အကြောင်းအရာသို့ ကျော်သွားရန်

Righteousness အကြောင်း ကျမ်းစာအခန်းငယ်များ

480 အခန်းငယ် · 132 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထိုအခါ တပည့်တော်တို့သည် အသီးအသီး တတ်နိုင်ကြသည်အတိုင်း၊ ယုဒပြည်၌နေသော ညီအစ်ကို တို့အား အကူအမပေးလိုက် မည်ဟု၊

  2. စီရင်ကြသည်နှင့်အညီ ဗာနဗနှင့်ရှောလုတို့တွင် သင်းအုပ်တို့ ထံသို့ပေးလိုက်ကြ၏။

  3. လှည့်ဖြားခြင်း၊ အကျိုးကိုဖျက်ခြင်း အမျိုးမျိုး နှင့်ပြည့်စုံသော မာရ်နတ်၏သား၊ ဖြောင့်မတ်ခြင်း တရား၏ ရန်သူ၊ သင်သည်ထာဝရ ဘုရား၏ ဖြောင့်မတ် သော လမ်းခရီးတို့ကို မဖျက်ဆီးဘဲမနေနိုင်သလော။

  4. အကြောင်းမူကား၊ ခန့်ထားတော်မူသော သူအားဖြင့် လောကီသားတို့ကို ဖြောင့်မတ်ခြင်းတရားနှင့် ညီလျော်စွာစစ်ကြောစီရင် မည့်နေ့ရက်ကို ချိန်းချက် တော်မူပြီ။ ထိုသူကို သေခြင်းမှ ထမြှောက် စေတော်မူ သော အားဖြင့် ခပ်သိမ်းသောလူတို့အား ယုံလောက်သော သက်သေကိုပြတော်မူပြီဟု ပေါလုဟောပြော၏။

  5. နတ်ဝိဇ္ဇာအတတ်ကိုသုံးဆောင်သော သူအများတို့သည်လည်း မိမိတို့စာစောင်ကိုယူခဲ့၍ လူအပေါင်းတို့ ရှေ့မှာမီးရှို့ကြ၏။ စာစောင် အဘိုးကိုချင့်တွက်သော်၊ ငွေအသပြာ ငါးသောင်းထိုက်သည်ကို သိကြ၏။

  6. ပေါလုသည် ဖြောင့်မတ်ခြင်းတရားနှင့် ကာမဂုဏ်ချုပ်တည်းခြင်း တရားကို၎င်း၊ နောက်ဖြစ်လတံ့သော စစ်ကြောစီရင်ခြင်းကို၎င်း ဟောပြောလျှင်၊ ဖေလဇ်မင်းသည် ကြောက်လန့်ခြင်းသို့ရောက်၍၊ ယခုသွားဦးလော့။ နောက်မှအဆင်သင့်သောအခါ ငါခေါ်ဦးမည်ဟု ဆို၏။

  7. ငြင်းဆန်သောသဘောရှိ၍၊ သမ္မာတရားကို နားမထောင်ဘဲ မတရားသဖြင့် ကျင့်သောသူတို့ကိုကား၊ ပြင်းစွာသော ဒေါသအမျက်ထွက်တော်မူလတံ့၊

  8. ကျမ်းစာလာသည်ကား၊ ဖြောင့်မတ်သောသူမရှိ၊ တယောက်မျှမရှိ။

  9. ထိုသို့ပညတ်တရားသည် ဒုစရိုက်အပြစ်ကို ထင်ရှားစေသည်ဖြစ်သောကြောင့်၊ ပညတ်တရား၏ အကျင့်အားဖြင့် ဘုရားသခင့်ရှေ့တော်၌ အဘယ်သူမျှ ဖြောင့်မတ်ရာသို့ မရောက်ရာ။

  10. ကျမ်းစာ၌ အဘယ်သို့လာသနည်း။ အာဗြဟံသည်ဘုရားသခင်ကို ယုံကြည်သည်ဖြစ်၍၊ သူ၏ ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏။

  11. အကျင့်မရှိသောသူမည်သည်ကား၊ မတရားသောသူ၏အပြစ်ကိုဖြေသောသူကို ယုံကြည်လျှင်၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်လျက်ရှိ၏။

  12. ထိုအတူ၊ ဘုရားသခင်သည် အကျင့်ကို မထောက်ဘဲလျက်ပေးတော်မူသော ဖြောင့်မတ်ခြင်းကို ရသော သူ၏မင်္ဂလာကို ဒါဝိဒ်သည် ရည်မှတ်၍ ဆိုသည်ကား၊

  13. အရေဖျားလှီးခြင်းကိုခံသော သူတို့သာလျှင် ထိုမင်္ဂလာကို ရကြသလော။ သို့မဟုတ်အရေဖျားလှီးခြင်း ကိုမခံသော လူတို့သည်လည်း ရကြသလော။ အဘယ်ကြောင့်မေးသနည်းဟူမူကား၊ ယုံကြည်ခြင်းကို အာဗြဟံ၌ ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်သည်ဟု ဆိုကြ၏။

