အကြောင်းအရာသို့ ကျော်သွားရန်

Religious Zeal အကြောင်း ကျမ်းစာအခန်းငယ်များ

726 အခန်းငယ် · 5 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. တိတုသည် သင်တို့ဆီသို့ သွားမည်အကြောင်း ငါတောင်းပန်၍၊ သူနှင့်တကွအခြားသော ညီတယောက်ကို စေလွှတ်၏။ တိတုသည် ပရိယာယ်အားဖြင့် သင်တို့၏ဥစ္စာကိုယူသလော။ ငါတို့သည် စိတ်သဘောချင်းတူ၍ကျင့်ကြသည် မဟုတ်လော။ တလမ်းတည်း လိုက်ကြသည် မဟုတ်လော။

  2. တဖန်တုံး၊ ငါတို့သည်သင်တို့ရှေ့၌ ကိုယ်အပြစ်ဖြေရာစကားကို ပြောသည်ဟုထင်ကြသလော။ ခရစ်တော်ကိုထောက်၍ ဘုရားသခင်ရှေ့၌ငါတို့ ပြောကြ၏။ ချစ်သူတို့၊ ငါတို့ပြုသမျှမှာ သင်တို့ကို တည်ဆောက်ခြင်းအလိုငှါ ပြုကြ၏။

  3. ငါရောက်လာသောအခါ၊ သင်တို့သည် ငါ နှစ်သက်သောသူမဖြစ်၊ ငါသည်လည်း သင်တို့ မနှစ်သက် သောသူ ဖြစ်မည်ဟူ၍၎င်း၊ သင်တို့၌ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း၊ သူ့အသရေကိုရှုတ်ချခြင်း၊ ချောစားခြင်း၊ မာနထောင်လွှားခြင်း၊ အချင်းချင်းအမှုလုပ်ခြင်းဖြစ်မည်ဟူ၎င်း၊

  4. အထက်ကပြစ်မှား၍ ညစ်ညူးစွာကျင့်ခြင်း၊ မတရားသောမေထုန်၌ မှီဝဲခြင်း၊ ကိလေသာ လွန်ကျူး ခြင်းအမှုတို့ကို ပြုမိ၍၊ ယခုတိုင်အောင် နောင်တမရသော သူအများကြောင့် ငါစိတ်မသာညည်းတွားရသဖြင့်၊ သင်တို့ရှေ့၌ ဘုရားသခင်သည် ငါ့ကိုနှိမ့်ချတော်မူမည် ဟူ၍၎င်း စိုးရိမ်ခြင်းရှိ၏။

  5. ငါတို့သည် အစစ်ခံနိုင်သောသူဖြစ်သည်ကို သင်တို့သိကြလိမ့်မည်ဟု ငါထင်မှတ်မြော်လင့်ခြင်းရှိ၏။

  6. ငါတို့သည် အစစ်ခံနိုင်ကြောင်းကို ထင်ရှားစေခြင်းငှါ ငါအလိုရှိသည်မဟုတ်။ အစစ်မခံနိုင်သော သူကဲ့သို့ထင်သော်လည်း၊ သင်တို့သည် ကောင်းမွန်စွာ ကျင့်စေခြင်းငှါ၊ မကောင်းသောအကျင့်တစုံတခုကိုမျှ မကျင့်မည်အကြောင်း၊ ငါသည် ဘုရားသခင်ကို ဆုတောင်းပဌနာပြု၏။

  7. ငါတို့သည်သမ္မာတရားကို ဆီးတားခြင်းငှါ အလျှင်းမတတ်နိုင်ကြ။

  8. သမ္မာတရားဘက်၌နေ၍သာ တတ်နိုင်ကြ၏။ ငါတို့သည်အားနည်း၍ သင်တို့သည်အားကြီးသောအခါ၊ ငါတို့သည် ဝမ်းမြောက်ခြင်းရှိကြ၏။ သင်တို့သည် စုံလင်မည်အကြောင်းကိုသာ အလိုရှိကြ၏။

  9. အကြောင်းမူကား၊ ယခုတွင် ငါသည် လူတို့၏ အလိုသို့လိုက်သလော။ ဘုရားသခင်၏ အလိုတော်ကို လိုက်သလော။ လူတို့စိတ်ကို နူးညွတ်စေခြင်းငှါ ရှာကြသလော။ လူတို့စိတ်ကိုနူးညွတ်စေခြင်းငှါ ရှာကြံသေးလျှင်၊ ခရစ်တော်၏ အစေခံကျွန်မဟုတ်ပြီ။

  10. အဘယ်သို့နည်းဟူမူကား၊ အထက်က ယုဒဘာသာ၌နေ၍ ငါကျင့်သောအကျင့်သည်းဟူသော ဘုရားသင်၏အသင်းတော်ကို အတိုင်းထက်အလွန် ညှဉ်းဆဲဖျက်ဆီးကြောင်းကို၎င်း၊

