အကြောင်းအရာသို့ ကျော်သွားရန်

Music အကြောင်း ကျမ်းစာအခန်းငယ်များ: Appointed to be used in the temple

7 အခန်းငယ် · 57 ရှုထောင့်

Appointed to be used in the temple အကြောင်း အခန်းငယ်များ

  1. တဖန် ထာဝရဘုရား၏ သေတ္တာတော်ရှေ့မှာ အမှုတော်ကို ဆောင်ရွက်၍၊ ဣသရေလအမျိုး၏ ဘုရား သခင် ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို အလှည့် အတိုင်း ချီးမွမ်းစေခြင်းငှါ ခန့်ထားတော်မူသော လေဝိ သားများဟူမူကား၊

  2. ခွက်ကွင်းတီးသော အကြီးအကဲအာသပ်၊ သူ့ နောက်စောင်း တယောတီးသော ဇာခရိ၊ ယေလ၊ ရှေမိ၊ ရာမုတ်၊ ယေဟေလ၊ မတ္တိသိ၊ ဧလျာဘ၊ ဗေနာယ၊ ဩဗ ဒေဒုံ၊ ယေလတစုနှင့်၊

  3. ဘုရားသခင်၏ပဋိညာဉ်သေတ္တာတော်ရှေ့မှာ အစဉ်တံပိုးမှုတ်သော ယဇ်ပုရောဟိတ်ဗေနာယနှင့် ယဟာဇေလတည်း။

  4. လေးထောင်တို့သည် တံခါးကိုစောင့်ရကြ၏။ လေးထောင်တို့သည် ဂုဏ်တော်ကို ချီးမွမ်းစရာတုရိယာ တို့နှင့် ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းရကြ၏။

  5. လေဝိသားဂေရရှုံ၊ ကောဟတ်၊ မေရာရိအမျိုး အသီးအသီးတို့ကို ဒါဝိဒ်ခွဲထား၍ တမျိုးတခြားစီ သင်းဖွဲ့ စေ၏။

  6. ထိုမှတပါးအာသပ်၊ ဟေမန်၊ ယေဒုသုန်သား တို့နှင့်အတူ ဝိုင်း၍ စောင်း၊ တယော၊ ခွက်ကွင်းကို တီးမှုတ်လျက် ကိုးကွယ်ခြင်းအမှုကို ဆောင်ရွက်စရာဘို့၊ ဒါဝိဒ်နှင့်ပရိသတ်ဗိုလ်ခြေ အကြီးအကဲတို့သည် ခွဲခန့် သော သူတို့စာရင်းဟူမူကား၊

  7. ဒါဝိဒ်မင်းကြီးနှင့်သူ၏ပရောဖက်ဂဒ်၊ ပရော ဖက်နာသန်တို့ စီရင်သည်အတိုင်းခွက်ကွင်း၊ စောင်း၊ တယောနှင့်တီးမှုတ်သော လေဝိသားတို့ကို၊ ဗိမာန်တော်၌ ခန့်ထားတော်မူ၏။ ထိုသို့ထာဝရဘုရားသည် ပရောဖက် တို့အားဖြင့် စီရင်တော်မူသတည်း။