  14. အရေဖျားလှီးခြင်းကို မခံဘဲယုံကြည်သော သူတို့သည် ဖြောင့်မတ်ခြင်းရှိသည်ဟု မှတ်စရာ အကြောင်းရှိစေခြင်းငှါ၊

  15. ထိုမှတပါး၊ ဤလောကကို အမွေခံစေမည်ဟု ဂတိတော်ကို အာဗြဟံမှစသောသူ၏ အမျိုးအနွယ်တို့ သည် ပညတ်တရားအားဖြင့် ရကြသည်မဟုတ်။ ယုံကြည် ခြင်း၏ဖြောင့်မတ်ခြင်းအားဖြင့် ရကြ၏။

  16. ယုံမှားသောစိတ်နှင့်ကင်း၍ ဘုရားသခင်၏ ဂတိတော်ကို တွေးတောခြင်းမရှိ၊ ယုံကြည်အားကြီးသဖြင့် ဘုရားသခင်ကို ချီးမွမ်း၍၊

  17. ထိုကြောင့်၊ သူ၏ယုံကြည်ခြင်းကို သူ၏ ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏။

  18. ငါတို့အကျိုးအလိုငှါရေးထားသတည်း။ ငါတို့ သခင်ယေရှုကို သေခြင်းမှထမြောက်စေတော်မူသော သူကိုငါတို့သည် ယုံကြည်လျှင်၊ ထိုယုံကြည်ခြင်းကို ငါတို့၏ဖြောင့်မတ်ခြင်းဟု မှတ်တော်မူလတံ့။

  19. ထိုကြောင့်၊ ငါတို့သည် ယုံကြည်ခြင်းရှိ၍ ဖြောင့်မတ်ရာသို့ရောက်လျှင်၊ ငါတို့သခင်ယေရှုခရစ် အားဖြင့် ဘုရားသခင့်ရှေ့တော်၌ ငြိမ်သက်ခြင်းကို ခံစားကြ၏။

  20. ထိုကျေးဇူးတော်ကို ခံစားရသည်အကြောင်းမှာ ယုံကြည်ခြင်းရှိ၍၊ ထိုသခင်အားဖြင့်သာခံစားသော အခွင့်ကို ရကြ၏။ သို့ဖြစ်၍ ဘုရားသခင်၏ဘုန်းတော်ကို မြော်လင့်၍ ဝါကြွားဝမ်းမြောက်ခြင်းရှိကြ၏။

  21. ထိုမျှမက၊ ဒုက္ခဆင်းရဲခြင်းကိုခံ၍ ဝါကြွား ဝမ်းမြောက်ခြင်းရှိကြ၏။ အကြောင်းမူကား၊ ဒုက္ခ ဆင်းရဲခြင်းသည် သည်းခံခြင်းကို ပြုစုတတ်၏။

  22. သည်းခံခြင်းသည်လည်း သက်သေထင်ရှားခြင်းကို ပြုစုတတ်၏။ သက်သေထင်ရှားခြင်းသည်လည်း မြော်လင့်ခြင်းကို ပြုစုတတ်၏။

  23. ထိုမြော်လင့်ခြင်းသည် ရှက်ကြောက်စရာ အကြောင်းနှင့် ကင်းလွတ်၏။ အဘယ်ကြောင့်နည်းဟူမူ ကား၊ ငါတို့အားပေးတော်မူသောသန့်ရှင်းသော ဝိညာဉ်တော်သည် ဘုရားသခင်၏မေတ္တာတော်ကို ငါတို့ စိတ်နှလုံးထဲသို့ ညွှန်းလောင်းတော်မူ၏။

  24. သင်တို့၏ကိုယ်အင်္ဂါများကို ဒုစရိုက်လက်နက် ဖြစ်စေ၍၊ အပြစ်တရားအား မဆက်ကြနှင့်။ သေခြင်းမှ ထမြောက်၍ အသက်ရှင်သောသူကဲ့သို့၊ ဘုရားသခင်အား ကိုယ်ကိုကိုယ်ဆက်ကြလော့။

  25. အကြင်သူ၏အထံ၌ အစေခံကျွန်ဖြစ်ခြင်းငှါ သင်တို့ဝင်၍ အစေခံ၏၊ ထိုသူသည်သေခြင်းနှင့် ယှဉ်သော အပြစ်တရားဖြစ်စေ၊ ဖြောင့်မတ်ရာသို့ ရောက်ခြင်းနှင့်ယှဉ်သော နားထောင်ခြင်း တရားဖြစ်စေ၊ သင်တို့၏သခင်ဖြစ်သည်ကို မသိကြသလော။