  11. ဘိုးဘေးတို့၏လက်မှ ငါခံရသောနည်း ဥပဒေသဘက်၌ အထူးသဖြင့်စိတ်အားသန်လျက်၊ ငါ၏ လူမျိုးထဲတွင် ငါ့ရွယ်တူချင်းအများတို့ထက် ယုဒဘာသာကိုကျင်လည်လေ့ကျက်ကြောင်းကို၎င်း သင်တို့ကြားသိ ကြရပြီ။

  12. သို့သော်လည်း၊ ငါ့ကိုအမိဝမ်းထဲကပင် ရွေးချယ်ခွဲထား၍ ကျေးဇူးတော်အားဖြင့် ခေါ်တော်မူသော ဘုရား သခင်သည်၊

  13. သားတော်၏ ဧဝံဂေလိတရားကို တပါးအမျိုးသားတို့၌ ဟောပြောစေမည်အကြောင်း၊ မိမိအလိုတော် နှင့်အညီသားတော်ကို ငါအားပြတော်မူသောအခါ၊ ငါသည်အသွေးအသားနှင့် တိုင်ပင်ခြင်းကိုမပြု။

  14. ဗျာဒိတ်တော်အတိုင်းပင်သွားသည်ဖြစ်၍၊ တပါးအမျိုးတို့၌ ဟောပြောသော ဧဝံဂေလိတရားကို ထိုအခါငါကြားပြောလေ၏။ ထိုသို့ဆိုသော် ငါဆောင်ရွက် ခဲ့ပြီးသောအမှုနှင့် နောက်၌ ဆောင်ရွက် လတံ့သော အမှုကို အချည်းနှီးမဖြစ်စေခြင်းငှါ၊ အသရေ ထင်ရှားသော သူတို့အားသာ တိတ်ဆိတ်စွာကြားပြော၏။

  15. ပညာမဲ့သောဂလာတိလူတို့၊ လက်ဝါးကပ်တိုင်မှာ အသေခံတော်မူသော ယေရှုခရစ်ကို သင်တို့ မျက်မှောက်၌ ထင်ရှားစွာပြပြီးသည်ဖြစ်၍၊ သမ္မာတရားကို နားမထောင်စေခြင်းငှါ သင်တို့ကို အဘယ်သူပြုစား သနည်း။

  16. ငါသည်သင်တို့ဆီမှ အချည်းနှီး ကြိုးစားအားထုတ်သည်ဟု သင်တို့၏အကြောင်းကြောင့် စိုးရိမ် လျက်ရှိ၏။

  17. သူတထူးတို့သည် သင်တို့ကို အလွန်ချစ်ကြသည် မှန်စေတော့။ လျောက်ပတ်စွာ ချစ်ကြသည်မဟုတ်။ သင်တို့သည်သူတို့ကို အလွန်ချစ်မည်အကြောင်း၊ သူတို့သည် သင်တို့ကို ပယ်ခြင်းငှါ အလိုရှိကြ၏။

  18. သို့သော်လည်းသင်တို့နှင့်အတူ ငါရှိနေစဉ်တွင်သာ ကောင်းသောအရာကို အလွန်ချစ်အပ်သည် မဟုတ်။ အစဉ်မပြတ်အလွန်ချစ်အပ်၏။

  19. ခရစ်တော်သည်သင်တို့အထဲ၌ တည်လျက် ရှိတော်မူသည်တိုင်အောင် သင်တို့အဘို့ သားဘွားခြင်း ဝေဒနာကို ငါခံရသော ငါ့ချစ်သားတို့၊

  20. တဖန်တုံ၊ ညီအစ်ကိုတို့၊ ငါသည် အရေဖျားလှီးခြင်းတရားကို ဟောပြောသေးသည်မှန်လျှင်၊ အဘယ် ကြောင့်ညှဉ်းဆဲခြင်းကို ခံရသေးသနည်း။ ထိုသို့ပြောလျှင်၊ လက်ဝါးကပ်တိုင်တော်ကို ထိမိ၍လဲစရာအကြောင်း ပယ်ရှင်းလျက်ရှိ၏။

  21. ငါတို့သည်အားမလျော့၊ စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကို ကျင့်ကြကုန်အံ့။ ထိုသို့တည်ကြည်၍ ကျင့်လျှင် အချိန်တန်သောကာလ၌ အသီးအနှံကို ရိတ်ရကြလိမ့်မည်။

  22. ထိုကြောင့်မုသားစကားကိုပယ်ရှား၍၊ မှန်သောစကားကိုသာ အချင်းချင်းတယောက်နှင့် တယောက် ပြောကြလော့။ အကြောင်းမူကား၊ ငါတို့သည် အချင်းချင်း အင်္ဂါချင်းဖြစ်ကြ၏။

  23. အမျက်ထွက်ရာတွင် အပြစ်မရှိစေနှင့်။

  24. အချင်းချင်းကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တို့၏အပြစ်ကို လွှတ်တော်မူသကဲ့သို့ အချင်းချင်း အပြစ်လွှတ်ခြင်း ရှိကြလော့။

  25. ထိုကြောင့် ပညာမဲ့ကဲ့သို့မဟုတ်၊ ပညာရှိကဲ့သို့ စေ့စေ့မြေ့မြေ့ကျင့်ဆောင်မည်အကြောင်း သတိပြုကြ လော့။