Nineveh အကြောင်း ကျမ်းစာအခန်းငယ်များ: Degradation and contempt put on
Degradation and contempt put on အကြောင်း အခန်းငယ်များ
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင့်တဘက်၌ ငါနေ၏။ သင့်အဝတ် ကို သင်၏မျက်နှာပေါ်မှာ လှန်၍ အတိုင်းတိုင်းအပြည် ပြည်ရှေ့မှာ သင်၌ အချည်းစည်းရှိခြင်း၊ အရှက်ကွဲခြင်းကို ငါပြမည်။
သင်၌ မစင်ကိုပစ်၍ ညစ်ညူးစေပြီးမှ၊ သူတပါး တို့ကြည့်စရာထားမည်။
သင့်ကို မြင်သမျှသော သူတို့က၊ နိနေဝေမြို့ ပျက်စီးပြီ။ အဘယ်သူမြည်တမ်းမည်နည်းဟုဆိုလျက်၊ သင့်ထံမှပြေးကြလိမ့်မည်။ နှစ်သိမ့်စေသော သူတို့ကို သင့်အဘို့ အဘယ်မှာ ငါရှာ၍ ရနိုင်သနည်း။
ထိုမြို့က၊ ငါရှိ၏။ ငါမှတပါး အဘယ်သူမျှ မရှိ ဟု ဆိုလျက် သောကနှင့် ကင်းလွတ်၍ ဝမ်းမြောက်လျက် နေဘူးသော မြို့ဖြစ်ပါသည်တကား။ ယခုမှာ သုတ်သင် ပယ်ရှင်းရာ၊ သားရဲအိပ်ရာ သူအပေါင်းတို့သည် ကဲ့ရဲ့သံ ကို ပြု၍ လက်ဖျားခါကြလိမ့်မည်။