အကြောင်းအရာသို့ ကျော်သွားရန်

Nineveh အကြောင်း ကျမ်းစာအခန်းငယ်များ

49 အခန်းငယ် · 35 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. အကြောင်းမူကား၊ ထာဝရဘုရားသည် ဣသ ရေလ၏ဘုန်းကဲ့သို့ ယာကုပ်၏ဘုန်းကို ပြုပြင်တော်မူ၏။ သုတ်သင်သော သူတို့သည် ယာကုပ်အမျိုးကို သုတ်သင် ၍၊ သူ၏အခက်အလက်တို့ကို ပယ်ရှင်းကြပြီ။

  2. သူရဲတို့သည် နီသော ဒိုင်းလွှားကို ဆောင်၍၊ နီသော အဝတ်ကိုဝတ်ကြ၏။ ခင်းကျင်းသောနေ့၌ ရထား တို့သည် သံလက်နက်နှင့် တောက်ပ၍၊ လှံတံတို့သည် အလွန်လှုပ်ရှားကြ၏။

  3. ရထားတို့သည် လမ်း၌ ဟုန်းဟုန်းမြည်၍၊ လမ်းမတို့၌ တောင်မြောက်ပြေးကြ၏။ မီးရူးအဆင်း အရောင်ရှိ၍၊ လျှပ်စစ်ကဲ့သို့ ပြေးကြ၏။

  4. မြစ်တံခါးပွင့်လျှင်၊ နန်းတော်သည် ကွယ်ပျောက် ၏။ နိနေဝေသတို့သမီးကို အဝတ်ချွတ်၍ ထုတ်ရ၏။

  5. အပျိုတော်တို့သည် ချိုးကဲ့သို့ ကူ၍ ရင်ပတ်ကို တီးလျက် လိုက်ရကြ၏။

  6. ရှေးကာလမှစ၍ နိနေဝေမြို့သည် ရေကန်ကဲ့သို့ ဖြစ်၏။ ယခုမူကား၊ ရေတို့သည် စီးထွက်ကြ၏။ ရပ်ကြ။ ရပ်ကြဟုဟစ်သော်လည်း အဘယ်သူမျှ ပြန်၍ မကြည့်။

  7. ငွေကို လုယူကြ။ ရွှေကိုလည်း လုယူကြ။ နှစ် သက်ဘွယ်သော တန်ဆာများကို ရွှေတိုက်တော်ထဲက ထုတ်၍ မကုန်နိုင်။

  8. လူအသက်ကို သတ်တတ်သော မြို့၌အမင်္ဂလာ ဖြစ်စေသော၊ လှည့်စားခြင်း၊ အနိုင်အထက်ပြုခြင်းနှင့် ပြည့်ဝ၏။ ဘမ်းမိသောအရာကို မလွှတ်တတ်။

  9. နှင်တံနှင့်ရိုက်သံ၊ လှည်းဘီးလိမ့်သံ၊ မြင်းခုန်သံ၊ ရထားပြေးသံကို ကြားရ၏။

  10. မြင်းစီးသူရဲသည် မီးတောက်သော ထား၊ လျှပ် စစ်ပြက်သော လှံကိုချီလျက်၊ တိုက်သောသူရဲအများနှင့် သေသောသူအပုံပုံရှိကြ၏။ အသေကောင်တို့ကို ရေတွက် ၍ မကုန်နိုင်။ လူသေကောင်များကို ထိမိ၍ လဲတတ်ကြ ၏။

  11. အဆင်းလှ၍ ပြုစားတတ်လျက်၊ မတရားသော မေထုန်အမှုနှင့် စုန်းမအတတ်အားဖြင့်၊ လူအမျိုးမျိုး အနွှယ်နွှယ်တို့ကို ကုန်သွယ်လုပ်တတ်သော ပြည်တန်ဆာ မိန်းမသည် မတရားသော မေထုန်ကို ပြုဖန်များပြား သောကြောင့်၊

  12. ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင့်တဘက်၌ ငါနေ၏။ သင့်အဝတ် ကို သင်၏မျက်နှာပေါ်မှာ လှန်၍ အတိုင်းတိုင်းအပြည် ပြည်ရှေ့မှာ သင်၌ အချည်းစည်းရှိခြင်း၊ အရှက်ကွဲခြင်းကို ငါပြမည်။

  13. သင်၌ မစင်ကိုပစ်၍ ညစ်ညူးစေပြီးမှ၊ သူတပါး တို့ကြည့်စရာထားမည်။

  14. သင့်ကို မြင်သမျှသော သူတို့က၊ နိနေဝေမြို့ ပျက်စီးပြီ။ အဘယ်သူမြည်တမ်းမည်နည်းဟုဆိုလျက်၊ သင့်ထံမှပြေးကြလိမ့်မည်။ နှစ်သိမ့်စေသော သူတို့ကို သင့်အဘို့ အဘယ်မှာ ငါရှာ၍ ရနိုင်သနည်း။

