အကြောင်းအရာသို့ ကျော်သွားရန်

Parents အကြောင်း ကျမ်းစာအခန်းငယ်များ

156 အခန်းငယ် · 48 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဘွားမြင်သော သားသမီးတို့သည်ထာဝရဘုရား ဆုချ၍ ပေးသနားတော်မူသော အမွေဥစ္စာဖြစ်ကြ၏။

  2. ထာဝရဘုရားသည် ချစ်တော်မူသော သူကို ဆုံးမတော်မူတတ်၏။ နှစ်သက်တော်မူသော သူကို ဆုံးမ တော်မူတတ်၏။

  3. ရှောလမုန်မင်း၏ သုတ္တံစကားဟူမူကား၊ ပညာ ရှိသောသားသည် အဘဝမ်းမြောက်ခြင်းအကြောင်း၊ မိုက် သောသားမူကား၊ အမိဝမ်းနည်းခြင်းအကြောင်းကို ဖြစ်စေတတ်၏။

  4. လူဆိုးတို့သည် အသင်းဖွဲ့သော်လည်း၊ အပြစ် ဒဏ်နှင့်မလွတ်ရကြ။ ဖြောင့်မတ်သောသူတို့၏ အမျိုး အနွှယ်မူကား လွတ်ရ၏။

  5. သူတော်ကောင်းသည် သားမြေးတို့အဘို့ အမွေ ဥစ္စာကို ချန်ထားတတ်၏။ အပြစ်ရှိသော သူ၏စည်းစိမ် မူကား၊ ဖြောင့်မတ်သော သူတို့အဘို့ သိုထားလျက်ရှိ၏။

  6. ကြိမ်လုံးကို မသုံးသောသူသည် မိမိသားကို မုန်းရာသို့ ရောက်၏။ သားကိုချစ်သောသူမူကား၊ ငယ် သောအရွယ်မှစ၍ ဆုံးမတတ်၏။

  7. မိုက်သော သူသည် အဘဝမ်းနည်းစရာ အကြောင်း၊ မွေးသော အမိစိတ်ညစ်စရာအကြောင်း ဖြစ်၏။

  8. မြော်လင့်စရာရှိစဉ်အခါ၊ ကိုယ်သားကို ဆုံးမ လော့။ သူ့ကိုအကျိုးနည်းအောင် သနားသောစိတ်မရှိစေ နှင့်။

  9. သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ သို့ပြုလျှင် သူသည်အိုသောအခါ ထိုလမ်းမှမလွှဲ၊ လိုက် သွားလိမ့်မည်။

  10. မိုက်သောသဘောသည် သူငယ်၏ စိတ်နှလုံး ထဲမှာ ထုပ်ထားလျက်ရှိ၏။ သို့သော်လည်း၊ ဆုံးမသော ကြိမ်လုံးသည် ထိုသဘောကို ဝေးစွာ နှင်တတ်၏။

  11. သူငယ်ကို မဆုံးမဘဲမနေနှင့်။ ကြိမ်လုံးနှင့်ရိုက် သော်လည်း သူသည် မသေ။

  12. ကြိမ်လုံးနှင့်ရိုက်၍ သူ၏အသက်ဝိညာဉ်ကို မရဏနိုင်ငံမှ ကယ်နှုတ်ရမည်။

  13. ငါ့သား၊ ပညာရှိလော့။ ကဲ့ရဲ့သောသူ၏စကားကို ငါချေနိုင်အောင်၊ ငါ့စိတ်ကို ရွှင်လန်းစေလော့။

  14. ကြိမ်လုံးနှင့်ရိုက်ခြင်း၊ နှုတ်နှင့်ဆုံးမခြင်းအားဖြင့် ပညာတိုးပွါးတတ်၏။ တတ်တိုင်းနေစေသော သူငယ်သည် အမိကို အရှက်ခွဲတတ်၏။

  15. သင်၏သားကို ဆုံးမလော့။ သို့ပြုလျှင် သူသည် သင့်ကို ချမ်းသာပေးမည်။ ထိုမျှမက စိတ်ရွှင်လန်းစရာ အခွင့်ကို ပေးမည်။

  16. လေမွေလမင်းကြီး၏ မယ်တော်သည်သားကို ဆုံးမသွန်သင်သော တရားစကားဟူမူကာ၊

  17. သူ၏သားသမီးတို့သည်ထ၍၊ အမိကို ကောင်း ကြီးပေးတတ်ကြ၏။ သူ၏ခင်ပွန်းကလည်း၊

  18. သူတပါးတို့နှင့်ရောနှော၍ သင်္ဂြိုလ်ခြင်းကိုမခံရ။ အကြောင်းမူကား၊ မိမိပြည်ကို ဖျက်ဆီးပြီ။ မိမိအမျိုး သား ချင်းတို့ကို သတ်လေပြီ။ အဓမ္မပြုသော သူတို့၏အနွယ် သည် ဂုဏ်အသရေအလျှင်းမရှိရဟု ပြောဆိုကြလိမ့်မည်။

  19. အသက်ရှင်သောသူ၊ အသက်ရှင်သော သူသာ လျှင်၊ ယနေ့ အကျွန်ုပ်ပြုသကဲ့သို့၊ ဂုဏ်တော်ကို ချီးမွမ်း ရပါလိမ့်မည်။ အဘသည် သားတို့အား သစ္စာတော်ကို ဘော်ပြရပါလိမ့်မည်။

  20. မိန်းမသည် မိမိဘွားသော သားကို မသနား သည်တိုင်အောင်၊ မိမိနို့စို့သူငယ်ကို မေ့လျော့နိုင်သလော။ အကယ်၍ မေ့လျော့သော်လည်း၊ သင့်ကို ငါမမေ့လျော့။

  21. ငါရွေးကောက်သော သူတို့သည် အချည်းနှီး မလုပ်မဆောင်ရကြ။ အသက်တိုသော သားကိုမဘွား မမြင်ရကြ။ ကိုယ်တိုင်မှစ၍ အမျိုးအနွယ်တို့သည်၊ ထာဝရဘုရားပေးတော်မူသော ကောင်းကြီးမင်္ဂလာကို ခံရသောသူဖြစ်ကြလိမ့်မည်။

  22. အမိသည် သားငယ်ကို နှစ်သိမ့်စေသကဲ့သို့၊ သင်တို့ကို ငါနှစ်သိမ့်စေမည်။ ယေရုရှလင်မြို့၌ ချမ်းသာ ရကြလိမ့်မည်။

  23. မိမိတို့ စိတ်နှလုံး ခိုင်မာခြင်းသို့၎င်း၊ မိရိုးဘလာ အတိုင်း ဗာလဘုရားတို့နောက်သို့၎င်း လိုက်ကြသော ကြောင့်၊

  24. ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလ ၌ ငါသည် ဣသရေလအဆွေအမျိုးအပေါင်းတို့၏ ဘုရားသခင်ဖြစ်၍၊ သူတို့သည် ငါ၏လူဖြစ်ကြလိမ့်မည်။

  25. သင်၌မိဘမရှိသောသူငယ်တို့ကို ထားခဲ့လော့။ ငါစောင့်မမည်။သင်၏ မုတ်ဆိုးမတို့သည် ငါ့ကိုခိုလှုံကြစေ။