Skip to content

Righteousness အကြောင်း ကျမ်းစာအခန်းငယ်များ

480 အခန်းငယ် · 132 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ယေရှုခရစ်၏အလိုတော်အတိုင်း အချင်းချင်း စိတ်တညီတညွတ်တည်းရှိကြမည်အကြောင်း၊ သည်းခံ ခြင်း၊ သက်သာခြင်း၏အရှင်၊ ဘုရားသခင်သည် ကယ်မ သနားတော်မူပါစေသော။

  2. ခရစ်တော်သည် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေလျက်၊ သင်တို့ကိုလက်ခံ တော်မူသည်နည်းတူ၊ သင်တို့သည် တယောက်ကိုတယောက်လက်ခံကြလော့။

  3. ထိုဘုရားသခင်အားဖြင့် သင်တို့သည် ယေရှုခရစ်၌ တည်နေကြ၏။ ထိုသခင်မူကား၊ ဘုရားသခင်စီရင် တော်မူသည်အတိုင်း၊ ငါတို့၌ ပညာမှစ၍ ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း၊ ရွေးနှုတ်ခြင်းဖြစ်တော်မူ၏။

  4. သို့သော်လည်း သခင်ဘုရားသည် အလိုတော်ရှိ လျှင် ငါသည် မြန်မြန်လာမည်။ လာသောအခါ မာန ထောင်လွှားသောသူတို့၏ စကားကို သိမှတ်မည်မဟုတ်။ သူတို့၏တန်ခိုးကို သိမှတ်မည်။

  5. အကြောင်းမူကား၊ ဘုရားသခင်၏နိုင်ငံတော်သည် စကား၌ တည်သည်မဟုတ်၊ တန်ခိုး၌ တည်၏။

  6. ထိုကြောင့် ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် ဟောပြော၍ အဘယ်သူမျှယေရှုကို မကျိန်ဆဲ နိုင်သည်ကို၎င်း၊ ယေရှုသည် သခင်ဘုရား ဖြစ်တော်မူ၏ဟု သန့်ရှင်းသောဝိညာဉ်တော်ကို အမှီမပြုလျှင်၊ အဘယ်သူမျှ မပြောနိုင်သည်ကို၎င်း၊ သင်တို့သည် သိနားလည် စေခြင်းငှါ ငါသတိပေး၏။

  7. ငါသည် လူဘာသာစကားကို၎င်း၊ ကောင်းကင်တမန်ဘာသာစကားကို၎င်း ပြောနိုင်သော်လည်း မေတ္တာ မရှိလျှင် အသံမြည်သော တံပိုးခရာကဲ့သို့၎င်း၊ တီးသံကိုသာ ပေးတတ်သော လင်းကွင်းကဲ့သို့၎င်း ဖြစ်၏။

  8. ပရောဖက်ဉာဏ်ကို ငါရ၍၊ နက်နဲသော အရာရှိ သမျှတို့နှင့် သိပ္ပံအတတ်အမျိုးမျိုးကို တတ်သော်၎င်း၊ တောင်များကိုရွှေ့နိုင်သော ယုံကြည်ခြင်းအမျိုးမျိုးနှင့် ပြည့်စုံသော်၎င်း၊ မေတ္တာမရှိလျှင် အချည်းနှီးသက်သက် ဖြစ်၏။

  9. သူတပါးကို ငါကျွေးမွေး၍ ဥစ္စာရှိသမျှကို စွန့်ကြဲသည်သာမက၊ ကိုယ်ခန္ဓာကို မီးရှို့စေခြင်းငှါ အပ်သော်လည်း၊ မေတ္တာမရှိလျှင်၊ ငါ၌အကျိုးမရှိ။

  10. မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ၊ ဝါကြွားခြင်းမရှိ၊ မာန်မာနမရှိ။

  11. မလျောက်ပတ်စွာမကျင့်တတ်၊ ကိုယ်အကျိုးကို မရှာတတ်၊ ဒေါသအမျက်မထွက်တတ်၊ အပြစ်ရှိသည်ဟု မထင်တတ်၊

  12. မတရားသော အမှု၌ ဝမ်းမြောက်ခြင်းမရှိတတ်၊ သမ္မာတရား၌ ဝမ်းမြောက်တတ်၏။

  13. ခပ်သိမ်းသောအရာကို ဖုံးအုပ်တတ်၏။ ခပ်သိမ်းသောအရာကို ယုံတတ်၏။ ခပ်သိမ်းသောအရာကို မြော်လင့်တတ်၏။ ခပ်သိမ်းသောအရာကို သည်းခံတတ်၏။

