အကြောင်းအရာသို့ ကျော်သွားရန်

Martyrdom အကြောင်း ကျမ်းစာအခန်းငယ်များ

58 အခန်းငယ် · 20 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ငါအမှန်အကန်ဆိုသည်ကား၊ ဥင်သည်ပျိုသော အသက်ရှိစဉ်ကိုယ်ကိုကိုယ်ပတ်စည်း၍ အလိုရှိရာ အရပ်ရပ်သို့ သွားလာတတ်၏။ သင်သည် အိုသောအခါ လက်နှစ်ဘက်ကိုဆန့်ပြီးလျှင်၊ သူတပါးသည် သင့်ကို ပတ်စည်း၍ သင်အလိုမရှိရာအရပ်သို့ ယူသွားလိမ့်မည်ဟု မိန့်တော်မူ၏။

  2. တိုသို့မိန့်တော်မူသော်၊ အဘယ်သို့သောသေခြင်းအားဖြင့် ပေတရုသည် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေမည်အရိပ်ကို ပေးတော်မူ၏။ ထိုသို့ မိန့်တော်မူပြီးမှ၊ ငါ့နောက်သို့လိုက်လော့ဟု ပေတရုအား မိန့်တော်ပြန်၏။

  3. မြို့ပြင်သို့နှင့်ထုတ်ပြီးမှ ကျောက်ခဲနှင့်ပစ်ကြ၏။ သက်သေခံ တို့သည်လည်း မိမိတို့အဝတ်ကို ရှောလု အမည်ရှိသော လုလင်၏ခြေရင်း ၌ထားကြ၏။

  4. ရှောလုသည်ကား၊ သခင်ဘုရား၏ တပည့်တော် တို့တဘက်၌ ခြိမ်းချောက်၍၊ အသေသတ်ခြင်းငှါ ပြင်းစွာအသက်ရှုသဖြင့်၊

  5. ယောဟန်၏အစ်ကိုဖြစ်သော ယာကုပ်ကို ထား နှင့်ကွပ်မျက် လေ၏။

  6. ပေါလုကလည်း၊ အဘယ်ကြောင့် ငိုကြွေးလျက် ငါ့စိတ်နှလုံးကို ကြေကွဲစေလျက် ပြုကြသနည်း။ သခင်ယေရှု၏ နာမတော်ကြောင့် ယေရုရှလင်မြို့၌ ချည်နှောင်ခြင်းမက၊ အသေသတ်ခြင်းကိုပင် ခံခြင်းငှါ ငါအသင့်ရှိသည်ဟုဆို၏။

  7. ယောက်ျားမိန်းမတို့ကို ချည်နှောင်၍ ထောင်ထဲမှာ လှောင်ထားလျက် အသေသတ်ခြင်းသို့ တိုင်အောင်၊ ထိုဘာသာကိုညှဉ်းဆဲပါပြီ။

  8. ယေရုရှလင်မြို့၌ ထိုအမှုကို ပြုမိပါ၏။ ယဇ်ပုရောဟိတ်အကြီးတို့ထံ၌ အခွင့်ရပြီးလျှင်၊ သန့်ရှင်းသူ အများတို့ကို ထောင်ထဲမှာ လှောင်ထားပါ၏။ သူတို့သည် အသေသတ်ခြင်းကို ခံရသောအခါ အကျွန်ုပ်သည် ဝန်ခံပါ၏။

  9. အကယ်စင်စစ် ကိုယ်တော်အတွက် အကျွန်ုပ်တို့သည် အစဉ်မပြတ်အသေသတ်ခြင်းကို ခံရကြပါ၏။ သတ်ဘို့ရာထားသော သိုးကဲ့သို့ အကျွန်ုပ်တို့ကို သူတပါး မှတ်တတ်ကြပါ၏ဟု ကျမ်းစာလာသည်နှင့်အညီ၊ ဆင်းရဲ ငြိုငြင်ခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်း၊ မွတ်သိပ်ခြင်း၊ အဝတ်အချည်းစည်းရှိခြင်း၊ ဘေးနှင့်တွေ့ကြုံခြင်း၊ ကွပ်မျက် ခြင်းခံရသော်လည်း၊ ထိုအမှုတို့တွင် အဘယ်အမှုသည် ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်နှင့် ငါတို့ကို ကွာစေမည်နည်း။

