Nineveh အကြောင်း ကျမ်းစာအခန်းငယ်များ: Inhabitants of, repented at Jonah's preaching
Inhabitants of, repented at Jonah's preaching အကြောင်း အခန်းငယ်များ
နိနေဝေမြို့သားတို့သည် ဘုရားသခင်၏ အမိန့် တော်ကို ယုံ၍၊ လူကြီးလူငယ်အပေါင်းတို့သည် အစာ ရှောင်ရာအချိန်ကို ကြော်ငြာ၍ လျှော်တေအဝတ်ကို ဝတ် ကြ၏။
နိနေဝေမင်းကြီးသည် ထိုသိတင်းကို ကြားသော အခါ နန်းတော်မှဆင်း၍ မင်းမြောက်တန်ဆာကို ချွတ်ပြီး မှ၊ လျှော်တေအဝတ်ကို ဝတ်၍ ပြာထဲ၌ ထိုင်တော်မူ၏။
လူသတ္တဝါ တိရစ္ဆာန်သိုးနွားတို့သည် အလျှင်းမ မြည်စေနှင့်။ အစာကို မစား၊ ရေကို မသောက်စေနှင့်။
လူသတ္တဝါတိရစ္ဆာန်တို့သည် လျှော်တေအဝတ် ကို ဝတ်ကြစေ။ ကြိုးစား၍ ဘုရားသခင်ကို ဆုတောင်းကြ စေ။ အသီးအသီးတို့သည် မိမိတို့လိုက်သော အဓမ္မလမ်း၊ မိမိတို့ပြုသော အဓမ္မအမှုကို ရှောင်ကြစေ။
ငါတို့သည် ပျက်စီးခြင်းနှင့် ကင်းလွတ်မည်အ ကြောင်း၊ ဘုရားသခင်သည် ပြောင်းလဲ၍ နောင်တရ သဖြင့်၊ ပြင်းစွာသောအမျက်တော်ကို ငြိမ်းစေတော်မူမည် မမူမည်ကို အဘယ်သူပြောနိုင်သနည်းဟု မင်းကြီးအာဏာ၊ မှူးမတ်အာဏာနှင့် နိနေဝေတမြို့လုံးတွင် သိတင်းကြား ပြော၍ ကြော်ငြာစေတော်မူ၏။
တရားဆုံးဖြတ်တော်မူသောအခါ၊ နိနေဝေမြို့သားတို့သည် ဤလူမျိုးတဘက်၌ထ၍ အရှုံးခံစေလတံ့။ အကြောင်းမူကား၊ ထိုမြို့သားတို့သည် ယောန ဟောပြောသောစကားကြောင့် နောင်တရကြ၏။ ဤအရပ်၌ ကား၊ ယောနထက်သာ၍ ကြီးမြတ်သောသူရှိ၏။
တရားဆုံးဖြတ်တော်မူသောအခါ နိနေဝေမြို့သားတို့သည် ဤလူမျိုးတဘက်၌ထ၍ အရှုံးခံစေလတံ့။ အကြောင်းမူကား၊ ထိုသူတို့သည် ယောန ဟောပြောသော စကားကြောင့် နောင်တရကြ၏။