  14. မေတ္တာသည် ဖေါက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ်၏။ ပရောဖက်ဉာဏ်သော်၎င်း၊ အမျိုးမျိုးသော ဘာသာစကားကို ပြောနိုင်သောအခွင့်သော်၎င်း၊ သိပ္ပံအတတ်သော်၎င်း၊ ကွယ်ပျောက်လိမ့်မည်။

  15. ယခုမူကား၊ ငါတို့သည် မစုံမလင် သိတတ်ကြ၏။ ပရောဖက်ဉာဏ်နှင့် မစုံမလင် ဟောတတ်ကြ၏။

  16. စုံလင်ခြင်းသို့ ရောက်သောအခါမူကား၊ မစုံလင်သမျှတို့သည် ကွယ်ပျောက်ကြလိမ့်မည်။

  17. ငါသည် သူငယ်ဖြစ်စဉ်အခါ၊ သူငယ်လိုစကားပြော၏။ သူငယ်လိုစိတ်ထင်၏။ သူငယ်လိုကြံစည်၏။ အသက်ကြီးသောအခါမူကား၊ သူငယ်၏ အရာများကို ငါပယ်ရှား၏။

  18. ယခုတွင် ငါတို့သည် မှန်အားဖြင့် ရိပ်မိလျက်သာ နေကြ၏။ ထိုအခါမူကား၊ မျက်မှောက်ထင်ထင်မြင် ရကြလိမ့်မည်။ ယခုတွင် ငါအသိအမြင်မစုံလင်ဖြစ်၏။ ထိုအခါမူကား၊ သူတပါးသည် ငါ့ကို သိသကဲ့သို့ ငါသိ ရလိမ့်မည်။

  19. ယခုတွင်ယုံကြည်ခြင်း၊ မြော်လင့်ခြင်း၊ ချစ်ခြင်း၊ ဤသုံးပါးတည်လျက် ရှိ၏။ ဤသုံးပါးတို့တွင် ချစ်ခြင်း၊ မေတ္တာသည် အမြတ်ဆုံးဖြစ်သတည်း။

  20. တရားသဖြင့် နိုးကြလော့။ ဒုစရိုက်ကိုမပြုကြနှင့်။ အချို့သော သူတို့သည် ဘုရားသခင်ကို မသိကြ။ ထိုသို့ဆိုသော်၊ သင်တို့ကို ရှက်ကြောက်စေခြင်းငှါ ငါဆို၏။

  21. လူမည်သည်ကား၊ ခရစ်တော်၌ရှိလျှင် အသစ် ပြုပြင်သောသတ္တဝါဖြစ်၏။ ဟောင်းသောအရာ တို့သည်ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။

  22. အဘယ်ကြောင့်နည်းဟူမူကား၊ ဘုရားသခင် သည်အပြစ်နှင့် ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည်ထိုသူအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူဖြစ်မည်အကြောင်းတည်း။

  23. သမ္မာတရားကိုဟောခြင်း ဘုရားသခင်၏ တန်ခိုးတော်ကိုပြခြင်း၊ ဖြောင့်မတ်သောအကျင့်တည်း ဟူသော လက်နက်များကို လက်ျာဘက် လက်ဝဲဘက်၌ ဝတ်ဆောင်ခြင်းအားဖြင့်၎င်း၊

  24. မယုံကြည်သောသူတို့နှင့်တွဲဖက်၍ ဆန့်ကျင်ဘက်ဖြစ်သော ထမ်းဘိုးကို မထမ်းကြနှင့်။ တရားသော အမှုသည် မတရားသောအမှုကို အဘယ်သို့ လက်ခံနိုင်မည်နည်း။ အလင်းသည်မှောင်မိုက်နှင့် အဘယ်သို့ ဆက်ဆံနိုင်မည်နည်း။

  25. အဘယ်သို့နည်းဟူမူကား၊ ဘုရားသခင်၏ အလိုတော်နှင့်ညီသော ဝမ်းနည်းခြင်းသည် ကယ်တင် ခြင်းနှင့်ယှဉ်သောနောင်တစိတ် တည်းဟူသော၊ မပြောင်းလဲနိုင်သောနောင်တစိတ်ကို ပြုပြင်တတ်၏။ လောကီ ဝမ်းနည်းခြင်းမူကား၊ သေခြင်းကိုပြုပြင်တတ်၏။