Skip to content

Prisoners အကြောင်း ကျမ်းစာအခန်းငယ်များ

323 အခန်းငယ် · 22 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. အချို့တို့သည်ထ၍၊ ဤသူက၊ လူတို့လက်ဖြင့် လုပ်သော၊

  2. ဤဗိမာန်တော်ကို ငါဖြိုဖျက်၍ လူတို့လက်ဖြင့် မလုပ်သောဗိမာန်တော်တဆူကို တည်ဆောက်မည်ဟု ပြောဆိုသည်ကို အကျွန်ုပ်တို့ကြားရပါပြီဟု သက်သေခံကြ၏။

  3. သို့သော်လည်း သူတို့၏ သက်သေခံချက်သည် မညီ။

  4. ယဇ်ပုရောဟိတ်မင်းသည် အလယ်၌ မတ်တပ်ထ၍၊ သင်သည် တခွန်းမျှပြန်၍မပြောသလော။ ဤသူတို့သည် အဘယ်သို့သက်သေခံသနည်းဟု ယေရှုကိုမေးလျှင်၊

  5. ကိုယ်တော်သည် တခွန်းမျှပြန်ပြောတော်မမူဘဲ တိတ်ဆိတ်စွာနေ၏။ တဖန်ယဇ်ပုရောဟိတ်မင်းက၊ သင်သည် ခရစ်တော်တည်းဟူသော မင်္ဂလာရှိသော ဘုရားသခင်၏သားတော် မှန်သလောဟု မြေးပြန်လျှင်၊

  6. ယေရှုက၊ မှန်၏။ နောင်ကာလ၌ လူသားသည် တန်ခိုးတော်၏လက်ျာဘက်၌ထိုင်လျက်၊ မိုဃ်းတိမ်ကို စီး၍ ကြွလာသည်ကို သင်တို့မြင်ရကြလတံ့ဟု မိန့်တော်မူ၏။

  7. ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် မိမိအဝတ်ကို ဆုတ်လျက်အဘယ်သက်သေကို လိုသေးသနည်း။

  8. ဘုရားကို လွန်ကျူး၍ပြောသောစကားကို သင်တို့ကြားရပြီ။ အဘယ်သို့ထင်မှတ်ကြသနည်းဟု မေးမြန်း လျှင်၊ ကိုယ်တော်သည် အသေခံထိုက်ကြောင်းကို ထိုသူအပေါင်းတို့သည် စီရင်ကြ၏။

  9. ထိုအခါ အချို့တို့သည် ကိုယ်တော်ကို တံတွေးနှင့်ထွေးကြ၏။ မျက်နှာတော်ကိုဖုံးပြီးလျှင် လက်သီးနှင့် ထိုးလျက်၊ ပရောဖက်ပြု၍ ဟောတော်မူပါဟုဆိုကြ၏။ မင်းလုလင်တို့သည်လည်း ပါးတော်ကို လက်နှင့်ပုတ်ကြ ၏။

  10. ပေတရုသည်အောက်မှာ အိမ်ဦး၌ရှိစဉ်၊ ယဇ်ပုရောဟိတ်မင်း၏ အစေအပါးမိန်းမတယောက်သည် လာ၍၊

  11. ပေတရုသည် မီးလှုံလျက်နေသည်ကို မြင်သောအခါ သူ့ကိုစေ့စေ့ကြည့်၍၊ သင်သည်လည်း နာဇရက် မြို့သားယေရှုနှင့် ပေါင်းဘော်သောသူဖြစ်သည်ဟု ဆိုလျှင်၊

  12. ပေတရုက၊ သင်ပြောသောအရာကိုငါမသိ၊ နားမလည်ဟု ငြင်းခုံပြီးမှ အိမ်ဦးရှေ့သို့ထွက်သော် ကြက်တွန်လေ၏။

  13. နောက်တဖန် အစေအပါမိန်းမသည် ပေတရုကိုမြင်လျှင်၊ အနား၌ ရပ်နေသောသူတို့အား၊ ဤသူသည် ထိုသူတို့ အဝင်ဖြစ်သည်ဟုဆိုသော်။

  14. ပေတရုသည် တဖန်ငြင်းခုံပြန်၏၊ ထိုနောက် များမကြာအနား၌ ရပ်နေသောသူတို့က၊ အကယ်စင်စစ် သင်သည် ထိုသူတို့အဝင်ဖြစ်၏။ သင်သည် ဂါလိလဲလူဖြစ်၏။ သင်စကားလည်းတူ၏ဟု ပေတရုကိုဆိုကြလျှင်၊

  15. ပေတရုက၊ သင်တို့ပြောသောသူကို ငါမသိဟု ဓိဋ္ဌာန်ပြု၍ကျိန်ဆိုသည်နောက်၊

  16. တဖန်ကြက်တွန်လေ၏။ ယေရှုက၊ ကြက်သည် နှစ်ကြိမ်မတွန်မှီ သင်သည်သုံးကြိမ်မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူသောစကားကို၊ ပေတရုသည် သတိရသဖြင့် ခေါင်းကိုခြုံ၍ငိုကြွေးလေ၏။

  17. ထိုပွဲ၌ မြို့ဝန်မင်းသည် အကျဉ်းထားသောသူတို့တွင်၊ လူများတောင်းသော သူတယောက်ယောက်ကို လွှတ်တတ်၏။

  18. ပိလတ်မင်းသည်လည်း လူများတို့၏စိတ်ကို ပြေစေခြင်းငှါ အလိုရှိ၍၊ ဗာရဗ္ဗကို သူတို့အား လွှတ်လေ ၏။ ယေရှုကိုကား၊ ရိုက်ပြီးလျှင် လက်ဝါးကပ်တိုင်မှာ သတ်စေခြင်းငှါ အပ်လိုက်လေ၏။

  19. ဟေရုဒ်သည် အရင်အပြစ်ရှိသမျှတို့အပေါ်မှာ ပြစ်သစ်ကိုထပ်လောင်း၍ ယောဟန်ကို ထောင်ထဲမှာ လှောင်ထား၏။

  20. ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်၌ တည်တော်မူ၏။

  21. ထိုသို့ မိန့်တော်မူစဉ်တွင်ပင် တပည့်တော်တကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်သည် လူ အပေါင်းတို့ကို လမ်းပြလျက်လာ၍၊ ယေရှုကို နမ်းခြင်းငှါ ချဉ်းကပ်လေ၏။

  22. ယေရှုကလည်း၊ ယုဒါ သင်သည် နမ်းခြင်းကို ပြုလျက် လူသားကိုအပ်သလောဟု မေးတော်မူ၏။

  23. ယေရှုနှင့်အတူပါသော သူတို့သည် ဖြစ်အံ့သောအမှုကို မြင်လျှင်၊ သခင်၊ အကျွန်ုပ်တို့သည် ထားနှင့် ခုတ်ရပါမည်လောဟု မေးလျှောက်ပြီးမှ၊

  24. တယောက်သည် ယဇ်ပုရောဟိတ်မင်း၏ ကျွန်တယောက်ကို ခုတ်သဖြင့် လက်ျာနားရွက်ပြတ်လေ၏။

  25. ယေရှုကလည်း၊ တန်စေဟု မိန့်တော်မူ၍ နားရွက်ကို လက်တော်နှင့်တို့သဖြင့် အနာကို ပျောက်စေ တော်မူ၏။