အကြောင်းအရာသို့ ကျော်သွားရန်

Music အကြောင်း ကျမ်းစာအခန်းငယ်များ

324 အခန်းငယ် · 57 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား သည် ကမ္ဘာအဆက်ဆက်မင်္ဂလာရှိတော်မူစေသတည်းဟု သီချင်းဆိုကြသောအခါ၊ လူများအပေါင်းတို့သည် အာမင် ဟု ဝန်ခံလျက် ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းကြ ၏။

  2. ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ရှေ့ မှာ၊ နေ့တိုင်း ဆောင်ရွက်စရာအမှုကို အစဉ်အမြဲ ဆောင် ရွက်စေခြင်းငှါ၊ အာသပ်နှင့် သူ၏ညီတို့ကို၎င်း၊

  3. ဩဗဒေဒုံနှင့် ညီခြောက်ကျိပ်ရှစ်ယောက်၊ တံခါး စောင့်ဟောသံနှင့် ယေဒုသုန်သားဩဗဒေဒုံတို့ကို၎င်း၊ သေတ္တာတော်ရှေ့မှာ ထားတော်မူ၏။

  4. မီးရှို့ရာယဇ်ပလ္လင်ပေါ်မှာ နေ့ရက်အစဉ် အတိုင်း၊ နံနက်တခါ ညဦးတခါ ထာဝရဘုရားအား မီးရှို့ ရာယဇ်တို့ကို ပူဇော်၍၊ ဣသရေလအမျိုး၌ ထာဝရ ဘုရားထားတော်မူသော ပညတ္တိကျမ်းစာ၌ပါသမျှ အတိုင်း ပြုစေခြင်းငှါ၊ ဂိဗောင်မြို့၌ မြင့်သောအရပ်ပေါ် မှာရှိသော ထာဝရဘုရား တဲတော်ရှေ့တွင်၊ ယဇ်ပုရော ဟိတ်ဇာဒုတ်နှင့် သူ၏ညီ ယဇ်ပုရောဟိတ်များကိုလည်း ထားတော်မူ၏။

  5. မီးရှို့ရာယဇ်ပလ္လင်ပေါ်မှာ နေ့ရက်အစဉ် အတိုင်း၊ နံနက်တခါ ညဦးတခါ ထာဝရဘုရားအား မီးရှို့ ရာယဇ်တို့ကို ပူဇော်၍၊ ဣသရေလအမျိုး၌ ထာဝရ ဘုရားထားတော်မူသော ပညတ္တိကျမ်းစာ၌ပါသမျှ အတိုင်း ပြုစေခြင်းငှါ၊ ဂိဗောင်မြို့၌ မြင့်သောအရပ်ပေါ် မှာရှိသော ထာဝရဘုရား တဲတော်ရှေ့တွင်၊ ယဇ်ပုရော ဟိတ်ဇာဒုတ်နှင့် သူ၏ညီ ယဇ်ပုရောဟိတ်များကိုလည်း ထားတော်မူ၏။

  6. ထာဝရဘုရား၏ကရုဏာတော်သည် အစဉ် အမြဲတည်သောကြောင့် ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း စေခြင်းငှါ၊

  7. သီချင်းသည်တို့၏အဆောင်၊ တံပိုး၊ ခွက်ကွင်း အစရှိသော ဘုရားသခင်၏ တုရိယာမျိုးကိုကိုင်သော ဟေမန်နှင့်ယေဒုသုန်အစရှိသော ရွေးကောက်၍ စာရင်း သွင်းသောသူ အခြားတို့ကိုလည်း ထားတော်မူ၏။ ယေဒု သုန်သားတို့သည်လည်း တံခါးစောင့်ဖြစ်ကြ၏။

  8. လေဝိသားတို့တွင် အသက်သုံးဆယ် လွန်၍ စာရင်းဝင်သော ယောက်ျားပေါင်းကား၊ သုံးသောင်း ရှစ်ထောင်တည်း။

  9. လေးထောင်တို့သည် တံခါးကိုစောင့်ရကြ၏။ လေးထောင်တို့သည် ဂုဏ်တော်ကို ချီးမွမ်းစရာတုရိယာ တို့နှင့် ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းရကြ၏။

  10. လေဝိသားဂေရရှုံ၊ ကောဟတ်၊ မေရာရိအမျိုး အသီးအသီးတို့ကို ဒါဝိဒ်ခွဲထား၍ တမျိုးတခြားစီ သင်းဖွဲ့ စေ၏။

  11. နောက်ဆုံးအမိန့်တော်အတိုင်း၊ အသက် နှစ်ဆယ်လွန်သော လေဝိသားတို့ကို စာရင်းယူရ၏။

  12. နံနက်တိုင်း၊ ညဦးတိုင်းရပ်လျက်၊ ကျေးဇူးတော် ကြီးလှပါ၏ဟု ဝန်ခံ၍ထာဝရဘုရား၏ ဂုဏ်တော်ကို လည်း ချီးမွမ်းရကြမည်။

