အကြောင်းအရာသို့ ကျော်သွားရန်

Praise အကြောင်း ကျမ်းစာအခန်းငယ်များ

490 အခန်းငယ် · 106 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. သို့ဖြစ်၍ အကျွန်ုပ်တို့၏ ဘုရားသခင်၊ ကျေးဇူး တော်ကြီးလှပါသည်ဟု အကျွန်ုပ်တို့သည် ဝန်ခံ၍ ဘုန်းကြီးသော နာမတော်ကို ချီးမွမ်းကြပါ၏။

  2. သီချင်းဆိုသောသူတို့နှင့်ဝိုင်းလျှင်၊ ထာဝရဘုရား ၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း၍ ထောမနာပြုခြင်းငှါ၊ တညီတညွတ်တည်း အသံပြိုင်လျက်၊ ကောင်းမြတ်တော် မူသည်။ ကရုဏာတော်အစဉ်အမြဲတည်သည်ဟု တံပိုး ခွက်ကွင်းအစရှိသောတုရိယာမျိုးနှင့်တကွ၊ အသံကိုလွှင့်၍ ထာဝရဘုရား၏ ဂုဏ်တော်ကို ချီးမွမ်းကြသောအခါ၊ ထာဝရ ဘုရား၏အိမ်တော်သည် မိုဃ်းတိမ်နှင့်ပြည့်၏။

  3. ထိုသို့မီးကျ၍ ထာဝရဘုရား၏ ဘုန်းတော်သည် အိမ်တော်ပေါ်မှာ သက်ရောက်သည်ကို ဣသရေလ အမျိုးသားအပေါင်းတို့သည် မြင်လျှင်၊ ကျောက်ခင်းအရပ် ၌ မြေပေါ်မှာ ဦးချပြပ်ဝပ်လျက် ကောင်းမြတ်တော်မူ သည်၊ ကရုဏာတော်အစဉ်အမြဲတည်သည်ဟု ထာဝရ ဘုရားကို ကိုးကွယ်၍ ဂုဏ်တော်ကို ချီးမွမ်းကြ၏။

  4. လူများနှင့်တိုင်ပင်ပြီးမှ၊ ထာဝရဘုရား၏ ကရုဏာတော်သည် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ် ကျေးဇူးတော်ကိုချီးမွမ်းကြလော့ဟု တပ်ရှေ့မှာ ချီသွား လျက်၊ သန့်ရှင်းခြင်းအသရေကိုချီးမွမ်းရသော သီချင်း သည်တို့ကို ထာဝရဘုရားအဘို့ ခန့်ထားတော်မူ၏။

  5. တဖန်ဟေဇကိမင်းကြီးနှင့် မှူးမတ်တို့သည် စီရင်၍၊ လေဝိသားတို့သည် ဒါဝိဒ်စကား၊ ပရောဖက် အာသပ်စကားအားဖြင့်၊ ထာဝရဘုရားအား ထောမနာ သီချင်းဆိုကြ၏။ ရွှင်လန်းသောစိတ်နှင့် ထောမနာ သီချင်းကိုဆိုလျက်၊ ဦးညွှတ်ချ၍ ကိုးကွယ်ကြ၏။

  6. ယေရုရှလင်မြို့၌ စည်းဝေးသောဣသရေလအမျိုး တို့သည်၊ ခုနစ်ရက်ပတ်လုံး အလွန်ရွှင်လန်းသောစိတ်နှင့် အဇုမပွဲကိုခံကြ၏။ ယဇ်ပုရောဟိတ်လေဝိသားတို့သည် အသံကျယ်သောတူရိယာမျိုးကို တီးမှုတ်လျက်၊ နေ့ညဉ့် မပြတ် ထာဝရဘုရားအား ထောမနာသီချင်းဆိုကြ၏။