  10. သူတပါးကို ငါကျွေးမွေး၍ ဥစ္စာရှိသမျှကို စွန့်ကြဲသည်သာမက၊ ကိုယ်ခန္ဓာကို မီးရှို့စေခြင်းငှါ အပ်သော်လည်း၊ မေတ္တာမရှိလျှင်၊ ငါ၌အကျိုးမရှိ။

  11. ကျောက်ခဲနှင့်ပစ်ခြင်း၊ လွှနှင့်အပိုင်းပိုင်း တိုက်ဖြတ်ခြင်း၊ စုံစမ်းနှောင့်ရှက်ခြင်း၊ ထားလက်နက်နှင့် ကွပ် မျက်ခြင်းခံရကြ၏။ အလွန်ဆင်းရဲလျက် ညှဉ်းဆဲနှိပ်စက်ခြင်းကိုခံလျက်၊ သိုးရေ၊ ဆိတ်ရေကို ဝတ်၍ လှည့်လည် ရကြ၏။

  12. သင်တို့သည် ဒုစရိုက်အပြစ်ကို ဆိုင်ပြိုင်တိုက်လှန်၍ ကိုယ်အသွေးထွက်သည်တိုင်အောင် မခံရကြ သေး။

  13. ကာဣနသည် မိမိညီကို အဘယ်ကြောင့် သတ်သနည်းဟူမူကား၊ မိမိအကျင့်သည် ဆိုးယုတ်၍၊ ညီ၏အကျင့်သည် ဖြောင့်မတ်သတည်း။

  14. သင်သည်ခံရမည့်အရာ တစုံတခုကိုမျှ မကြောက်နှင့်။ သင်တို့သည် စုံစမ်းခြင်းကိုခံရမည် အကြောင်း၊ မာရ်နတ်သည် သင်တို့တွင် အချို့ကို ထောင်ထဲ၌ လှောင်ထား၍၊ သင်တို့သည် ဆယ်ရက်ပတ်လုံး ဆင်းရဲဒုက္ခကိုခံရကြလိမ့်မည်။ သေသည်တိုင်အောင် သစ္စာစောင့်လော့။ သို့ဖြစ်လျှင်၊ အသက်သရဖူကို ငါပေးမည်။

  15. သင်အကျင့်ကျင့်ခြင်းကို၎င်း၊ စာတန်၏ ရာဇပလ္လင်ရှိရာ အရပ်တည်းဟူသောသင်၏နေရာအရပ် ကို၎င်း ငါသိ၏။ စာတန်၏ နေရာအရပ်၌ သင်တို့တွင် အသေသတ်ခြင်းကိုခံရသော အန္တိပသည် သစ္စာရှိ၍ ငါ့ဘက်၌သက်သေခံရသောနေ့ရက်ကာလတွင်ပင်၊ သင်သည်ငါ၏နာမကို စွဲကိုင်၏။ ငါ၏ယုံကြည်ခြင်း တရားကို မစွန့်မပယ်။

  16. ပဉ္စမတံဆိပ်ကိုဖွင့်သောအခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့်၎င်း၊ မိမိတို့ သက်သေခံ ချက်ကြောင့်၎င်း၊ အသေသတ်ခြင်းကိုခံရသောသူတို့၏ ဝိညာဉ်များကို ယဇ်ပလ္လင်အောက်၌ ငါမြင်၏။

