Parents အကြောင်း ကျမ်းစာအခန်းငယ်များ: To command them to obey God
To command them to obey God အကြောင်း အခန်းငယ်များ
သင်တို့အား ယနေ့ ငါသက်သေခံသမျှသော စကားတို့ကို နှလုံးသွင်းကြလော့။ သင်တို့သားသမီးတို့ သည် ဤပညတ်တရား စကားတော်အလုံးစုံတို့ကို စောင့် ရှောက်စေခြင်းငှါ၊ သူတို့အား ထပ်ဆင့်၍ မှာထားရကြ မည်။
ငါ့သားရှောလမုန်၊ သင့်အဘ၏ဘုရားသခင်ကို သိလော့။ စုံလင်သောနှလုံး၊ ကြည်ညိုသော စိတ်သဘော နှင့် ဝတ်ပြုလော့။ ထာဝရဘုရားသည် ခပ်သိမ်းသော စိတ်နှလုံးတို့ကို စစ်၍အကြံအစည်ရှိလေသမျှတို့ကို သိတော်မူ၏။ ကိုယ်တော်ကို ရှာလျှင်အတွေ့ခံတော်မူမည်။ ကိုယ်တော်ကိုစွန့်လျှင် သင့်ကို အစဉ်အမြဲ စွန့်တော်မူမည်။