အကြောင်းအရာသို့ ကျော်သွားရန်

Paul အကြောင်း ကျမ်းစာအခန်းငယ်များ

619 အခန်းငယ် · 103 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ပေါလုက၊ ညီအစ်ကိုတို့၊ သူသည် ယဇ်ပုရောဟိတ်မင်းဖြစ်သည်ကိုအကျွန်ုပ်မသိ။ သင်၏အမျိုးကို အုပ်စိုးသော မင်းကိုသင်သည် မကဲ့ရဲ့ရဟု ကျမ်းစာ၌ လာသည်ဟုဆို၏။

  2. ထိုအရာရှိတို့တွင် အချို့တို့သည် ဇဒ္ဒုကဲဖြစ်ကြသည်၊ အချို့တို့သည် ဖာရိရှဲဖြစ်ကြသည်ကို ပေါလုသိမြင်လျှင်၊ ညီအစ်ကိုတို့၊ အကျွန်ုပ်သည် ဖာရိရှဲဖြစ်၏။ ဖာရိရှဲ၏သားလည်းဖြစ်၏။ သေသောသူတို့သည် ထမြောက်မည်ဟု မြော်လင့်ခြင်းအကြောင့်ကြောင့်၊ အကျွန်ုပ်သည် စစ်ကြောစီရင်ခြင်းကို ခံရ၏ဟု လွှတ်တော်ပေါ်မှာ ကြွေးကြော်လေ၏။

  3. အချင်းချင်း ငြင်းခုံခြင်းများသောအခါ၊ ထိုသူတို့သည် ပေါလုကို ဆွဲငင်၍ အပိုင်းပိုင်းဆုတ်ဖြတ်မည်ကို စစ်သူကြီး စိုးရိမ်သောကြောင့်၊ စစ်သူရဲများ၊ ဆင်းကြ၊ ပေါလုကိုအရာရှိမင်းတို့အထဲမှ အနိုင်အထက်ယူ၍ ရဲတိုက်ထဲသို့ ပို့ဆောင်ကြဟု အမိန့်ရှိ၏။

  4. နက်ဖြန့်နေ့ညဉ့်တွင် သခင်ဘုရားသည် ပေါလု အနား၌ ပေါ်လာတော်မူလျက်၊ ပေါလု မစိုးရိမ်နှင့်။ ငါ၏ အကြောင်းအရာကို သင်သည် ယေရုရှလင်မြို့၌ သက်သေခံပြီးသည်နည်းတူ၊ ရောမမြို့၌ လည်းခံရလေ ဦးမည်ဟု မိန့်တော်မူ၏။

  5. မိုဃ်းလင်းသောအခါ ယုဒလူတို့သည် သင်းဖွဲ့၍၊ ငါတို့သည် ပေါလုကိုမသတ်မှီတိုင်အောင် အလျှင်းမစား မသောက်ရဟု ကိုယ်ကိုကျိန်ဆို၍ ဓိဋ္ဌာန်ပြုကြ၏။

  6. ထိုသို့သင်းဖွဲ့သော သူတို့သည် လေးကျိပ်မက ရှိကြ၏။

  7. ထိုသူတို့သည် ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအကြီးအကဲတို့ ထံသို့သွား၍၊ အကျွန်ုပ်တို့သည် ပေါလု ကိုမသတ်မှီတိုင်အောင် အလျှင်းမစားမသောက်ရဟု ကိုယ်ကိုကျိန်ဆို၍ ဓိဋ္ဌာန်ပြုကြပါပြီ။

  8. ထိုကြောင့်၊ နက်ဖြန့်နေ့၌ စစ်သူကြီးသည် ပေါလုကို ကိုယ်တော်တို့ထံသို့ ပို့ဆောင်စေခြင်းငှါ၊ သူ့ကို သာ၍ စေ့စေ့စစ်ကြောမည်အဟန်ပြု၍၊ လွှတ်အရာရှိများနှင့်အတူ ကိုယ်တော်တို့သည် စစ်သူကြီးကို လျှောက်ကြပါလော့။ ပေါလုသည် ကိုယ်တော်တို့ထံသို့ မရောက်မှီအကြားတွင် အကျွန်ုပ်တို့သည် သူ့ကိုသတ်ခြင်းငှါ အသင့်ရှိနှင့်ပါပြီဟု လျှောက်ကြ၏။

  9. ထိုသို့လမ်းနား၌ ချောင်း၍နေကြသည်အမှုကို ပေါလု၏ တူသည်ကြားလျှင်၊ ရဲတိုက်ထဲသို့ဝင်၍ ပေါလု အားကြားပြောလေ၏။

  10. ပေါလုသည်တပ်မှူးတယောက်ကို ခေါ်၍၊ ဤလုလင်ကို စစ်သူကြီးထံသို့ပို့ပါ။ လျှောက်စရာတစုံတခု ရှိသည်ဟုဆိုသော်၊

  11. တပ်မှူးသည် လုလင်ကို စစ်သူကြီးထံသို့ ပို့ပြီးလျှင်၊ အကျဉ်းခံရသော ပေါလုသည် အကျွန်ုပ်ကို ခေါ်၍၊ ကိုယ်တော်အားလျှောက်စရာ တစုံတခုကရှိသော ဤလုလင်ကိုကိုယ်တော်ထံသို့ ပို့စေခြင်းငှါ တောင်းပန် ပါသည်ဟုလျှောက်၏။

