Righteousness အကြောင်း ကျမ်းစာအခန်းငယ်များ: Are objects of God's watchful care
Are objects of God's watchful care အကြောင်း အခန်းငယ်များ
ဖြောင့်မတ်သောသူတို့ကို ပမာဏမပြုဘဲ နေ တော်မမူ။ ရှင်ဘုရင်နှင့်အတူ ရာဇပလ္လင်ပေါ်မှာ ထာဝရ နေရာချ၍ ချီးမြှောက်တော်မူ၏။
ထာဝရဘုရားသည် ဖြောင့်မတ်သောသူတို့ကို ကြည့်ရှုတော်မူ၏။ သူတို့ အော်ဟစ်သံကိုလည်း နား ထောင်တော်မူ၏။
ဖြောင့်မတ်သော သူကိုငတ်၍ သေစေခြင်းငှါ၊ ထာဝရဘုရားသည် အခွင့်ပေးတော်မမူ။ မတရားသော သူတို့၏ အဓမ္မအမှုကိုကား ဖျက်ဆီးတော်မူ၏။
အကြောင်းမူကား၊ ထာဝရဘုရားသည် ဖြောင့်မတ်သောသူတို့ကို ကြည့်ရှုတော်မူ၏။ သူတို့ ဆုတောင်း ခြင်းကိုလည်း နားထောင်တော်မူ၏။ ဒုစရိုက်ပြုသော သူတို့ကိုကား၊ ထာဝရဘုရားသည် မျက်နှာလွှဲတော်မူ၏။