  7. လုပ်ဆောင်သောသူတို့သည် ထာဝရဘုရား၏ ဗိမာန်တော်တိုက်မြစ်ကိုချသောအခါ၊ ဣသရေလ ရှင်ဘုရင် ဒါဝိဒ်စီရင်သည်အတိုင်း၊ ထာဝရဘုရား၏ ဂုဏ်တော်ကိုချီးမွမ်းစေခြင်းငှါ၊ တံပိုးကိုင်သော ယဇ် ပုရောဟိတ်များ၊ ခွက်ကွင်းကိုင်သောလေဝိအမျိုး၊ အာသပ်သားများတို့ကို ခန့်ထားကြ၏။

  8. ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၏။ ဣသရေလအမျိုး၌ ပြတော်မူသော ကရုဏာတော် အစဉ်အမြဲ တည်ပါသည်ဟူ၍ ဂုဏ်တော်ကို ချီးမွမ်းလျက်၊ ကျေးဇူတော်ကို ဝန်ခံလျက်၊ အသံပြိုင်၍ အလှည့်လှည့်သီ ချင်းဆိုကြ၏။ ဗိမာန်တော်တိုက်မြစ်ကို ချရသောကြောင့်၊ လူအပေါင်းတို့သည် ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းလျက်၊ ကြီးသောအသံနှင့် ကြွေးကြော်ကြ၏။

  9. ဧဇရသည် မြတ်စွာဘုရားသခင် ထာဝရဘုရား ကို ကောင်းကြီးပေး၏။ လူအပေါင်းတို့က အာမင်၊ အာမင်ဟု လက်တို့ကို ချီလျက်၊ ဝန်ခံ၍ ဦးချပြပ်ဝပ်လျက် ထာဝရဘုရားကို ကိုးကွယ်ကြ၏။

  10. တဖန်လေဝိသားယောရှု၊ ကပ်မျေလ၊ ဗာနိ၊ ဟာရှဗနိ၊ ရှေရဘိ၊ ဟောဒိယ၊ ရှေဗနိ၊ ပေသဟိတို့က ထကြလော့။ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် အစဉ်အမြဲ မင်္ဂလာရှိတော်မူစေသတည်းဟု ကောင်း ကြီးပေးကြလော့။ ကောင်းကြီးပေးခြင်း၊ ချီးမွမ်းခြင်း အမျိုးမျိုးထက် ကြီးမြင့်၍ ဘုန်းကြီးသော ကိုယ်တော်၏ နာမသည် မင်္ဂလာရှိပါစေသတည်း။

  11. ကိုယ်တော်သာလျှင် ထာဝရဘုရား ဖြစ်တော် မူ၏။ အမြင့်ဆုံးသော ကောင်းကင်နှင့် ကောင်းကင် ဗိုလ်ခြေအပေါင်းတို့ကို၎င်း၊ မြေကြီးနှင့်မြေကြီးပေါ်မှာ ရှိရှိသမျှတို့ကို၎င်း၊ ပင်လယ်နှင့်ပင်လယ်၌ပါသမျှတို့ကို ၎င်း ဖန်ဆင်းတော်မူ၏။ အလုံးစုံတို့ကို စောင့်မတော် မူ၏။ ကောင်းကင်ဗိုလ်ခြေတို့သည် ကိုယ်တော်ကို ကိုးကွယ်ကြပါ၏။

  12. လေဝိသားအကြီးအကဲ၊ ဟာရှဘိ၊ ရှေရဘိ၊ ကပ်မျေလသား ယောရှုတို့သည် ညီအစ်ကိုများနှင့် ဝိုင်း၍ ဘုရားသခင်၏ လူဒါဝိဒ်စီရင်သည်အတိုင်း ဂုဏ်ကျေးဇူး တော်ကို ဘော်ပြချီးမွမ်းခြင်းအမှုကို အလှည့်လှည့် စောင့်ရကြ၏။

  13. လူတို့သည် ချီးမွမ်းအပ်သော အမှုတော်ကို ချီးမြှောက်ခြင်းငှါ သတိပြုလော့။

  14. နံနက်ကြယ်တို့သည် တညီတညွတ်တည်း သီချင်းဆို၍၊ ဘုရားသခင်သားအပေါင်းတို့သည် ဝမ်း မြောက်သဖြင့်၊ ကြွေးကြော်ကြစဉ်၊ တိုက်ထောင့်အထွဋ် ကျောက်ကို အဘယ်သူတင်ထားသနည်း။

