အကြောင်းအရာသို့ ကျော်သွားရန်

Music အကြောင်း ကျမ်းစာအခန်းငယ်များ

324 အခန်းငယ် · 57 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဂိဗာမြို့၌ နှဲခရာကို၎င်း၊ ရာမမြို့၌ တံပိုးကို၎င်း မှုတ်ကြလော့။ ဗေသဝင်မြို့၌ ကြွေးကြော်ကြလော့။ အိုဗင်္ယာမိန်အမျိုး၊ နောက်သို့ ကြည့်ကြလော့။

  2. သင်တို့သီချင်းဆိုသံကို ပယ်ရှားကြလော့။ တယောထိုးသံကို ငါနားငြီးလှ၏။

  3. တယောထိုးသံနှင့်ပြိုင်လျက် သီချင်းဆိုခြင်း၊ တီးမှုတ်ရာတုရိယာမျိုးအသစ်ကို ဒါဝိဒ်မင်းရှာ၍ လုပ်သကဲ့သို့ လုပ်ခြင်း၊

  4. သင်တို့ပွဲခံခြင်းကို ညည်းတွားခြင်းဖြစ်စေမည်။သီချင်းဆိုခြင်းရှိသမျှကို ငိုကြွေးခြင်းဖြစ်စေမည်။ လူအပေါင်းတို့သည် လျှော်တေအဝတ်နှင့် ခါးကိုစည်းစေခြင်းငှါ၎င်း၊ ဆံပင်ကိုရိတ်စေခြင်းငှါ၎င်း ငါစီရင်မည်။ တယောက်တည်းသောသား သေသည်အတွက် မြည်တမ်းခြင်းကဲ့သို့၎င်း၊ အဆုံး၌ ခါးစွာသောနေ့ကဲ့သို့၎င်း ငါဖြစ် စေမည်။

  5. အရှင်ထာဝရဘုရားသည် ငါ၏အစွမ်းသတ္တိဖြစ် တော်မူ၏။ ငါ့ခြေကို သမင်ခြေကဲ့သို့ ဖြစ်စေ၍၊ ငါ၏မြင့် ရာ အရပ်ပေါ်မှာ ငါ့ကို နေရာချတော်မူမည်။ ပရောဖက်ဟဗက္ကုတ်စီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။

  6. သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့် အလယ်၌ရှိ၍၊ တန်ခိုးကြီးသောဘုရားသည် သင့်ကို ကယ်တင်တော်မူလိမ့်မည်။ သင်၌ အားရ၍ ဝမ်းမြောက် တော်မူလိမ့်မည်။ ချစ်ခြင်းမေတ္တာ၌ ကျိန်းဝပ်၍၊ သီချင်း ဆိုခြင်းနှင့်တကွ သင်၌ ဝမ်းမြောက်တော်မူလိမ့်မည်။

  7. အရာရှိအိမ်သို့ ရောက်တော်မူ၍ တီးမှုတ်သော သူတို့နှင့် များစွာသောလူတို့သည် အုန်းအုန်းသဲသဲ ပြု ကြသည်ကိုမြင်လျှင်၊

  8. ငါတို့သည်သာယာစွာ တီးမှုတ်သော်လည်း သင်တို့သည်မကကြ။ ညည်းတွားစွာ မြည်တမ်းသော်လည်း မငိုကြွေးကြဟု ပြောဆိုသောသူငယ်တို့နှင့် ဤလူမျိုးသည်တူလှ၏။

  9. ထိုနောက်သီချင်းဆိုပြီးမှ သံလွင်တောင်သို့ ထွက်သွားကြ၏။

  10. သားအကြီးသည် တောင်ယာကလာ၍ အိမ်အနီးသို့ရောက်သောအခါ၊ ကခြင်း၊ တီးမှုတ်ခြင်းအသံကို ကြားလျှင်၊

  11. သန်းခေါင်အချိန်၌ ပေါလုနှင့်သိလတို့သည် ပဌနာပြု၍ ဘုရားသခင်ကို ချီးမွမ်းလျက်သီခြင်း ဆိုလေ၏။ ထောင်ထဲမှာ နှောင်ဖွဲ့ခြင်း ကိုခံရသော သူတို့သည် နားထောင်ကြ၏။

  12. ငါသည် လူဘာသာစကားကို၎င်း၊ ကောင်းကင်တမန်ဘာသာစကားကို၎င်း ပြောနိုင်သော်လည်း မေတ္တာ မရှိလျှင် အသံမြည်သော တံပိုးခရာကဲ့သို့၎င်း၊ တီးသံကိုသာ ပေးတတ်သော လင်းကွင်းကဲ့သို့၎င်း ဖြစ်၏။

  13. တံပိုးခရာသည်လည်း၊ မမှန်သောအသံနှင့် မြည်လျှင်၊ အဘယ်သူသည် စစ်တိုက်ခြင်းငှါ မိမိကိုယ်ကို ပြင်ဆင်မည်နည်း။

  14. သို့ဖြစ်လျှင်၊ အဘယ်သို့ပြုရမည်နည်း။ စိတ်နှလုံးနှင့်၎င်း၊ ဉာဏ်နှင့်၎င်း၊ ဆုတောင်းရမည်။ စိတ်နှလုံး နှင့်၎င်း၊ ဉာဏ်နှင့်၎င်း သီချင်းဆိုရမည်။

