အကြောင်းအရာသို့ ကျော်သွားရန်

Psalms အကြောင်း ကျမ်းစာအခန်းငယ်များ

896 အခန်းငယ် · 16 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. သင်တို့၏ ဦးချိုကို မချီးမြှောက်ကြနှင့်။ လည် ပင်းခိုင်မာလျက် မပြောကြနှင့်ဟု မတရားသောသူတို့ အား၎င်း ငါပြောထား၏။

  2. အရှေ့၊ အနောက်၊ တောင်အရပ်တို့တွင် အဘယ်အရပ်မျှ ကျေးဇူးမပြုနိုင်။

  3. ဘုရားသခင်သည် စီရင်ပိုင်တော်မူ၏။တယောက် ကို နှိမ့်ချ၍၊ တယောက်ကို ချီးမြှောက်တော် မူ၏။

  4. ထာဝရဘုရား၏လက်တော်၌ ဖလားရှိ၏။ နီသောစပျစ်ရည်ပါ၏။ ဆေးမျိုးနှင့်ရောလျက်ရှိ၏။ ထိုစပျစ်ရည်ကို လောင်းတော်မူ၏။ အနည်အဖတ်ကို လည်း မတရားသော မြေသားအပေါင်းတို့သည် ညှစ်၍ သောက်ရကြ၏။

  5. ငါမူကားအစဉ်မပြတ်ချီးမွမ်း၍၊ ယာကုပ်အမျိုး ၏ ဘုရားခင်ကို ထောမနာသီချင်းဆိုပါမည်။

  6. မတရားသောသူတို့၏ ဦးချိုအပေါင်းကို ငါချိုး မည်။ တရားသော သူ၏ဦးချိုတို့မူကား၊ ချီးမြှောက်ခြင်းသို့ ရောက်ရကြလိမ့်မည်။

  7. ယုဒပြည်မှာ ဘုရားသခင်ကို သိကြ၏။ ဣသရေလ တိုင်းမှာ နာမတော်သည် ကြီးမြတ်လေ၏။

  8. ယေရုရှလင်မြို့မှာ တဲတော်ရှိ၏။ ဇိအုန်တောင် မှာ ကျိန်ဝပ်လျက် နေတော်မူ၏။

  9. ထိုအရပ်၌ လေးမြှား၊ ဒိုင်းလွှား၊ ထားလက်နက်၊ စစ်အင်္ဂါတို့ကို ချိုးဖျက်တော်မူပြီ။

  10. သင်သည် သားရဲနေသော တောင်တို့ထက်ဘုန်းသာ၍ ကြီးမြတ်ပေ၏။

  11. ရဲရင့်သော သူတို့သည် လုယူခြင်း ကို ခံရ၍ အိပ်ပျော်ကြပြီ။ အားကြီးသော သူတစုံ တယောက်မျှ မိမိလက်ကို မတွေ့ရ။

  12. ယာကုပ်အမျိုး၏ ဘုရားခင်၊ ကိုယ်တော်ဆုံးမ တော်မူသောအားဖြင့်၊ ရထားစီးသောသူနှင့် မြင်းစီးသော သူတို့သည် ကြီးစွာသော အိပ်ခြင်းဖြင့် အိပ်ပျော်ကြပါ၏။

  13. ကိုယ်တော်တပါးတည်းသာလျှင် ကြောက်ရွံ ဘွယ်ဖြစ်တော်မူ၏။ အမျက်ထွက်တော်မူသောအခါ၊ ရှေ့တော်၌ အဘယ်သူရပ်နေနိုင်ပါမည်နည်း။

  14. ဘုရားသခင်သည် နှိမ့်ချလျက်ရှိသော မြေကြီးသား အပေါင်းတို့ကို ကယ်တင်၍၊

  15. တရားဆုံးဖြတ်ခြင်းငှါ ထတော်မူသောအခါ၊ တရားဆုံးဖြတ်သံကို ကောင်းကင်ထဲက လွှတ်တော်မူ သဖြင့်၊ မြေကြီးသည် ကြောက်၍ တိတ်ဆိတ်စွာနေပါ၏။

  16. အကယ်စင်စစ်လူတို့၏ ဒေါသသည် ကိုယ်တော် ကို ချီးမွမ်းလိမ့်မည်။ ကြွင်းသောဒေါသကိုလည်း ခါးပန်း စည်းတော်မူမည်။

  17. သစ္စာဂတိပြုကြလော့။ သင်တို့၏ဘုရားခင် ထာဝရဘုရားအား သစ္စာဝတ်ကိုလည်း ဖြေကြလော့။ ကိုယ်တော်၏ ပတ်လည်၌နေသော သူအပေါင်းတို့သည် ကြောက်ရွံ ရိုသေဘွယ်သော ဘုရားထံတော်သို့ လက်ဆောင်ကို ဆောင်ခဲ့ကြစေ။

  18. ထိုဘုရားသည် မင်းသားတို့၏ စိတ်ကို နှိမ့်ချ တော်မူ၏။ လောကီရှင်ဘုရင်တို့၌ ကြောက်ရွံဘွယ် ဖြစ်တော်မူ၏။

  19. အိုဘုရားသခင်၊ တပါးအမျိုးသားတို့သည် အမွေတော်ထဲသို့ ဝင်ပြီးလျှင်၊ သန့်ရှင်းသော ဗိမာန်တော် ကို ညစ်ညှုးစေ၍၊ ယေရုရှလင်မြို့ကို ဖြိုဖျက်ကြပါပြီ။

  20. ကိုယ်တော်၏ ကျွန်အသေကောင်တို့ကို မိုဃ်း ကောင်းကင်ငှက်တို့အား၎င်း၊ ကိုယ်တော်၏ သန့်ရှင်းသူတို့ အသားကို တောသားရဲတို့အား၎င်း ကျွေးကြပါပြီ၊

  21. သူတို့အသွေးကိုလည်း ရေကဲ့သို့ ယေရုရှလင်မြို့ ပတ်လည်၌ သွန်ကြ၍၊ သင်္ဂြိုဟ်သော သူလည်းမရှိပါ။

  22. အကျွန်ုပ်တို့သည် အိမ်နီးချင်းများ ကဲ့ရဲ့ရာ၊ ပတ်ဝန်းကျင်၌ နေသောသူများ ပြက်ယယ်ပြု၍ အရှက်ခွဲ ရာ ဖြစ်ကြပါ၏။

  23. အို ထာဝရဘုရား၊ အမျက်တော်သည် အလျှင်း မငြိမ်းဘဲ အဘယ်မျှကာလပတ်လုံးထွက်ပါမည်နည်း။ အဘယ်မျှကာလပတ်လုံး စိတ်တော်သည် မပြေ၊ မီးကဲ့သို့ လောင်ပါမည်နည်း။

  24. ကိုယ်တော်ကို မသိသောတပါး အမျိုးသားတို့ အပေါ်သို့၎င်း၊ နာမတော်ကို ပဌနာမပြုသော တိုင်းနိုင်ငံ သားတို့အပေါ်သို့၎င်း၊ အမျက်တော်ကို သွန်းလောင်း တော်မူပါ။

  25. အကြောင်းမူကား၊ သူတို့သည် ယာကုပ်အမျိုးကို ကိုက်စား၍၊ သူ၏နေရာကိုလည်း သုတ်သင်ပယ်ရှင်းကြ ပါပြီ။