အကြောင်းအရာသို့ ကျော်သွားရန်

Lasciviousness အကြောင်း ကျမ်းစာအခန်းငယ်များ

68 အခန်းငယ် · 1 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ငါ့အရှင်သည် အိမ်မှာမရှိ။ ငွေအိတ်ကို ဆောင် လျက်ဝေးသော အရပ်သို့သွားပြီ။

  2. ပွဲနေ့ရောက်မှသာ ပြန်လာလိမ့်မည်ဟု၊

  3. ချစ်ဘွယ်သော စကားနှင့် ထိုသူကို သွေးဆောင် ၍ ချော့မော့တတ်သောနှုတ်ခမ်းနှင့်နိုင်သဖြင့်၊

  4. နွားသည်အသေခံရာသို့ လိုက်သကဲ့သို့၎င်း၊ သမင်ဒရယ်သည် မိမိအသည်း၌ မြှားမထိုးမှီတိုင်အောင်၊ ဘမ်းမိရာထဲသို့ ဝင်သကဲ့သို့၎င်း၊

  5. ငှက်သည် မိမိအသက်ဆုံးစေခြင်းငှါ ထောင် မှန်းကိုမရိပ်မိဘဲ၊ ကျော့ကွင်းထဲသို့ အလျင်အမြန် ဝင်သကဲ့သို့၎င်း၊ လူပျိုသည် ထိုမိန်းမနောက်သို့ ချက်ခြင်း လိုက်သွားတတ်၏။

  6. သို့ဖြစ်၍ ငါ့သားတို့၊ ငါ့စကားကိုနားထောင်၍ ငါဟောပြောချက်တို့ကို မှတ်ကျုံးကြလော့။

  7. ထိုသို့သော မိန်းမနေရာလမ်းကို စိတ်မငဲ့ကွက် နှင့်။ သူကျင်လည်သော လမ်းခရီးသို့ လွှဲ၍မလိုက်နှင့်။

  8. အကြောင်းမူကား၊ သူသည်စစ်သူရဲအများတို့ကို လှဲလေပြီ။ ခွန်အားကြီးသော သူအများတို့ကို သတ်လေပြီ။

  9. သူ၏အိမ်သည် သေမင်း၏ဘုံဗိမာန်သို့ဆင်း၍၊ မရဏနိုင်ငံသို့ ရောက်သောလမ်းဖြစ်၏။

  10. မိုက်သောမိန်းမသည် စကားသံကျယ်၍ ဉာဏ် တိမ်သဖြင့် အလျှင်းမသိတတ်။

  11. မိမိအိမ်တံခါးနားတွင် မြို့မြင့်ရာအရပ် အနေအထိုင်ပေါ်မှာ ထိုင်လျက်၊

  12. လမ်း၌တည့်တည့် ခရီးသွားသော သူတို့ကို ခေါ်၍၊

  13. ဉာဏ်တိမ်သော သူသည် ဤအရပ်သို့ဝင်စေ။ အိုပညာမရှိသောသူ၊

  14. ခိုးသောရေသည် ချို၏။ တိတ်ဆိတ်စွာစား သောမုန့်လည်း မြိန်သည်ဟု ဆိုတတ်၏။

  15. ထိုအရပ်၌ သင်္ချိုင်းသားရှိကြောင်း၊ ထိုမိန်းမ၏ ဧည့်သည်တို့သည် မရဏနိုင်ငံအနက်ဆုံး၌နေကြောင်း ကို ထိုယောက်ျားသည်မသိမမှတ်။

  16. ငါ့ဉာဏ်မမှီနိုင်သော အရာသုံးပါးမက၊ ငါမသိ၊ နားမလည်နိုင်သော အရာလေးပါးဟူမူကား၊

  17. လေ၌ရွှေလင်းတသွားရာလမ်းတပါး၊ ကျောက် ပေါ်မှာ မြွေသွားရာလမ်းတပါး၊ ပင်လယ်အလယ်၌ သင်္ဘောသွားရာလမ်းတပါး၊ အပျိုမနှင့် ယောက်ျားသွား ရာလမ်းတပါးတည်း။

  18. မျောက်မထားသော မိန်းမလမ်းလည်း ထိုအတူ ဖြစ်၏။ အစာစားပြီးမှ မိမိပစပ်ကိုသတ်၍၊ ဒုစရိုက်ကို ငါမပြုမိဟုဆိုတတ်၏။

  19. လူအတွင်းနှလုံးထဲက မကောင်းသော ကြံစည်ခြင်း၊ သူမယားကို ပြစ်မှားခြင်း၊ မိန်းမလွတ်နှင့် မှားယွင်း ခြင်း၊ လူအသက်ကို သတ်ခြင်း၊

  20. သူ့ဥစ္စာကို ခိုးခြင်း၊ လောဘလွန်ကျူးခြင်း၊ မနာလိုခြင်း၊ လှည့်စားခြင်း၊ ညစ်ညူးခြင်း၊ ငြူစုခြင်း၊ သူ့ အသရေကို ဖျက်ခြင်း၊ ထောင်လွှားစော်ကားခြင်း၊ လျှပ်ပေါ်ခြင်း၊

  21. ဤဆိုးညစ်သောအရာများတို့သည် အတွင်းမှထွက်လာ၍ လူကို ညစ်ညူးစေကြသည်ဟု မိန့်တော်မူ၏။

  22. ပညာရှိယောင်ဆောင်လျက်နှင့် လူမိုက်အရာ၌ တည်ကြသည် ဖြစ်၍၊

  23. မဖေါက်ပြန်မပျက်စီးနိုင်သော ဘုရားသခင်၏ ဂုဏ်တော်ကိုပယ်လျက်၊ ဖေါက်ပြန်ပျက်စီးတတ်သော လူ၏ ရုပ်တု၊ သားငှက်အစရှိသော တွားတတ်သော တိရစ္ဆာန်၏ရုပ်တုကို ဘုရားသခင်အရာ၌ ချီးမြှောက် ကြ၏။

  24. ထိုကြောင့်သူတို့သည် မိမိတို့ကိုယ်ကာယ၏ အသရေကို အချင်းချင်းရှုတ်ချမည်အကြောင်း၊ ဘုရား သခင်သည် သူတို့ကိုသူတို့၏ ကိလေသာစိတ်ညစ်ညူးခြင်း လက်သို့ အပ်လိုက်တော်မူ၏။

  25. သူတို့သည် မှန်သောဘုရားသခင့်အရာ၌ အမှားကိုထားလျက်၊ ဖန်ဆင်းတတ်သော သခင်ကိုပယ်၍ ဖန်ဆင်းအပ်သောအရာကို ဝတ်ပြုကိုးကွယ်သောသူ ဖြစ်ကြ၏။ ထိုသခင်သည် ထာဝရမင်္ဂလာ ရှိတော်မူ၏။ အာမင်။