  15. ငါမူကား၊ ထာဝရဘုရား၏ တရားသောအမှု တော်ကို ချီးမွမ်း၍၊ အမြင့်ဆုံးသောထာဝရဘုရား၏ နာမတော်ကို ထောမနာသီချင်းဆိုပါမည်။

  16. ကိုယ်တော်၏ရန်သူတို့ကို ရည်ဆောင်၍ ရန်သူ ကို၎င်း၊ အငြိုးထားသောသူကို၎င်း၊ တိတ်ဆိတ်စွာနေစေ ခြင်းငှါ၊ နို့စို့သူငယ်တို့၏နှုတ်ထဲမှ အစွမ်းသတ္တိကို စီရင် တော်မူ၏။

  17. အိုထာဝရဘုရား၊ အကျွန်ုပ်သည် စိတ်နှလုံး အကြွင်းမဲ့ကိုယ်တော်ကို ချီးမွမ်းပါမည်။ အံ့ဘွယ်သော အမှုတော်ရှိသမျှတို့ကို ပြညွှန်ပါမည်။

  18. ဇိအုန်မြို့မှာ ကျိန်းဝပ်တော်မူသော ထာဝရ ဘုရားကို ထောမနာသီချင်းဆိုကြလော့။ အမှုတော်များကို လူမျိုးတို့အား ဟောပြောကြလော့။

  19. သို့ဖြစ်၍ ဂုဏ်ကျေးဇူးတော်အပေါင်းကို ဇိအုန် မြို့တံခါးဝမှာ အကျွန်ုပ်ပြညွှန်ပါမည်။ ကယ်တင်တော် မူခြင်းကျေးဇူးကို အမှီပြု၍ ဝမ်းမြောက်ပါမည်။

  20. ငါ့ကို ပြုစုတော်မူသော ထာဝရဘုရားကို ကောင်းကြီးပေးမည်။ ညဉ့်အချိန်၌ပင် ငါ့နှလုံးသည် ငါ့ကို နှိုးဆော်တတ်၏။

  21. ချီးမွမ်းအပ်သော ထာဝရဘုရားကို ငါတောင်း လျှောက်၍ ရန်သူတို့ လက်မှကယ်တင်ခြင်းသို့ ရောက်၏။

  22. ထာဝရဘုရားသည် အသက်ရှင်တော်မူသည် ဖြစ်၍၊ ငါ၏ကျောက်၌ မင်္ဂလာရှိပါစေသတည်း။ ငါ့ကို ကယ်တင်တော်မူသော ဘုရားသခင်၌ ချီးမြှောက်ခြင်း ရှိပါစေသတည်း။

  23. အိုထာဝရဘုရား၊ ကိုယ်တော်သည် အစွမ်း တန်ခိုးအားဖြင့် ချီးမြှောက်ခြင်းရှိတော်မူစေသတည်း။ အကျွန်ုပ်တို့သည် တန်ခိုးတော်ကို ထောမနာသီချင်း ဆိုကြပါမည်။

  24. အကျွန်ုပ်သည် သိတင်းတော်ကို ညီအစ်ကိုတို့ အား ကြားပြောပါမည်။ ပရိသတ်အလယ်မှာ ကိုယ်တော် ကို ချီးမွမ်းပါမည်။

  25. ထာဝရဘုရားကို ကြောက်ရွံ့သော အချင်းတို့၊ ချီးမွမ်းခြင်းကို ပြုကြလော့။ ယာကုပ်အမျိုးအပေါင်းတို့၊ ဂုဏ်ကျေးဇူးတော်ကို ဘော်ပြကြပါလော့။ ဣသရေလ အမျိုးအပေါင်းတို့၊ ကိုယ်တော်ကို ကြောက်ရွံ့ကြလော့။