  15. ဆာလံသီချင်းမှစသော ဓမ္မသီချင်း အမျိုးမျိုးတို့ကို အချင်းချင်း ပြောဆိုဘတ်ရွတ်၍၊ နူးညွတ်သော စိတ်နှလုံးနှင့် သခင်ဘုရားရှေ့တော်၌ ကျူးဧ၍သီချင်း ဆိုကြလော့။

  16. ခရစ်တော်၏ နှုတ်ကပတ်တရားသည် ပညာ အမျိုးမျိုးနှင့် သင်တို့အထဲ၌ ကြွယ်ဝစွာ တည်နေ၍ သင်တို့သည် ဆာလံသီချင်းမှစသော ဓမ္မသီချင်းအမျိုးမျိုးအားဖြင့်၊ အချင်းချင်းတို့ကို ဆုံးမသွန်သင်ခြင်း၊ သတိပေးခြင်းကိုပြု၍၊ နူးညွတ်သောစိတ်နှလုံးနှင့် ဘုရားသခင်ရှေ့တော်၌ တင့်တယ်လျောက်ပတ်စွာ သီချင်းဆိုကြလော့။

  17. သိတင်းတော်ကို အကျွန်ုပ်ညီအစ်ကိုတို့အား အကျွန်ုပ်ကြားပြောပါမည်။ ပရိသတ်အလယ်မှာ ကိုယ်တော်ကို ချီးမွမ်း၍ သီချင်းဆိုပါမည်ဟု လာသတည်း။

  18. ထိုစာစောင်ကိုခံယူသောအခါ၊ သတ္တဝါလေးပါးနှင့် အသက်ကြီးသူနှစ်ဆယ်လေးပါးတို့သည်၊ သန့်ရှင်းသူတို့၏ ပဌနာတည်းဟူသောမီးရှို့ရာ နံ့သာပေါင်းနှင့် ပြည့်သော ရွှေဖလားတို့ကို၎င်း၊ စောင်းတို့ကို၎င်း၊ အသီးသီးကိုင်၍ သိုးသငယ်ရှေ့၌ပြပ်ဝပ်လျက်၊

  19. ကိုယ်တော်သည် အသေသတ်ခြင်းကို ခံတော် မူသောအားဖြင့်၊ အသီးအသီးဘာသာစကားကို ပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှ အကျွန်ုပ်တို့ကိုယူ၍၊ အသွေးတော်နှင့် ဘုရား သခင်အဘို့ ရွေးနှုတ်တော်မူ၏။

  20. သမုဒ္ဒရာရေသံ၊ ကြီးစွာသော မိုဃ်းကြိုးသံကဲ့သို့ ကောင်းကင်က အသံကို ငါကြား၏။ ထိုသို့ ငါကြားသော အသံသည် စောင်းသမားများ စောင်းတီးသော အသံ ကဲ့သို့ဖြစ်၏။

  21. ပလ္လင်တော်ရှေ့၌၎င်း၊ သတ္တဝါလေးပါးနှင့် အသက်ကြီးသူတို့ရှေ့၌၎င်း၊ သူတို့သည် အသစ်သော သီချင်းကို ဆိုကြ၏။ မြေကြီးမှရွေးနှုတ်သောသူ တသိန်းလေးသောင်းလေးထောင်မှတပါး၊ အဘယ်သူမျှ ထို သီချင်းကို သင်၍မရနိုင်။

  22. မီးနှင့်ရောသော ဖန်ရေကန်ကဲ့သို့ရှိသည်ကိုလည်း မြင်ရ၏။ သားရဲနှင့်၎င်း၊ သူ၏ရုပ်တုနှင့်၎င်း၊ သူ၏နာမအရေအတွက်နှင့်၎င်း၊ လွတ်၍ အောင်မြင်သော သူတို့သည်၊ ဘုရားသခင်၏ စောင်းတော်တို့ကို ကိုင်လျက်၊ ဖန်ရေကန်နားမှာ ရပ်နေကြသည်ကို မြင်ရ၏။

  23. ထိုသူတို့သည် ဘုရားသခင်၏ ကျွန်မောရှေ၏ သီချင်းနှင့်သိုးသငယ်၏သီချင်းကိုသီ၍၊ အနန္တတန်ခိုး နှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်၏ အပြုအမူတို့သည် ကောင်းမြတ်၍ အံ့ဩ ဘွယ်ဖြစ်ကြပါ၏။ လူမျိုးတို့၏ဘုရင်၊ ကိုယ်တော်၏ အကျင့်ဓလေ့တို့သည် ဖြောင့်မတ်ဟုတ်မှန်ကြပါ၏။

  24. စောင်းသမား၊ အငြိမ့်သမား၊ ပုလွေသမား၊ တံပိုးသမားများ တီးမှုတ်သော အသံလည်း သင့်အထဲ၌ နောက်တဖန်မမြည်ရ။ အမျိုးမျိုးသော လက်တတ်သမား တို့တွင် တယောက်မျှ သင့်အထဲ၌ နောက်တဖန် မပေါ် မရှိရ။ ကြိတ်ဆုံသံလည်း သင့်အထဲ၌ နောက်တဖန် မမြည်ရ။