  17. သူတို့ကလည်း၊ သန့်ရှင်းဟုတ်မှန်၍ အစိုးပိုင်တော်မူသောအရှင်၊ မြေပေါ်မှာနေသော သူတို့သည် ငါတို့အသွေးကို သွန်းကြသော အပြစ်နှင့်အလျောက် ဒဏ်မပေးဘဲ အဘယ်မျှလောက်ကာလပတ်လုံး နေ တော်မူ မည်နည်းဟုကြီးမားသော အသံနှင့် ကြွေးကြော်ကြ၏။

  18. ထိုသူတို့၌ဖြူသောဝတ်လုံကို ပေးတော်မူ၏။ သူတို့နည်းတူ အသေသတ်ခြင်းကိုခံရလတံ့သော မိမိ လုပ်ဘော်ဆောင်ဘက်ညီအစ်ကိုတို့သည် ပြည့်စုံခြင်းသို့မရောက်မှီ၊ ခဏငြိမ်သက်စွာ နေရကြဦးမည်ဟု သူတို့အားမိန့်တော်မူ၏။

  19. သူတို့သည် သက်သေခံပြီးသောအခါ၊ အနက်ဆုံးသောတွင်းထဲက တက်သော သားရဲသည် သူတို့ကို စစ်တိုက်၍ အောင်လိမ့်မည်။ အသက်ကိုသတ်ပြီးမှ၊

  20. သူတို့သခင်သည် လက်ဝါးကပ်တိုင်မှာ အသေခံတော်မူသော အရပ်တည်းဟူသော သောဒုံဟူ၍၎င်း၊ အဲဂုတ္တုဟူ၍၎င်း အတွင်းအနက်အားဖြင့် ခေါ်ဝေါ်သော မြို့ကြီး၏ လမ်း၌ အလောင်းကောင်တို့သည် နေရစ်ကြလိမ့်မည်။

  21. အသီးအသီး ဘာသာစကားကို ပြောသော လူအမျိုးအနွယ်တို့သည် သုံးရက်ခွဲပတ်လုံး အလောင်း ကောင်တို့ကို မြင်ရ၍၊ သင်္ဂြိုဟ်ခြင်းကို မြစ်တားကြလိမ့်မည်။

  22. မြေကြီးပေါ်မှာနေသော သူတို့သည် ထိုအလောင်းကောင်တို့ကို မြင်သောအခါ၊ ဝမ်းမြောက်၍ ပျော်မွေ့ခြင်းကို ပြုကြလိမ့်မည်။ တယောက်ကိုတယောက် လက်ဆောင်ပေးလိုက်ကြလိမ့်မည်။ အကြောင်းမူကား၊ အထက်က ထိုပရောဖက်နှစ်ပါးတို့သည် မြေကြီးပေါ်မှာ နေသောသူတို့ကို ပြင်းစွာ နှောင့်ရှက်ညှင်းဆဲကြသည်ဟု ငါ့အား ပြောဆိုလေ၏။

  23. ထိုနောက်သုံးရက်ခွဲလွန်ပြီးလျှင်၊ ဘုရားသခင့် အထံတော်က အသက်ဝိညာဉ်သည် သူတို့၌ဝင်သဖြင့် ၊ သူတို့သည် မတ်တက်ထ၍ မြင်သမျှသောသူတို့သည် အလွန်ကြောက်ရွံ့ကြ၏။

  24. ကောင်းကင်ကထွက်သောအသံကြီးကား၊ ဤအရပ်သို့တက်ကြလော့ဟု မိမိတို့အား ပြောဆိုသည်ကို သူတို့သည်ကြားလျှင်၊ မိုဃ်းတိမ်ဖြင့် ကောင်းကင်သို့ တက်၍ ရန်သူတို့သည် မြင်ကြ၏။

  25. သူတို့သည် သိုးသငယ်၏ အသွေးအားဖြင့်၎င်း၊ မိမိတို့သက်သေခံချက် နှုတ်ကပတ်တရားအားဖြင့်၎င်း အောင်မြင်၍၊ အသေခံသည်တိုင်အောင် ကိုယ်အသက်ကို မနှမြောကြ။