကြောင်း သာ၍ စီရင်ကြကုန်အံ့။

  6. သင်၏ညီအစ်ကိုသည် သင်စားသော အစာကြောင့် စိတ်နာရလျှင်၊ သင်သည်မေတ္တာတရားကို မကျင့်။ ခရစ်တော်သည် အသေခံတော်မူသော ကျေးဇူးတော်ကို ခံသောသူကိုသင်၏ အစာအားဖြင့် အကျိုး မနည်းစေနှင့်။

  7. အမဲသားကိုစားခြင်း၊ စပျစ်ရည်ကိုသောက်ခြင်း ကိစ္စမှစ၍၊ ညီအစ်ကိုထိမိ၍ လဲစရာအကြောင်း၊ မှားယွင်း စရာအကြောင်း၊ အားနည်းစရာအကြောင်းများကို ရှောင်အပ်၏။

  8. အချင်းချင်းခင်ပွန်းဝတ်ကို မပယ်မရှောင်ကြနှင့်။ ထိုသို့ဆိုသော်၊ ဆုတောင်းခြင်းဝတ်ကိုပြုရသော အခွင့်ရှိစေခြင်းငှါ၊ သဘောတူ၍ ခင်ပွန်းဝတ်ကိုခဏမျှ မရှောင်ရဟု မဆိုလို။ ထိုသို့ရှောင်လျှင်၊ ကိုယ်ကိုမချုပ် တည်းနိုင်သောအားဖြင့် စာတန်သည် အပြစ်သို့ သွေးဆောင်ရသော အခွင့်မရှိစေခြင်းငှါ၊ နောက်တဖန် အတူနေကြလော့။

  9. သို့သော်လည်း၊ သင်တို့အခွင့်ကိုအားနည်းသော သူတို့၌ ထိမိ၍ လဲစရာအကြောင်း မဖြစ်စေခြင်းငှါ သတိ ပြုကြလော့။

  10. အကြောင်းမူကား၊ သင်သည် ပိုင်းခြားတတ်သော ဉာဏ်ရှိလျက်ပင်၊ ရုပ်တုစင်ထဲ၌ စားပွဲနားမှာ လျောင်းသည်ကို သူတပါးမြင်လျှင်၊ ကိုယ်ကိုကိုယ်သိသော စိတ်အားနည်းသောသူသည်၊ ရုပ်တုရှေ့၌ ပူဇော်သော ယဇ်ကောင်ကို စားခြင်းငှါ ရဲမည်မဟုတ်လော။

  11. ထိုသို့ဖြစ်လျှင်၊ အကြင်ညီအစ်ကိုအဘို့အလို့ငှါ ခရစ်တော်သည် အသေခံတော်မူ၏။ အားနည်းသော ထိုညီအစ်ကိုသည် သင်၏ဉာဏ် ကြောင့်ပျက်စီးခြင်းသို့ ရောက်ရပါသည်တကား၊

  12. သင်တို့သည်၊ ညီအစ်ကိုတို့ကို ထိုသို့ပြစ်မှား၍ သူတို့၌ ကိုယ်ကို ကိုယ်သိသော အားနည်းသောစိတ်ကို ထိခိုက်သောအခါ၊ ခရစ်တော်ကိုလည်း ပြစ်မှားရာသို့ ရောက်၏။

  13. သို့ဖြစ်၍၊ ငါ၏အစားအသောက်သည် ငါ့ညီအစ်ကိုကို မှားယွင်းစေလျှင်၊ ငါ့ညီအစ်ကို၌ မှားယွင်း စရာအကြောင်းမရှိစေခြင်းငှါ၊ အမဲသားကို အစဉ်မပြတ် ရှောင်မည်။

  14. လူ၌ဖြစ်တတ်သော စုံစမ်းနှောင့်ရှက်ခြင်းကိုသာ သင်တို့သည် ခံရကြ၏။ ဘုရားသခင်သည် သစ္စာနှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ သင်တို့ မခံနိုင်သော စုံစမ်းနှောင့်ရှက်ခြင်းကို သင်တို့၌ ရောက်စိမ့်သောငှါ အခွင့်ပေး တော်မမူ။ သင်တို့သည် ခံနိုင်မည်အကြောင်း စုံစမ်းနှောင့်ရှက်ခြင်းအရာနှင့်တကွ၊ ထွက်မြောက်သော လမ်းကိုလည်း စီရင်ပြုပြင်တော်မူလိမ့်မည်။

