အကြောင်းအရာသို့ ကျော်သွားရန်

Music အကြောင်း ကျမ်းစာအခန်းငယ်များ

324 အခန်းငယ် · 57 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. သတ္တမသူယေရှရေလ၊ သူနှင့်သူ၏သား ညီပေါင်းကား တကျိပ်နှစ်ယောက်တည်း။

  2. အဋ္ဌမသူယေရှာယ၊ သူနှင့်သူ၏သား ညီပေါင်း ကား တကျိပ်နှစ်ယောက်တည်း။

  3. နဝမသူမတ္တနိ၊ သူနှင့်သူ၏သားညီပေါင်းကား တကျိပ်နှစ်ယောက်တည်း။

  4. ဒသမသူရှိမိ၊ သူနှင့်သူ၏သားညီပေါင်းကား တကျိပ်နှစ်ယောက်တည်း။

  5. ဧကဒသမသူအာရေလ၊ သူနှင့်သူ၏သား ညီပေါင်းကား တကျိပ်နှစ်ယောက်တည်း။

  6. ဒွါဒသမသူ ဟာရှဘိ၊ သူနှင့်သူ၏သား ညီပေါင်း ကား တကျိပ်နှစ်ယောက်တည်း။

  7. တကျိပ်သုံးယောက်မြောက်သောသူ ရှေဗွေလ၊ သူနှင့် သူ၏သားညီပေါင်းကား တကျိပ်နှစ်ယောက်တည်း။

  8. တကျိပ်လေးယောက်မြောက်သော သူမတ္တိသိ၊ သူနှင့်သူ၏သား ညီပေါင်းကား တကျိပ်နှစ်ယောက်တည်း။

  9. တကျိပ်ငါးယောက်မြောက်သောသူ ယေရမုတ်၊ သူနှင့် သူ၏သား ညီပေါင်းကား တကျိပ်နှစ်ယောက် တည်း။

  10. တကျိပ်ခြောက်ယောက်မြောက်သောသူဟာ နနိ၊ သူနှင့်သူ၏သား ညီပေါင်းကား တကျိပ်နှစ်ယောက် တည်း။

  11. တကျိပ်ခုနစ်ယောက်မြောက်သော သူယောရှ ဗေကရှ၊ သူနှင့် သူ၏သား ညီပေါင်းကား တကျိပ် နှစ်ယောက်တည်း။

  12. တကျိပ်ရှစ်ယောက်မြောက်သောသူ ဟာနန်၊ သူနှင့်သူ၏သား ညီပေါင်းကား တကျိပ်နှစ်ယောက်တည်း။

  13. တကျိပ်ကိုးယောက်မြောက်သောသူမလ္လောသိ၊ သူနှင့်သူ၏သား ညီပေါင်းကား တကျိပ်နှစ်ယောက်တည်း။

  14. နှစ်ကျိပ်မြောက်သောသူဧလျာသာ၊ သူနှင့်သူ၏ သားညီပေါင်းကား တကျိပ်နှစ်ယောက်တည်း။

  15. နှစ်ကျိပ်တယောက်မြောက်သောသူ ဟောသိရ၊ သူနှင့်သူ၏ သားညီပေါင်းကားတကျိပ်နှစ်ယောက်တည်း။

  16. နှစ်ကျိပ်နှစ်ယောက်မြောက်သော သူဂိဒ္ဒါလတိ၊ သူနှင့်သူ၏သား ညီပေါင်းကားတကျိပ်နှစ်ယောက်တည်း။

  17. နှစ်ကျိပ်သုံးယောက်မြောက်သောသူ မဟာဇ ယုတ်၊ သူနှင့်သူ၏ သားညီပေါင်းကား တကျိပ်နှစ်ယောက် တည်း။

  18. နှစ်ကျိပ်လေးယောက်မြောက်သောသူ ရောမန္တ ဇာ၊ သူနှင့်သူ၏ သားညီပေါင်းကား တကျိပ်နှစ်ယောက် တည်း။