  15. သို့သော်လည်း၊ ထိုမြို့ကို ရန်သူတို့သည် တိုက်၍ သိမ်းသွားကြပြီ။ မြို့သားငယ်တို့ကို လမ်းဦးရှိသမျှတို့၌ ချိုးဖဲ့လျက်၊ ဂုဏ်အသရေရှိသော မြို့သားတို့ကို စာရေးတံ ချလျက်၊ အားကြီးသော မြို့သားအပေါင်းတို့ကို သံကြိုး ဖြင့် ချည်နှောင်လျက် ပြုကြပြီ။

  16. သင်သည်လည်း မိန်းမောတွေဝေလျက် ပုန်း ရှောင်၍ နေရလိမ့်မည်။ ရန်သူ၏လက်နှင့် လွတ်အောင် ခိုင်ခံ့သောအရပ်ကို ရှာရလိမ့်မည်။

  17. သင်၏ရဲတိုက်ရှိသမျှတို့သည် ရှေ့ဦးစွာ မှည့် သော အသီးကို သီးသော သင်္ဘောသဖန်းပင်နှင့် တူကြ လိမ့်မည်။ လှုပ်လျှင် စားချင်သောသူ၏ ပစပ်ထဲသို့ ကျလိမ့်မည်။

  18. သင်၏လူတို့သည် သင့်အလယ်၌ မိန်းမကဲ့သို့ ဖြစ်၍၊ ပြည်တံခါးတို့သည် ရန်သူတို့အား ကျယ်ကျယ်ပွင့် လျက်၊ ကန့်လန့်ကျင်တို့သည် မီးလောင်လိမ့်မည်။

  19. မိုဃ်းကောင်းကင်ကြယ်များသည်ထက်၊ သင်၏ ကုန်သည်တို့ကို များပြားစေသော်လည်း၊ ယာလက်ကျိုင်း တို့သည် နှံ့ပြား၍ ပျံသွားတတ်ကြ၏။

  20. မြောက်မျက်နှာကိုလည်း တိုက်၍ အာရှုရိပြည် ကို ဖျက်ဆီးတော်မူမည်။ နိနေဝေမြို့ကို လူဆိတ်ညံရာ အရပ်၊ လွင်ပြင်ကဲ့သို့ သွေ့ခြောက်သော အရပ်ဖြစ်စေ တော်မူမည်။

  21. မြို့အလယ်၌ သိုးစုများနှင့် တပါးအမျိုးသားရဲ အပေါင်းတို့သည် အိပ်ကြလိမ့်မည်။ ဝံပိုနှင့်ဖြူတို့သည် တံခါးထုပ်၌ နေရာကျ၍ ပြတင်းပေါက်၌ မြည်ကြလိမ့် မည်။ တံခါးခုံတို့သည် လူဆိတ်ညံလျက်၊ အာရဇ်သစ်သား ၌ အပြော်ပယ်ရှင်းလျက် ရှိလိမ့်မည်။

  22. ထိုမြို့က၊ ငါရှိ၏။ ငါမှတပါး အဘယ်သူမျှ မရှိ ဟု ဆိုလျက် သောကနှင့် ကင်းလွတ်၍ ဝမ်းမြောက်လျက် နေဘူးသော မြို့ဖြစ်ပါသည်တကား။ ယခုမှာ သုတ်သင် ပယ်ရှင်းရာ၊ သားရဲအိပ်ရာ သူအပေါင်းတို့သည် ကဲ့ရဲ့သံ ကို ပြု၍ လက်ဖျားခါကြလိမ့်မည်။

  23. တရားဆုံးဖြတ်တော်မူသောအခါ၊ နိနေဝေမြို့သားတို့သည် ဤလူမျိုးတဘက်၌ထ၍ အရှုံးခံစေလတံ့။ အကြောင်းမူကား၊ ထိုမြို့သားတို့သည် ယောန ဟောပြောသောစကားကြောင့် နောင်တရကြ၏။ ဤအရပ်၌ ကား၊ ယောနထက်သာ၍ ကြီးမြတ်သောသူရှိ၏။

  24. တရားဆုံးဖြတ်တော်မူသောအခါ နိနေဝေမြို့သားတို့သည် ဤလူမျိုးတဘက်၌ထ၍ အရှုံးခံစေလတံ့။ အကြောင်းမူကား၊ ထိုသူတို့သည် ယောန ဟောပြောသော စကားကြောင့် နောင်တရကြ၏။