  13. ထိုမှတပါးအာသပ်၊ ဟေမန်၊ ယေဒုသုန်သား တို့နှင့်အတူ ဝိုင်း၍ စောင်း၊ တယော၊ ခွက်ကွင်းကို တီးမှုတ်လျက် ကိုးကွယ်ခြင်းအမှုကို ဆောင်ရွက်စရာဘို့၊ ဒါဝိဒ်နှင့်ပရိသတ်ဗိုလ်ခြေ အကြီးအကဲတို့သည် ခွဲခန့် သော သူတို့စာရင်းဟူမူကား၊

  14. အာသပ်သား ဇက္ကုရ၊ ယောသပ်၊ နေသနိ၊ အာရှရေလတစု၊ သူတို့သည်ရှင်ဘုရင်စီရင်သည်အတိုင်း၊ အဘအာသပ်၌ တပည့်ဖြစ်၍ ကိုးကွယ်ခြင်းအမှုကို ဆောင်ရွက်ရကြ၏။

  15. ယေဒုသုန်သားဂေဒလိ၊ ဇေရိ၊ ရှိမိ၊ ယေရှာယ၊ ဟာရှဘိ၊ မတ္တိသိပေါင်းခြောက်ယောက်၊ သူတို့သည် အဘယေဒုသုန်၌ တပည့်ဖြစ်၍ ထာဝရဘုရား၏ ဂုဏ် ကျေးဇူးတော်ကို ဘော်ပြချီးမွမ်းခြင်းငှါ စောင်းတီးလျက် ကိုးကွယ်ခြင်းအမှုကို ဆောင်ရွက်ရကြ၏။

  16. ဟေမန်သားဗုက္ကိ၊ မတ္တနိ၊ ဩဇေလ၊ ရှေဗွေလ၊ ယေရိမုတ်၊ ဟာနနိ၊ ဟာနန်၊ ဧလျာသ၊ ဂိဒ္ဒါလတိ၊ ရောမန္တေဇာ၊ ယောရှဗေကရှ၊ မလ္လောသိ၊ ဟောသိရ၊ မဟာဇုတ်တည်းဟူသော၊

  17. ထိုသူအပေါင်းတို့သည် တံပိုးမှုတ်လျက် ဘုရား သခင်၏ တရားတော်ကို ဟောပြောသောရှင်ဘုရင်၏ ဆရာတော်ဟေမန်သားဖြစ်ကြ၏။ ဘုရားသခင်သည် ဟေမန်အား သားတကျိပ်လေးယောက်နှင့် သမီးသုံး ယောက်တို့ကို ပေးတော်မူ၏။

  18. ထိုသားအပေါင်းတို့သည် အာသပ်၊ ယေဒုသုန်၊ ဟေမန်တို့ကို ရှင်ဘုရင်စီရင်သည်အတိုင်း အဘဟေမန်၌ တပည့်ဖြစ်၍၊ ထာဝရအရှင် ဘုရားသခင်၏အိမ်တော်၌ ခွက်ကွင်း၊ စောင်း၊ တယောကိုတီးလျက်၊ သီချင်းဆို၍ အမှုတော်ကို ဆောင်ရွက်ရကြ၏။

  19. ထိုသူတို့နှင့်တကွ ထာဝရဘုရား၏သီချင်းကို သင်၍ လေ့ကျက်သော ညီအစ်ကိုပေါင်းတားနှစ်ရာ ရှစ်ကျိပ်ရှစ်ယောက်တည်း။

  20. ထိုသူတို့သည်အကြီးအငယ် ဆရာတပည့် ရောနှောလျက် စာရေးတံပြု၍ သင်းဖွဲ့ရာမှာ၊

  21. ပဌမသူကား၊ အာသပ်အပေါင်းအသင်းဝင်သူ ယောသပ်တည်း။ ဒုတိယသူဂေဒလိ၊ သူနှင့်သူ၏သား ညီပေါင်းကားတကျိပ်နှစ်ယောက်တည်း။

  22. တတိယသူဇက္ကုရ၊သူနှင့်သူ၏သား ညီပေါင်း ကား တကျိပ်နှစ်ယောက်တည်း။

  23. စတုတ္ထသူဣဇရိ၊သူနှင့်သူ၏သား ညီပေါင်းကား တကျိပ်နှစ်ယောက်တည်း။

  24. ပဉ္စမသူနေသနိ၊ သူနှင့်သူ၏သား ညီပေါင်းကား တကျိပ်နှစ်ယောက်တည်း။

  25. ဆဌမသူဗုက္ကိ၊ သူနှင့်သူ၏သားညီပေါင်းကား တကျိပ်နှစ်ယောက်တည်း။