  15. သို့သော်လည်း ဤမည်သောအရာသည် ရုပ်တုရှေ့၌ ပူဇော်သော ယဇ်ကောင်ဖြစ်၏ဟု တစုံတယောက် သောသူဆိုလျှင်၊ ထိုသို့ဆိုသော သူ၏မျက်နှာကို၎င်း၊ ဩတ္တပ္ပစိတ်ကို၎င်း၊ ထောက်၍ မစားကြနှင့်။

  16. ဩတ္တပ္ပစိတ် ဟုဆိုသော် ကိုယ်စိတ်ကိုမဆိုလို၊ သူ့စိတ်ကို ဆိုလို၏။ အခြားသောသူ၏စိတ်သည် ငါ၏အခွင့်ကို အဘယ် ကြောင့် စစ်ကြောစီရင်ရမည်နည်း။

  17. ကျေးဇူးတော်အားဖြင့် ငါသုံးဆောင်ရလျှင်၊ ကျေးဇူးတော်ကို ချီးမွမ်း၍ သုံးဆောင်သည်တွင် အဘယ် ကြောင့် ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံရမည်နည်းဟု ဆိုလျှင် မူကား၊

  18. သင်တို့သည်စားသော်၎င်း၊ သောက်သော်၎င်း၊ မည်သည့်အမှုကို ပြုသော်၎င်း၊ ဘုရားသခင်၏ ဘုန်းတော်ကို ထောက်၍ ခပ်သိမ်းသောအမှုကိစ္စကို ပြုကြလော့။

  19. လူများတို့သည် ကယ်တင်ခြင်းသို့ ရောက်စိမ့်သောငှါ၊ ငါသည် ကိုယ်အကျိုးကိုမရှာဘဲ သူ့အကျိုးကို ရှာ၍၊

  20. သင်တို့သည် သတိနှင့်စောင့်နေကြလော့။ ယုံကြည်ခြင်း၌ တည်ကြလော့။ ယောက်ျား အစွမ်းသတ္တိ နှင့်တကွ ခွန်အားစုံလင်လျက်နေကြလော့။

  21. သို့မဟုတ်လျှင်၊ စာတန်သည် ငါတို့ကိုနိုင်မည်ဟု စိုးရိမ်စရာရှိ၏။ သူ၏အကြံအစည်များကို ငါတို့သိကြ၏။

  22. မြွေသည်မိမိပရိယာယ်အားဖြင့် ဧဝကိုလှည့်စားသကဲ့သို့၊ သင်တို့သည် စိတ်ဆွေးမြေ့ယိုယွင်း၍၊ ခရစ်တော်ကို အကြွင်းမဲ့ချစ်သောစိတ် ပျောက်မည်ဟု စိုးရိမ်ခြင်းရှိ၏။

  23. ဤအမှုသည် အံဩဖွယ်ဖြစ်သည်မဟုတ်။ စာတန်ပင်လျှင် လင်းသောကောင်းကင်တမန်ဖြစ် ယောင်ဆောင်တတ်၏။

  24. သို့ဖြစ်၍သူ၏ဆရာတို့သည်လည်း ဖြောင့်မတ်ခြင်းတရားကို ဟောသောဆရာဖြစ်ယောင်ဆောင်လျှင်၊ အဘယ်ဆိုဘွယ်ရှိသနည်း။ သူတို့သည် ကိုယ်ကျင့်သောအကျင့်အတိုင်း နောက်ဆုံး၌အကျိုးအပြစ်ကို ခံရကြ လတံ့။

  25. ငါခံရသောဗျာဒိတ်တော် အလွန်ထူးမြတ်၍ ငါသည်ထောင်လွားသောစိတ်မရှိစေခြင်းငှါ၊ ငါ့ကို ဒဏ် ခတ်သော စာတန်၏တမန်တည်းဟူသော ငါ့ကိုယ်၌ စူးသောဆူးကို ပေးတော်မူ၏။