  19. ထိုအခါစည်းဝေးသော ယဇ်ပုရောဟိတ်တို့သည် အလှည့်သင့်သည်အတိုင်း အမှုတော်ကို မစောင့်၊ ရှိသမျှ တို့သည် သန့်ရှင်းသည်ဖြစ်၍ သန့်ရှင်းရာဌာနထဲက ထွက်ပြီးလျှင်၊

  20. သီချင်းဆိုသော လေဝိသားအာသပ်တပည့်၊ ဟေမန်တပည့်၊ ယေဒုသုန်တပည့်အပေါင်းတို့သည် အမျိုးသားချင်းများနှင့်တကွ ပိတ်ဖြူကို ဝတ်ဆင်၍၊ ခွက်ကွင်းစောင်းတယောကို ကိုင်လျက် ယဇ်ပလ္လင်အရှေ့ ဘက်၌ ရပ်နေကြ၏။ တံပိုးမှုတ်သော ယဇ်ပုရောဟိတ် တရာနှစ်ဆယ်တို့သည်လည်း၊

  21. သီချင်းဆိုသောသူတို့နှင့်ဝိုင်းလျှင်၊ ထာဝရဘုရား ၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း၍ ထောမနာပြုခြင်းငှါ၊ တညီတညွတ်တည်း အသံပြိုင်လျက်၊ ကောင်းမြတ်တော် မူသည်။ ကရုဏာတော်အစဉ်အမြဲတည်သည်ဟု တံပိုး ခွက်ကွင်းအစရှိသောတုရိယာမျိုးနှင့်တကွ၊ အသံကိုလွှင့်၍ ထာဝရဘုရား၏ ဂုဏ်တော်ကို ချီးမွမ်းကြသောအခါ၊ ထာဝရ ဘုရား၏အိမ်တော်သည် မိုဃ်းတိမ်နှင့်ပြည့်၏။

  22. ယဇ်ပုရောဟိတ်တို့သည် မိမိတို့အမှုကို ဆောင် ရွက်ကြ၏။ လေဝိသားတို့သည် ထာဝရဘုရား၏ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ထာဝရ ဘုရား၏ ဂုဏ်တော်ကိုချီးမွမ်းစရာဘို့ ဒါဝိဒ်မင်းကြီး စီရင်သော တုရိယာမျိုးကို တီးမှုတ်လျက် ဒါဝိဒ်၏ ဆာလံ သီချင်းကို ဆိုကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်း တံပိုး မှုတ်၍ ဣသရေလအမျိုးသားအပေါင်းတို့သည် မတ်တတ်နေကြ၏။

  23. လေဝိအမျိုး၊ ကောဟတ်အနွယ်သားနှင့် ကောရ အနွယ်သားတို့သည်၊ ဣသရေလမျိုး၏ ဘုရားသခင် ထာဝရဘုရားကို၊ ကျယ်သောအသံနှင့် ချီးမွမ်းခြင်းငှါ ရပ်နေကြ၏။

  24. လူများနှင့်တိုင်ပင်ပြီးမှ၊ ထာဝရဘုရား၏ ကရုဏာတော်သည် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ် ကျေးဇူးတော်ကိုချီးမွမ်းကြလော့ဟု တပ်ရှေ့မှာ ချီသွား လျက်၊ သန့်ရှင်းခြင်းအသရေကိုချီးမွမ်းရသော သီချင်း သည်တို့ကို ထာဝရဘုရားအဘို့ ခန့်ထားတော်မူ၏။

  25. ထိုသူတို့သည် ချီးမွမ်းရာသီချင်းကို ဆိုစပြုကြ သောအခါ၊ ယုဒပြည်ကိုတိုက်အံ့သောငှါ လာသော၊ စိရ တောင်သားတို့ကို အမ္မုန်အမျိုး သား၊ မောဘအမျိုးသား တို့တဘက်၌ ထာဝရဘုရားချောင်းမြောင်းစေတော် မူသဖြင့်၊ အမ္မုန်အမျိုးသား၊ မောဘအမျိုးသားတို့သည် အထိအခိုက်ခံရသောကြောင့်၊