Parents အကြောင်း ကျမ်းစာအခန်းငယ်များ: Not to make unholy connections for them
Not to make unholy connections for them အကြောင်း အခန်းငယ်များ
အာဗြဟံသည်အို၍၊ အသက်အရွယ်ကြီးရင့်လှပြီ။ ထာဝရဘုရားသည်၊ အရာရာ၌ သူ့ကို ကောင်းကြီး ပေးတော်မူပြီ။
အာဗြဟံသည်၊ မိမိအိမ်သားတို့တွင် အသက်ကြီး ၍ ဘဏ္ဍာစိုးလုပ်သောသူကိုခေါ်လျက်၊
သင်သည်၊ ငါနေသော ခါနာန်အမျိုးသမီးတို့ တွင်၊ ငါ့သားဘို့ မယားကို မရွေးမယူဘဲ၊
ငါ့ပြည်ငါ့အမျိုးသားချင်းတို့ထံသို့သွား၍၊ ငါ့သား ဣဇာက်အဘို့ မယားကိုယူရမည်ဟု၊ သင်၏လက်ကို ငါ့ ပေါင်အောက်၌ထားပြီးမှ၊ ကောင်းကင်မြေကြီးအရှင် ဘုရားသခင်၊ ထာဝရဘုရားကို တိုင်တည်၍၊ ငါကျိန်ဆိုစေ ပါမည်ဟုဆို၏။
ထိုအခါ ဣဇာက်သည် ယာကုပ်ကို ခေါ်၍၊ သင်သည် ခါနာန်အမျိုးသမီးနှင့် အိမ်ထောင်ဘက်မပြုရ။
အမိ၏အဘ ဗေသွေလအမျိုးသားနေရာ ပါဒ နာရံအရပ်သို့ ထ၍ သွားလော့။ သင့်ဦးရီးလာဗန်၏ သမီးတစုံတယောက်နှင့် အိမ်ထောင်ဘက်ပြုလော့။