  12. စစ်သူကြီးသည် လုလင်ကိုလက်ဆွဲ၍ ဆိတ်ကွယ်ရာအရပ်သို့သွားပြီးလျှင်၊ သင်သည်အဘယ် အကြောင်း ကို ငါ့အားလျှောက်ချင်သနည်းဟု မေးမြန်းလေ၏။

  13. လုလင်ကလည်း၊ ကိုယ်တော်သည် နက်ဖြန်နေ့၌ ပေါလုကို လွှတ်တော်သို့ပို့ဆောင်စေခြင်းငှါ၊ ယုဒလူတို့ သည် သူ့ကိုသာ၍ စေ့စေ့မေးမြန်းမည်အဟန်ပြု၍၊ ကိုယ်တော်ကို တောင်းလျှောက်မည်ဟု တိုင်ပင် ညှိညွတ် ကြပါပြီ။

  14. သို့ရာတွင်သူတို့၏ အလိုသို့မလိုက်ပါနှင့်။ ပေါလု ကိုမသတ်မှီတိုင်အောင် အလျှင်းမစားမသောက်ရဟု ကိုယ်ကိုကျိန်ဆို၍ ဓိဋ္ဌာန်ပြုသော ယုဒလူလေးကျိပ်မက၊ လမ်းနား၌ ပေါလုကိုချောင်း၍ နေကြပါ၏။ ယခုပင် ကိုယ်တော်ဝန်ခံမည့်စကားကို ထိုသူတို့သည် ဆိုင်းလင့်၍ အသင့်ရှိနှင့်ပါပြီဟုလျှောက်လေ၏။

  15. စစ်သူကြီးကလည်း၊ သင်သည်ငါ့အား ဤသို့ ကြားလျှောက်သည်ကို အဘယ်သူအားမျှမပြောနှင့်ဟု ထိုလုလင်ကိုမှာထား၍ လွှတ်လိုက်ပြီးလျှင်၊

  16. တပ်မှူးနှစ်ယောက်တို့ကိုခေါ်၍၊ ယနေ့ညဉ့် သုံးချက်တီးအချိန်၌ ကဲသရိမြို့သို့သွားစေခြင်းငှါ စစ်သူရဲ နှစ်ရာ၊ မြင်းစီးသူရဲခုနစ်ကျိပ်၊ လှံကိုင်သူရဲနှစ်ရာတို့ကို ပြင်ဆင်ကြ။

  17. ပေါလုစီးစရာဘို့ တိရစ္ဆာန်တို့ကိုပြင်၍ပေးကြ။ သူ့ကို ဖေလဇ်မင်းထံသို့ကြပ်မ၍ ပို့ကြဟုအမိန့်ရှိ၏။

  18. စစ်သူကြီးသည် ရေး၍ပေးလိုက်သော စာဟူ မူကား၊

  19. ကလောဒိလုသိက၊ မြတ်တော်မူသော မြို့ဝန်မင်းဖေလဇ်ကို မေတ္တာနှင့်ကြားလျက်လိုက်ပါသည်။

  20. ယုဒလူတို့သည် ဤသူကိုဘမ်းဆီး၍ သတ်မည်ပြုကြစဉ်၊ သူသည်ရောမလူဖြစ်ကြောင်းကို အကျွန်ုပ်သည် ကြားသိသဖြင့်၊ စစ်သူရဲတို့နှင့်တကွ သွား၍သူ့ကို နှုတ်ပါ သည်။

  21. ယုဒလူတို့သည် အဘယ်အပြစ်ကြောင့်သူနှင့် အမှုလုပ်ကြသည်ကို အကျွန်ုပ်သိလိုသောကြောင့်၊ သူ့ကို ယူ၍လွှတ်တော်သို့ ဆောင်သွားပြီးလျှင်၊

  22. အသေသတ်ခြင်း၊ အကျဉ်းထားခြင်းကို ခံထိုက်သော အပြစ်ကြောင့် အမှုလုပ်ကြသည်မဟုတ်ဘဲ၊ သူတို့တရားနှင့် စပ်ဆိုင်သော ပုစ္ဆာအမေးကို အကြောင်းပြု၍သာ အမှုလုပ်ကြသည်ကို အကျွန်ုပ်သိမြင်ပါ၏။

  23. ယုဒလူတို့သည် မကောင်းသောအကြံနှင့် သူ့ကိုလုပ်ကြံမည်ဟု အကျွန်ုရိပ်မိလျှင်၊ သူ့ကို ကိုယ်တော်ထံသို့ ချက်ခြင်းစေလွှတ်၍ အမှုလုပ်သောသူတို့ကို ရှေ့တော်၌ လျှောက်ထားစေခြင်းငှါ စီရင်ပါ၏။ ကိုယ်တော် ကျန်းမာ ပါစေသောဟု ရေး၍ပေးလိုက်သတည်း။

  24. စစ်သူကြီးမှာထားသည်အတိုင်း စစ်သူရဲတို့သည် ပေါလုကို ယူ၍၊ ညဉ့်အခါ အန္တိပတရိမြို့သို့ ပို့လိုက်ပြီးမှ၊

  25. နက်ဖြန်နေ့၌မြင်းစီးသူရဲတို့ကို ပေါလုနှင့်တကွ သွားစေခြင်းငှါ လွှတ်လိုက်၍ မိမိတို့သည် ရဲတိုက်သို့ ပြန်ကြ၏။